Saturday, March 22, 2014

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအနက် အမြတ်၊ အရှုံးဖြစ်နေသည့်အတွက် အမြတ်ရရှိသည့် စီးပွားရေး အဖွဲ့အစည်းများ အမှန်တကယ် အမြတ်ရရှိခြင်း ဟုတ်၊ မဟုတ် စိစစ်ရန်လိုကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အကြံပြု

Photo: နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအနက် အမြတ်၊ အရှုံးဖြစ်နေသည့် အတွက် အမြတ်ရရှိသည့် စီးပွားရေး အဖွဲ့အစည်းများ အမှန်တကယ် အမြတ်ရရှိခြင်း ဟုတ်၊ မဟုတ် စိစစ်ရန်လိုကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အကြံပြု
Saturday, March 22, 2014

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအနက် အမြတ်ရရှိသည့် အဖွဲ့အစည်း၊ အရှုံး ပေါ်နေသည့် အဖွဲ့အစည်းဟူ၍ ဖြစ်ပေါ်နေသည့်အတွက် အမြတ်ရရှိသည့် စီးပွားရေး အဖွဲ့အစည်းများ အမှန်တကယ် အမြတ်ရရှိ ခြင်း ဟုတ်မဟုတ် ပြန်လည်စိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မတ် ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့်၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအား စိစစ်ရာတွင် တွေ့ရှိချက်များကို အစီရင်ခံ တင်ပြခဲ့ခြင်းဖြစ်သည်။

ကော်မတီက စီးပွားရေး အဖွဲ့အစည်းများကို လုပ်ငန်းလုပ်ပိုင်ခွင့်အရဖြစ်စေ၊ ဖွဲ့စည်းမှုပုံစံအရဖြစ်စေ၊ ဘဏ္ဍာငွေကြေးအရဖြစ်စေ၊ လွတ်လပ်ခွင့်ပေး၍ လက်တွေ့ကျကျ စီးပွားရေးဆန်ဆန် လုပ်ကိုင်စေရန် အလေးပေး ဆောင်ရွက်သင့်ကြောင်း၊ ဘတ်ဂျက်စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုတည်းဖြင့် ဘဏ်ချေးငွေများပေး၍ ဆောင်ရွက်စေခြင်းသည် စာရင်းဇယားပြရာတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အတွက် အကျိုးအမြတ် ရှိနိုင် မရှိနိုင် လက်တွေ့ကျကျ သုံးသပ်ဆောင်ရွက်သင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ပြည်ထောင်စုအဆင့်၌ ပိုငွေလိုငွေ အခြေအနေကို အသေးစိတ်လေ့လာ စိစစ်နိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးကို ယခင်နှစ်များကဲ့သို့ တင်ပြခြင်းမပြုထားဘဲ ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်တွင်သာ ရှင်းလင်းထားမှုအရ သိရကြောင်း ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်တွင် ပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏လိုငွေမှာ ကျပ်သန်း ၁၄၄၇၂၅၄ ဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ကျပ် ၁၄၂၁၇၃၇ သန်း၊ ချေးငွေအဖြစ် ကျပ် ၂၅၅၁၇ သန်း ခွင့်ပြုရန် လျာထားကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အဆင့်များ၏ ပိုငွေလိုငွေခန့်မှန်းခြေတွင် စုစုပေါင်းလိုငွေ ကျပ် ၂၇၅၃ ဒသမ ၀၀၉ ဘီလျံ ဖြစ်ပေါ်ခဲ့ကြောင်း၊ လူမှုဖူလုံရေး အဖွဲ့ပိုငွေကျပ် ၉ ဒသမ ၇၅၅ ဘီလျံ၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများက ပိုငွေကျပ် ၆၉၃ ဒသမ ၅၉၂ ဘီလျံ ပိုငွေပြလျက်ရှိကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြောကြားသည်။

လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာ အလုပ်သမားနှင့် အလုပ်ရှင်များ၏ အချိုးကျ ထည့်ဝင်ငွေများ ပါဝင်သည့် သီးခြားရန်ပုံငွေဖြင့် ရပ်တည်လျက်ရှိကြောင်း၊ လွတ်လပ်မှုရှိသည့် အဖွဲ့အစည်း တစ်ခုအဖြစ် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအသစ်အရ ပုံဖော်ပြီးဖြစ်ကြောင်း၊ ထို့အတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းတွင် လူမှုဖူလုံရေး ရန်ပုံငွေကို ရောထွေးပြရန် သင့်မသင့် စိစစ်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

အလားတူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့်၂၀၁၄ ခု နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပညာရေးနှင့် ကျန်းမာရေးများတွင် အသုံးစရိတ် တိုးလာသည်ကို တွေ့ရကြောင်း၊ ပညာရေး အသုံးစရိတ်သည် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၉၀၈ ဘီလျံသာ ရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၁၁၄၂ ဘီလျံကျော် ရှိလာကြောင်း၊ ကျန်းမာရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၂ ဘီလျံကျော်အထိ တိုးတက်လျာထား လာသည်ကို တွေ့ရကြောင်း၊ ထို့အပြင် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ယခုဘဏ္ဍာရေးတွင် ၄၄၃ ဘီလျံကျော် လျာထားသဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် လေးဆခန့်ပိုမို လျာထားသည်ကို တွေ့ရကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအပြင် ၂၀၁၄ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းသည် ပြည်ထောင်စု၏ ထောက်ပံ့ငွေ ၁၇၁၅၄၃၀ ဒသမ ၂၈၂ ကျပ်သန်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထောက်ပံ့ငွေများနှင့် ရောထွေးဖော်ပြထားကြောင်း၊ ထို့သို့ရောထွေး ထားခြင်းကြောင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအား သီးခြားခေါင်းစဉ် တစ်ရပ်ဖြင့် ဖော်ပြသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

Eleven Media Group

ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဦးစိုးမြင့်က အစီရင်ခံစာကို လွှတ်တော်၌ ဖတ်ကြားစဉ်
ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဦးစိုးမြင့်က အစီရင်ခံစာကို လွှတ်တော်၌ ဖတ်ကြားစဉ်
နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအနက် အမြတ်ရရှိသည့် အဖွဲ့အစည်း၊ အရှုံး ပေါ်နေ သည့် အဖွဲ့အစည်းဟူ၍ ဖြစ်ပေါ်နေသည့်အတွက် အမြတ်ရရှိသည့် စီးပွားရေး အဖွဲ့အစည်းများ အမှန် တကယ် အမြတ်ရရှိ ခြင်း ဟုတ်မဟုတ် ပြန်လည်စိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မတ် ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေ စာရင်းနှင့်၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအား စိစစ်ရာ တွင် တွေ့ရှိချက်များကို အစီရင်ခံ တင်ပြခဲ့ခြင်းဖြစ်သည်။

ကော်မတီက စီးပွားရေး အဖွဲ့အစည်းများကို လုပ်ငန်းလုပ်ပိုင်ခွင့်အရဖြစ်စေ၊ ဖွဲ့စည်းမှုပုံစံ အရဖြစ်စေ၊ ဘဏ္ဍာငွေကြေးအရဖြစ်စေ၊ လွတ်လပ်ခွင့်ပေး၍ လက်တွေ့ကျကျ စီးပွားရေး ဆန်ဆန် လုပ်ကိုင်စေရန် အလေးပေး ဆောင်ရွက်သင့်ကြောင်း၊ ဘတ်ဂျက်စီမံခန့်ခွဲမှု နည်း လမ်းတစ်ခုတည်းဖြင့် ဘဏ်ချေးငွေများပေး၍ ဆောင်ရွက်စေခြင်းသည် စာရင်းဇယားပြရာတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အတွက် အကျိုးအမြတ် ရှိနိုင် မရှိနိုင် လက်တွေ့ကျကျ သုံးသပ်ဆောင်ရွက်သင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ပြည်ထောင်စု အဆင့်၌ ပိုငွေလိုငွေ အခြေအနေကို အသေးစိတ်လေ့လာ စိစစ်နိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးကို ယခင်နှစ်များကဲ့သို့ တင်ပြခြင်းမပြုထားဘဲ ဘဏ္ဍာရေးကော် မရှင်၏ ထောက်ခံချက်တွင်သာ ရှင်းလင်းထားမှုအရ သိရကြောင်း ဥပဒေကြမ်းကော်မတီ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်တွင် ပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေမှာ ကျပ်သန်း ၁၄၄၇၂၅၄ ဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ကျပ် ၁၄၂၁၇၃၇ သန်း၊ ချေးငွေအဖြစ် ကျပ် ၂၅၅၁၇ သန်း ခွင့်ပြုရန် လျာထားကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အဆင့်များ၏ ပိုငွေလိုငွေခန့်မှန်းခြေတွင် စုစုပေါင်း လိုငွေ ကျပ် ၂၇၅၃ ဒသမ ၀၀၉ ဘီလျံ ဖြစ်ပေါ်ခဲ့ကြောင်း၊ လူမှုဖူလုံရေး အဖွဲ့ပိုငွေကျပ် ၉ ဒသမ ၇၅၅ ဘီလျံ၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများက ပိုငွေကျပ် ၆၉၃ ဒသမ ၅၉၂ ဘီလျံ ပိုငွေပြလျက်ရှိကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြောကြားသည်။

လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာ အလုပ်သမားနှင့် အလုပ်ရှင်များ၏ အချိုးကျ ထည့်ဝင်ငွေ များ ပါဝင်သည့် သီးခြားရန်ပုံငွေဖြင့် ရပ်တည်လျက်ရှိကြောင်း၊ လွတ်လပ်မှုရှိသည့် အဖွဲ့အစည်း တစ်ခုအဖြစ် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအသစ်အရ ပုံဖော်ပြီးဖြစ်ကြောင်း၊ ထို့အတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းတွင် လူမှုဖူလုံရေး ရန်ပုံငွေကို ရောထွေးပြရန် သင့်မသင့် စိစစ်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

အလားတူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့်၂၀၁၄ ခု နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပညာရေးနှင့် ကျန်းမာရေး များတွင် အသုံးစရိတ် တိုးလာသည်ကို တွေ့ရကြောင်း၊ ပညာရေး အသုံးစရိတ်သည် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၉၀၈ ဘီလျံသာ ရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၁၁၄၂ ဘီလျံကျော် ရှိလာကြောင်း၊ ကျန်းမာရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၂ ဘီလျံကျော်အထိ တိုးတက်လျာထား လာသည်ကို တွေ့ရကြောင်း၊ ထို့အပြင် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ယခုဘဏ္ဍာရေးတွင် ၄၄၃ ဘီလျံကျော် လျာထားသဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် လေးဆခန့်ပိုမို လျာထားသည်ကို တွေ့ရကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအပြင် ၂၀၁၄ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းသည် ပြည်ထောင်စု၏ ထောက်ပံ့ငွေ ၁၇၁၅၄၃၀ ဒသမ ၂၈၂ ကျပ်သန်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထောက်ပံ့ငွေများနှင့် ရောထွေးဖော်ပြထားကြောင်း၊ ထို့သို့ရောထွေး ထားခြင်းကြောင့် ပြည်ထောင်စု လွှတ်တော် ဆိုင် ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း ၊ ထို့အတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအား သီးခြားခေါင်း စဉ် တစ်ရပ်ဖြင့် ဖော်ပြသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

Eleven Media Group

No comments:

Post a Comment