Thursday, March 13, 2014

အစိုးရဘက်ကတော့ အသရေဖျက်မှုလိုဟာမျိုးနဲ့တရားစွဲတာမျိုး မရှိပါဘူးဟု ဦးရဲထွဋ်ပြော

Photo: အစိုးရဘက်ကတော့ အသရေဖျက်မှုလိုဟာမျိုးနဲ့တရားစွဲတာမျိုး
မရှိပါဘူးဟု ဦးရဲထွဋ်ပြော
Thursday, March 13, 2014

မီဒီယာများမှာ ကြုံတွေ့နေရသည့် ကိစ္စတချို့မှာ သတင်းစာကျင့်ဝတ် နားမလည်၍ ဖောက်ဖျက်မိသဖြင့် အဖမ်းခံရခြင်း၊ တရားစွဲခံရခြင်းများ
အပေါ်မှာ စာပေစိစစ်ရေးမှ ဖြေလျှော့စေသောအပိုင်းများ ရှိသော်လည်း မီဒီယာများမှစိုးတထိတ်ထိတ်နှင့် လုပ်ကိုင်နေရသည့် အပေါ်ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းဖြစ်ခဲ့ပါသည်။

''ပထမဆုံး လိုအပ်ချက်ကတော့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျင့်ဝတ်
အဆင့်အတန်းအားလုံး မြင့်မားအောင် စာနယ်ဇင်းအချင်းချင်း အပြန်အလှန်သင် ကြား ပေးရမှာပါ။

သူများနိုင်ငံတွေကို သွားရောက်လေ့လာတဲ့အခါ တိုင်ကြားမှုဖြေရှင်းတဲ့စနစ် Complaint Mechanism ကောင်းတယ်။ အဲဒီနိုင်ငံတွေမှာ ကျင့်ဝတ်နဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ရဲ့ ၈ဝ ရာခိုင်နှုန်းက တရားရုံး မရောက် ဘူး။ စာနယ်ဇင်းကောင်စီရဲ့ ဖြေရှင်းမှု နဲ့ပဲ ပြီးသွားတာများတယ်။ ဒီကနေ စာနယ်ဇင်းကောင်စီမှာ အဲဒီစနစ်ရှိတယ်လို့ သူတို့ကပြောတယ်။ ဒါပေမဲ့ ပွင့်လင်းမြင် သာမှုမရှိဘူး။ ဒီကနေ့ထိ စာနယ်ဇင်း ကောင်စီမှာ ကျင့်ဝတ်ဖောက်ဖျက်မှုတွေအတွက် တိုင်ကြားမှု ဘယ်နှခုရှိလဲဆို တာမျိုး ထုတ်ပြန်ကြေညာတာမျိုးမရှိ သေးဘူး။

သူများနိုင်ငံတွေမှာကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ထုတ် ပြန် ကြေညာတယ်။ ဒါက ကျင့်ဝတ်နဲ့ မညီ တဲ့အတွက် စာနယ်ဇင်းက တောင်း
ပန်သင့်တယ်။ ဒါက ကျင့်ဝတ်နဲ့ညီတဲ့အတွက် စာနယ်ဇင်းဘက်က မှန်တယ်ဆိုတာမျိုးကို လူသိရှင်ကြား သတင်းထုတ်ပြန်ပေးတယ်။
ကျွန်တော်တို့ဆီမှာက အဲဒီလို ကြေညာချက်မျိုးမရှိတဲ့အတွက် လူတွေကစာနယ်ဇင်းကောင်စီကိုသွားရင် သူတို့ကို အကာအကွယ်ပေးမလား၊ မပေးဘူးလားဆိုတာ သံသယရှိတဲ့အတွက် တရားရုံးကို တိုက်ရိုက်သွားနေ
ကြတာပါ။ အဲဒီစနစ်လေး ခိုင်ခိုင်မာမာဖြစ်လာရင် ပိုကောင်းလာမယ်။

ဒါကစာနယ်ဇင်းကောင်စီကို ဥပဒေနဲ့အညီဖွဲ့ သည်ဖြစ်စေ၊ မဖွဲ့
သည်ဖြစ်စေ ဥရောပ နိုင်ငံတွေသွားတဲ့အခါ စာနယ်ဇင်းကောင် စီတွေက အစိုးရတို့၊ လွှတ်တော်တို့ရဲ့ ဥပဒေတွေနဲ့ဖွဲ့တာမျိုးမဟုတ်ဘူး။ ကိုယ့် အချင်းချင်းကပဲ စာနယ်ဇင်းကောင်စီ ရှိသင့်တယ်ဆိုပြီး ဖွဲ့စည်းကြတယ်။

သူ့ ရဲ့ဆုံးဖြတ်ချက်တွေကို မလိုက်နာဘူး ဆိုရင် လူသိရှင်ကြားသတင်း ထုတ်ပြန် တယ်။ ဘာလို့လဲဆိုရင် ကျင့်ဝတ်ရဲ့ အ မှားအမှန်တွေကို ပြည် သူတွေ သိအောင် ပညာရေးအနေနဲ့ သတင်းထုတ်ပြန် တယ်။ ဒီမှာက အဲဒီလိုမျိုး မရှိတဲ့အတွက် စာဖတ်ပရိသတ်ကလည်း ဘယ်လို ရေးသား
မှုမျိုးက မှန်တယ်၊ မှားတယ်ဆိုတာ မျိုးမသိဘူး။ ဘယ်ဟာမျိုးက မှားတယ် ဆိုတာမျိုးကို စာနယ်ဇင်းကောင်စီက ပြောမှသိရင် အဲဒီလိုမျိုးရေးတဲ့
သူကို ပရိသတ်က တန်ဖိုးမထားတော့သလို မဖတ်တော့ဘူး။ ဒါမျိုးဆိုရင်
ပွဲဆူ အောင်လုပ်တဲ့ဟာ မျိုးတွေ ပျောက်သွား နိုင်တယ်။

ဒါမျိုးကို ကျွန်တော်တို့က မြန် မြန်လေးပေါ်ပေါက်စေချင်တယ်။ အစိုး ရဘက်ကတော့ အသရေဖျက်မှု လိုဟာ မျိုးနဲ့ တရားစွဲတာမျိုးမရှိပါဘူး။ တချို့ ရေးသားချက်တွေက သမ္မတကြီး အပါ အဝင် နိုင်ငံတော်အကြီးအကဲ တာဝန်ရှိ တဲ့သူတွေအပေါ် အသရေပျက်ရာရောက် တဲ့ ရေးသား မှုတွေတောင် ထိန်းသိမ်းပါ တယ်'' လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ရှင်းပြသည်။ ထို့နောက် စာနယ်ဇင်းကောင်စီ၏ အရေးပါပုံကိုလည်း..

''သူတို့ရဲ့အခန်းကဏ္ဍက တအားအရေးပါတယ်။ စာနယ်ဇင်းကောင်စီက ကျင့်ဝတ်နဲ့ပတ်သက်လာရင် ထောက်ပြနေရမယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို စာနယ်ဇင်းတွေက လိုက်နာချင်မှ လိုက် နာလိမ့်မယ်။ သူက ရဲရဲတင်းတင်းပြော ရင် စာဖတ်ပရိသတ်က သိသွားမယ် လေ။ တဖြည်းဖြည်းနဲ့ ရွေးချယ်သွားလိမ့် မယ်။ အခုဟာက ဘယ်သူမှပြောမယ့် သူမရှိတော့
ဘာဖြစ်လဲဆိုရင် ကျင့်ဝတ် နဲ့မညီတာတွေကို ဖတ်လို့ကောင်းတယ် ဆိုပြီး ဖတ်နေကြတဲ့သူတွေ ရှိနေတယ်။ ဒါကြောင့် ကျင့်ဝတ် အဆင့်အတန်းကို တက်အောင်လုပ်ရသလို တစ်ဖက်က လည်း ထောက်ပြနေရမယ်။

အစိုးရမှား ရင်လည်း ထောက်ပြနိုင်ရမယ်၊ ကိုယ့် အချင်းချင်းမှားနေရင်လည်း ထောက်ပြ နိုင်ရမယ်။ အစိုးရအနေနဲ့ မှန်တယ်၊ မှားတယ်ပြောရင် ပြည်သူက ဘယ်လို ထင်မလဲ၊ အစိုးရက ထိန်းကျောင်းချင် လို့၊ သွယ်ဝိုက်ချင်လို့ အထင်မှားနိုင်တယ် လေ။ ဒီလိုမျိုး ကိုယ့်အချင်းချင်း ပြန် ထိန်းကျောင်း
မှလည်း ကျင့်ဝတ်နဲ့မညီတာတွေ သူ့ဘာသာသူ ပျောက်သွားနိုင်တယ်'' ဟု ဆက်လက်ရှင်းပြခဲ့သည်။

Popular Myanmar News Journal
မီဒီယာများမှာ ကြုံတွေ့နေရသည့် ကိစ္စတချို့မှာ သတင်းစာကျင့်ဝတ် နားမလည်၍ ဖောက်ဖျက်မိသဖြင့် အဖမ်းခံရခြင်း၊ တရားစွဲခံရခြင်းများ အပေါ်မှာ စာပေစိစစ်ရေးမှ ဖြေလျှော့စေသောအပိုင်းများ ရှိသော်လည်း မီဒီယာများမှစိုးတထိတ်ထိတ်နှင့် လုပ်ကိုင်နေရသည့် အပေါ်ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းဖြစ်ခဲ့ပါသည်။

''ပထမဆုံး လိုအပ်ချက်ကတော့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျင့်ဝတ် အဆင့်အတန်းအားလုံး မြင့်မားအောင် စာနယ်ဇင်းအချင်းချင်း အပြန်အလှန်သင် ကြား ပေးရမှာပါ။

သူများနိုင်ငံတွေကို သွားရောက်လေ့လာတဲ့အခါ တိုင်ကြားမှုဖြေရှင်းတဲ့စနစ် Complaint Mechanism ကောင်းတယ်။ အဲဒီနိုင်ငံတွေမှာ ကျင့်ဝတ်နဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ရဲ့ ၈ဝ ရာခိုင်နှုန်းက တရားရုံး မရောက် ဘူး။ စာနယ်ဇင်းကောင်စီရဲ့ ဖြေရှင်းမှု နဲ့ပဲ ပြီးသွားတာများတယ်။ ဒီကနေ စာနယ်ဇင်းကောင်စီမှာ အဲဒီစနစ်ရှိတယ်လို့ သူတို့ကပြောတယ်။ ဒါပေမဲ့ ပွင့်လင်းမြင် သာမှုမရှိဘူး။ ဒီကနေ့ထိ စာနယ်ဇင်း ကောင်စီမှာ ကျင့်ဝတ်ဖောက်ဖျက်မှုတွေအတွက် တိုင်ကြားမှု ဘယ်နှခုရှိလဲဆို တာမျိုး ထုတ်ပြန်ကြေညာ တာမျိုး မရှိ သေးဘူး။

သူများနိုင်ငံတွေမှာကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ထုတ် ပြန် ကြေညာတယ်။ ဒါက ကျင့်ဝတ်နဲ့ မညီ တဲ့အတွက် စာနယ်ဇင်းက တောင်းပန်သင့်တယ်။ ဒါက ကျင့်ဝတ်နဲ့ညီတဲ့အတွက် စာနယ်ဇင်းဘက်က မှန်တယ်ဆိုတာမျိုးကို လူသိရှင်ကြား သတင်းထုတ်ပြန်ပေးတယ်။ ကျွန်တော်တို့ဆီမှာက အဲဒီလို ကြေညာချက်မျိုးမရှိတဲ့အတွက် လူတွေကစာနယ်ဇင်းကောင်စီကိုသွားရင် သူတို့ကို အကာအကွယ်ပေးမလား၊ မပေးဘူးလားဆိုတာ သံသယရှိတဲ့အတွက် တရားရုံးကို တိုက်ရိုက်သွားနေကြတာပါ။ အဲဒီစနစ်လေး ခိုင်ခိုင် မာမာဖြစ်လာရင် ပိုကောင်းလာမယ်။

ဒါကစာနယ်ဇင်းကောင်စီကို ဥပဒေနဲ့အညီဖွဲ့ သည်ဖြစ်စေ၊ မဖွဲ့သည်ဖြစ်စေ ဥရောပ နိုင်ငံတွေသွားတဲ့အခါ စာနယ်ဇင်းကောင် စီတွေက အစိုးရတို့၊ လွှတ်တော်တို့ရဲ့ ဥပဒေတွေနဲ့ဖွဲ့တာမျိုးမဟုတ်ဘူး။ ကိုယ့် အချင်းချင်းကပဲ စာနယ်ဇင်းကောင်စီ ရှိသင့်တယ်ဆိုပြီး ဖွဲ့စည်းကြတယ်။

သူ့ ရဲ့ဆုံးဖြတ်ချက်တွေကို မလိုက်နာဘူး ဆိုရင် လူသိရှင်ကြားသတင်း ထုတ်ပြန် တယ်။ ဘာလို့လဲဆိုရင် ကျင့်ဝတ်ရဲ့ အ မှားအမှန်တွေကို ပြည် သူတွေ သိအောင် ပညာရေးအနေနဲ့ သတင်းထုတ်ပြန် တယ်။ ဒီမှာက အဲဒီလိုမျိုး မရှိတဲ့အတွက် စာဖတ်ပရိသတ်ကလည်း ဘယ်လို ရေးသားမှုမျိုးက မှန်တယ်၊ မှားတယ်ဆိုတာ မျိုးမသိဘူး။ ဘယ်ဟာမျိုးက မှားတယ် ဆိုတာမျိုးကို စာနယ်ဇင်းကောင်စီက ပြောမှသိရင် အဲဒီလိုမျိုးရေးတဲ့
သူကို ပရိသတ်က တန်ဖိုးမထားတော့သလို မဖတ်တော့ဘူး။ ဒါမျိုးဆိုရင် ပွဲဆူ အောင်လုပ်တဲ့ဟာ မျိုးတွေ ပျောက်သွား နိုင်တယ်။

ဒါမျိုးကို ကျွန်တော်တို့က မြန် မြန်လေးပေါ်ပေါက်စေချင်တယ်။ အစိုး ရဘက်ကတော့ အသရေဖျက်မှု လိုဟာ မျိုးနဲ့ တရားစွဲတာမျိုးမရှိပါဘူး။ တချို့ ရေးသားချက်တွေက သမ္မတကြီး အပါ အဝင် နိုင်ငံတော်အကြီးအကဲ တာဝန်ရှိ တဲ့သူတွေအပေါ် အသရေပျက်ရာရောက် တဲ့ ရေးသား မှုတွေတောင် ထိန်းသိမ်းပါ တယ်'' လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ရှင်းပြသည်။ ထို့နောက် စာနယ်ဇင်းကောင်စီ၏ အရေးပါပုံကိုလည်း..

''သူတို့ရဲ့အခန်းကဏ္ဍက တအားအရေးပါတယ်။ စာနယ်ဇင်းကောင်စီက ကျင့်ဝတ်နဲ့ပတ်သက်လာရင် ထောက်ပြနေရမယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို စာနယ်ဇင်းတွေက လိုက်နာချင်မှ လိုက် နာလိမ့်မယ်။ သူက ရဲရဲတင်းတင်းပြော ရင် စာဖတ်ပရိသတ်က သိသွားမယ် လေ။ တဖြည်းဖြည်းနဲ့ ရွေးချယ်သွားလိမ့် မယ်။ အခုဟာက ဘယ်သူမှပြောမယ့် သူမရှိတော့ဘာဖြစ်လဲဆိုရင် ကျင့်ဝတ် နဲ့မညီတာတွေကို ဖတ်လို့ကောင်း တယ် ဆိုပြီး ဖတ်နေကြတဲ့သူတွေ ရှိနေတယ်။ ဒါကြောင့် ကျင့်ဝတ် အဆင့်အတန်းကို တက်အောင် လုပ်ရ သလို တစ်ဖက်က လည်း ထောက်ပြနေရမယ်။

အစိုးရမှား ရင်လည်း ထောက်ပြနိုင်ရမယ်၊ ကိုယ့် အချင်းချင်းမှားနေရင်လည်း ထောက်ပြ နိုင်ရမယ်။ အစိုးရ အနေနဲ့ မှန်တယ်၊ မှားတယ်ပြောရင် ပြည်သူက ဘယ်လို ထင်မလဲ၊ အစိုးရက ထိန်းကျောင်းချင်လို့၊ သွယ်ဝိုက်ချင်လို့ အထင်မှားနိုင်တယ် လေ။ ဒီလိုမျိုး ကိုယ့်အချင်းချင်း ပြန် ထိန်းကျောင်းမှလည်း ကျင့်ဝတ်နဲ့ မညီတာတွေ သူ့ဘာသာသူ ပျောက်သွားနိုင်တယ်'' ဟု ဆက်လက်ရှင်းပြခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment