မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် မူဝါဒပိုင်းအား ဖွင့်ပေး ခဲ့သော်လည်း လက်ရှိအသက်ဝင်နေဆဲ ဥပဒေအချို့နှင့် ကိုက်ညီမှုမရှိသည့်အတွက် အတား အဆီးဖြစ်နေကြောင်းနှင့် ထို့အတွက် Legal Fra-mework ပိုင်းဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရန် လို အပ်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသောသတင်းများအရ သိရသည်။
မြန်မာနိုင်ငံ၏ legal system နှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်မှုရှိနေသည်ဆိုသော သတင်း စကားများအပေါ် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် “မြန်မာနိုင်ငံရဲ့ legal framework နဲ့ပတ်သက်ပြီး မကြာခဏ ကျွန်တော်တို့ကို မေးကြတာရှိပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ rules and regulations တွေအပေါ်မှာ မေးကြတာပါ။ တကယ်တော့ မြန်မာနိုင်ငံက အလားအလာကောင်းတဲ့ ဈေးကွက်တစ်ခုပါ။ ရင်းနှီးမြှုပ်နှံသူတွေအတွက် နံပါတ်တစ်အနေနဲ့ legal transparency ပိုင်းကို ရှင်းရှင်းရှိစေ ချင်ပါတယ်။ နောက်တစ်ခုက legal stability ပါ။လုပ်ထုံးလုပ်နည်းတွေကို မကြာခဏ ပြောင်းလဲတာ။ ပြင်ဆင်တာတွေရှိမယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုက ကျဆင်းသွားမှာပါ”ဟု Oxford နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် တည်ဆဲဥပဒေအချို့နှင့် မူဝါဒတို့ ကိုက်ညီမှုမရှိသည့်အတွက် အတားအဆီးအချို့ရှိနေကြောင်း Business Group မှ Regional Editor ဖြစ်သူ Paulius Kuncinas က ပြောကြားသည်။
နိုင်ငံတိုင်းလိုလိုတွင် အမျိုးသားအကျိုးစီးပွားရေးနှင့် အခြားတစ်ဖက်တွင်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုမြှုင့်တင်ရေး တို့ ရှိနေတတ်ပြီး ယင်းနှစ်ချက်အား ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်တော်များများတွင် အမျိုးသားအကျိုးစီးပွားကို ထည့်သွင်းစဉ်းစားလေ့ရှိသည်မှာ မထူးဆန်းကြောင်း ၎င်းကပြောကြားသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ legal system တွေနဲ့ပတ်သက်ပြီး အားနည်းချက် ရှိနေပါသေးတယ်။ ဥပမာ-ဟိုတစ်ချိန်တုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်ကြည့်ရင် ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။
အခုနောက်ပိုင်းမှာဆို တော်တော်လေး ဖြေလျှော့ပေးလာခဲ့တာပါ။ ဒါပေမဲ့ ပုဂ္ဂလိကကဏ္ဍတွေနဲ့ ပတ်သက်ရင် စိန်ခေါ်မှုလေးတွေ ရှိနေပါသေးတယ်။ ဥပမာ ရင်းနှီြးှမုပ်နှံမှုဥပဒေနှစ်ခု ပေါင်းစည်းရေးကိစ္စပါ။
ဒီကိစ္စဟာဆိုရင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး national treatment ပိုင်းအတွက် စဉ်းစားပေးတာပါ။ ပြီးတော့ တန်းတူညီတူ လုပ်ပိုင်ခွင့်ရှိတဲ့ level playing field ဖြစ်ဖို့လည်း ရည်ရွယ်တာပါ။ ဒါကြောင့် ဥပဒေနှစ်ခု ပေါင်းစည်းရေးကလည်း အရေးကြီးပါတယ်”ဟု မြန်မာနိုင်ငံရင်းနှီြးှမုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဥပဒေကို ပေါင်းစည်းခြင်းသည် legal framework ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်သကဲ့သို့ အလားတူ ဥပဒေ နှင့် မူဝါဒ မကိုက်ညီသည့် အနေအထားများလည်း ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုကို မြှုင့်တင်နိုင်ရန် ဥပဒေပြင်ဆင်ရေးလုပ်ငန်း လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
“အခုချိန်မှာ ဥပဒေနဲ့အစိုးရရဲ့ မူဝါဒနဲ့ လိုက်လျောညီထွေ မဖြစ်တာတွေ ရှိနေပါသေးတယ်။ အစိုးရရဲ့ မူဝါဒက ရင်းနှီးမြှုပ်နှံမှုကို ဖွင့်ပေးနေတဲ့အချိန်မှာပဲ ဥပမာ ၁၉၈၇ ခုနှစ် State owned Enterprise Law ဆိုရင် private sector တချို့ကဏ္ဍတွေအတွက် ရင်းနှီးမြှုပ်နှံမှုကို အတားအဆီးဖြစ်နေပါတယ်။ ဥပမာ-အဲဒီဥပဒေအရဆိုရင် ဘဏ်လုပ်ငန်း၊ လေကြောင်းဝန်ဆောင်မှုလုပ်ငန်း၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်း၊ သတ္တုကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်စွမ်းအားစတဲ့ စုစုပေါင်း ကဏ္ဍ ၁၂ ခုကို ဥပဒေအရဆိုရင် ခွင့်ပြုပေးလို့ မရပါဘူး။ အဲဒီတော့ ဥပဒေနဲ့ မူဝါဒနဲ့ ကိုက်ညီမှုမရှိတာတွေ ဖြစ်နေတဲ့အတွက်ကြောင့် ဥပဒေကို ပြန်ပြင်ဖို့ လိုအပ်နေတာရှိပါတယ်။ ဒီလိုပဲ လုပ်ထုံးလုပ်နည်းနဲ့ နည်းဥပဒေတွေကအစ ပြင်ရမှာပါ။ ဒီလုပ်ထုံး လုပ်နည်းတွေကိုပြင်တာက အချိန်သိပ်မကြာပေမယ့် ဥပဒေကို ပြန်ပြီးပြင်ဖို့ကျတော့ အချိန်တော်တော်ေ လးပေး ရပါတယ်။ ဒါကြောင့်မို့လို့ legal framework ပိုင်းနဲ့ပတ်သက်ပြီး လုပ်ဆောင် စရာလေးတွေတော့ ရှိနေပါသေးတယ်”ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment