Wednesday, March 19, 2014

ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် သတိပေးချက်ထုတ်ပြန်ကြေညာ


တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် မတ် ၁၉ ရက်မှ ၂၇ ရက် အတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများကို ကိုကိုး ကျွန်းအရှေ့ရေပြင်တွင် လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၀၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၆ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒီဂရီ ၄၇ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ
၄၇မိနစ်နှင့် Point D မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒီဂရီ ၀၆ မိနစ်စသည့် Coordinates အမှတ်များကို ဆက်ဆွဲထားသည့်ဧရိယာကို သတ်မှတ် ထားသည်။

လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါ ဧရိယာမှ ၅ မိုင်ပတ်လည်ကို သင်္ဘော ကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန် များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန် နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် ရေကြောင်း သတိပေးချက်နှင့်လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာ ထားရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment