မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ယန်ဂျူး အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀၀ နီးပါးက တရားဝင် နေ့စားခ မရရှိတဲ့အပြင် ဖိနှိပ်မှုတွေ ရှိနေလို့ အလုပ်သမားအခွင့်အရေးတွေ ရရှိရေးအတွက် ဆန္ဒပြနေကြပါတယ်။
သူတို့တောင်းဆိုချက်တွေ ဖြစ်တဲ့ တရားဝင်လုပ်ခ တနေ့ဘတ် ၃၀၀ နဲ့ အချိန်ပိုကြေး တနာရီ ၅၆ ဘတ် ရရှိစေဖို့၊ အလုပ်သမားတွေ ကျန်းမာရေးနဲ့ မိသားစုရေးအရ ခွင့်ယူရာမှာ ခွင့်မရရှိဘဲ အလုပ်ပျက်တာကို အကြောင်းပြပြီး အလုပ်သမားတွေဆီက ဘတ်ငွေ ၂၀၀ ဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။
ဒါ့အပြင် နေ့စဉ် လုပ်နိုင်အားနဲ့ မမျှတဲ့ အထည်အရေအတွက်ကို အချိန်ပိုဆင်းပြီး ချုပ်နေရတာ၊ စက်ရုံ အတွင်း အလုပ်လုပ်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ရင် အလုပ်သမားကိုယ်တိုင် ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုသရ တာ စ တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ စက်ရုံမန်နေဂျာကနေတဆင့် အလုပ်ရှင်ဆီကို တောင်းဆို ခဲ့ကြပါတယ်။
အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ အချက်တွေကို စက်ရုံပိုင်ရှင်နဲ့ သဘောတူညီချက်မရမချင်း အလုပ်သမားတွေဘက်က အလုပ်မဆင်းဘဲ ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပြီး ဆ၀န်ဒီကန်ခေါ် အလုပ်သမားကာကွယ်ပေးရေးရုံးကိုလည်း တိုင်ကြားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
By ခင်မင်းဇော် (ဒီဗွီဘီ)
No comments:
Post a Comment