Monday, March 17, 2014

မောင်တော စက်လှေပေါ်တွင် အမေရိကန်လုပ် ခြောက်လုံးပြူး သေနတ်နှင့် ကျည်ဆန်များတွေ့

မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်ကျေးရွာအုပ်စု၊ နှခေါင်းတိုကျေးရွာရှိ နတ်မြစ်ကမ်းတွင် ရပ်ထားသော စက်လှေ တစ်စီးအား ရဲတပ်ရင်းမှ မသင်္ကာသဖြင့် သွားရောက်စစ်ဆေးရာ လက်နက်နှင့် ဓားများတွေ့ရှိခဲ့ရပါတယ်။ စက်လှေတွင် စက်လှေစောင့် တစ်ဦးသာ ကျန်ခဲ့ပြီး ကျန်ဘင်္ဂလီ ၅ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါသည်။ သိမ်းဆီးတွေ့ရှိရသော လက်နက်မှာ အမေရိကန်လုပ် ခြောက်လုံးပြူး တစ်လက်၊ ၄င်းကျည်ဆံ ၁၁ တောင့်နှင့် ဓားရှည် ၇ လက်၊ လောက်လေးဂွများ ဖြစ်ပါသည်။

မောင်တောမြို့ နယ်၊ အလယ်သံကျော်ကျေးရွာရှိ စက်လှေ တစ်စင်းပေါ်တွင် အမေရိ ကန်နိုင်ငံ လုပ် ခြောက် လုံးပြူးသေ နတ် နှင့် ကျည်ဆန်များကို မောင်တော မြို့နယ်ရဲတပ်ရင်းက ရှာဖွေတွေ့ ရှိခဲ့ ကြောင်း သိရသည်။

အဆိုပါလက်နက်များကို မောင် တောမြို့နယ်တောင်ပိုင်းရှိ အလယ် သံကျေး ရွာ အုပ်စု၊ နှာခေါင်းတိုကျေး ရွာရှိ နတ်မြစ်ကမ်းတွင် ရပ်ထားသော စက်လှေ တစ်စင်းတွင် မတ် ၁၅ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့ နယ်ရဲ တပ်ရင်း က မသင်္ကာသဖြင့် သွားရောက်စစ်ဆေးရာမှ စက်လှေ ပေါ်ရှိ ဘင်္ဂါလီငါးဦးခန့်မှာထွက်ပြေး သွားခဲ့ကြောင်း၊ စက်လှေပေါ်တွင် အမေ ရိကန်နိုင်ငံ လုပ် ခြောက်လုံးပြူးတစ် လက်၊ ကျည်ဆန် ၁၁တောင့်နှင့် ဓား ရှည်ခုနစ်လက် အပါအ၀င်လေးဂွများ ပါသိမ်းဆည်း ရမိ ခဲ့ကြောင်း မောင် တောမြို့နယ် ရဲစခန်းမှ သိရသည်။

မောင်တောရဲစခန်းမှတာဝန်ရှိ သူတစ်ဦးက““ဖမ်းမိတာ က မောင် တော ရဲတပ်ရင်းကတာဝန်ရှိသူတွေ ဖမ်းမိတာ။ စက်လှေစောင့် ကို အဲဒီ လက်နက်တွေ တွေ့ရှိတာတွေနဲ့ပတ် သက်ပြီး အဓိကထားစစ်ဆေးနေ တယ်။ ထွက်ပြေးသွားတဲ့ဘင်္ဂါလီတွေ ကိုလဲ လိုက်ဖမ်းနေပါတယ်။ မိတော့ မမိသေးဘူး။ တရားမ၀င် လက်နက် ကိုင်ဆောင်မှုနဲ့ အမှုဖွင့်ထားပါတယ်”” ဟုပြောသည်။

ယင်းနှင့်ပတ်သက်၍ မောင်တောဒေသခံတစ်ဦးက ““မောင် တောမှာ ရခိုင်တွေ မနေရဲသလောက် ဖြစ်နေပြီ။ တချို့ဆို စစ်တွေ ၊ ကျောက် ဖြူ ၊ မြောက်ဦးဘက်တွေကို ပြောင်း သွားကြတာတွေလဲရှိတယ်။ အခုလို လက်နက်တွေ တွေ့နေ ရတယ် ဆို တော့ ဘာပဲပြောပြောသတိတော့ထား ရမယ်””ဟုပြောသည်။

ယင်းကဲ့သို့ လက်နက်များတွေ့ရှိမှုနှင့်ပတ်သက် ပြီးမောင်တောရဲစခန်းမှ လက်နက် ကိုင်ဆောင်သူများကို တရားမ၀င် လက်နက်ကိုင်ဆောင်သည့် ပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

KMZ, MYK [--Democracy today Daily Newspaper--]
Myanmar News Network

No comments:

Post a Comment