Sunday, March 16, 2014

ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသခံများ၏ တောင်းဆိုချက်များအား လျစ်လျူရှု၍ မဆုံးဖြတ်ရန် ရခိုင်အမျိုးသားကွန်ရက် တောင်းဆို

ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်တို့အား လျစ်လျူရှု၍ ဆုံးဖြတ်သည်တို့ကို ရှောင်ရှားရန် အထူးလို အပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်က မတ် ၁၅ ရက်က ပြုလုပ်သည့် နှစ်နှစ်ပြည့်အခမ်းအနား သဘော ထားကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။

“ပြည်သူကို ဗဟိုပြုပြီး ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ခဲ့တာမျိုးတွေ မရှိဘူး။ ဒီအချက်တွေကို လုပ် ကိုင်ဆော င် ရွက်ဖို့ အများကြီး လိုအပ်တယ်”ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြော ကြား သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအနေဖြင့် ဒီမိုကရေစီအစိုးရတစ်ရပ်ဆီသို့ အသွင်ကူးပြောင်းမှုများ လုပ်ဆော င်နေ ပါသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအနေဖြင့် အဘက်ဘက်တွင် ပြုပြ င်ပြောင်းလဲ မှုများ ရှိနေသည်ဟု ယူဆရလောက်အောင် ထူးခြားသည့် အပြောင်းအလဲဟူ၍ မတွေ့ရှိ ရကြောင်း လည် ကြေညာချက် တွင် ထောက်ပြထားသည်။

ယင်းထောက်ပြမှုအပေါ် ဦးတင်ထူးအောင်က “ အခုထိ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေအနေတစ်ရပ်အထိ တိုးတက်အောင် လုပ်ကိုင်နေတာ မတွေ့ရဘူး။ ဒုက္ခသည် ပြဿနာ၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်က ၀င်လာတဲ့ ရခိုင်မျိုးနွယ်စုတွေ ရှိတယ်။ အဲလိုပြဿနာတွေကိုလည်း မဖြေရှင်းနိုင်သေးဘူး။ နောက်ထပ် တရားဥပဒေ စိုးမိုးမှုကိုလည်း မဖြေရှင်းနိုင်ဘူး။ ဒါက လက်ရှိအစိုးရကို ထောက်ပြတာဖြစ်သလို ပြည်သူလူထုလည်း သိစေချင်လို့ပါ” ဟု ပြောကြားသည်။

ပဋိပက္ခများဖြစ်ပွားရခြင်း အကြောင်းရင်းများအပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် သိရှိထားပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း နှင့် ဘင်္ဂါလီပြဿနာများကို ဖြေရှင်းရန် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို အလေးထားသော စီမံကိန်းတစ်ရပ်ကို ချမှတ်ကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ အမြန်ဆုံးစစ်ဆေး အရေးယူပေးပါရန်လည်း ရခိုင်အမျိုးသားကွန်ရက်က တောင်းဆိုထားသည်။

ရခိုင်အမျိုးသားကွန်ရက်အနေဖြင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီအကြမ်းဖက်သမားများက ရခိုင်ပြည်သူလူထု အား ထပ်မံဒုက္ခမပေးနိုင်အောင် ကာကွယ်သွားရန်၊ ၎င်းတို့၏ နိုင်ငံသားဖြစ်လိုမှု မူဝါဒအပေါ်တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးမှ တိုင်းပြည်အန္တရာယ်အဖြစ် သိမြင်နားလည်ပြီး စုပေါင်းကာကွယ်နိုင်အောင် လုပ်ဆောင်သွားရန်၊ အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံရေးဘ၀တို့ကို ဖျက်ဆီးမရနိုင်ရန်အတွက် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင် သွားရန်ဟူသော မဟာဗျူဟာများ ချမှတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။        

Eleven Media Group

No comments:

Post a Comment