Monday, March 17, 2014

နိုင်ဂျီးရီးယားတွင် အစိုးရတပ်နှင့်သူပုန် တိုက်ပွဲဖြစ် ၂ဝဝ ကျော်သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံတွင် အစိုးရတပ်များနှင့် သူပုန် များသည် သောကြာနေ့တွင် တိုက်ပွဲများဖြစ်ပွားရာ အနည်း ဆုံး ၂၁၂ ဦးသေဆုံးကြောင်း မီဒီယာများ ကဖော်ပြသည်။

နိုင်ငံ၏အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်၏ မြို့တော်မိုင်ဒူဂူရီ တွင်ဖြစ်ပွားသော ၆ နာရီကြာတိုက်ပွဲ၌ အမျိုးသမီးတစ်ဦး အပါအဝင် အနည်းဆုံး စစ်သား ငါးယောက် သေဆုံးကြောင်း သတင်းအရင်းအမြစ်က ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ယင်းတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဂျီဟတ်အုပ်စု တစ်စုဖြစ်သည့် ဘိုကိုဟာရမ်ရှီမည်ဟု သံသယရှိသည်။ အစိုးရတပ်က ဖမ်းဆီးထားသော ၎င်းတို့၏တိုက်ခိုက်ရေးသမားများ လွတ်မြောက်စေရန် ကြိုးစားကြခြင်းဖြစ် ဟု သတင်းအရင်းအမြစ်က ပြောကြားသည်။

ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမားများသည် စစ်တပ်မြို့ကို ဝင်ရောက် တိုက်ခိုက်၍ ၎င်းတို့၏အဖွဲ့ဝင်များကို လွတ်မြောက်စေခဲ့ရာ၌ အစိုးရစစ်ဘက်ဝတ်စုံများကို ဝတ်ဆင်ပြီး အသုံးပြုသော မော်တော်ယာဉ်များကိုလည်း စစ်ဘက်သုံးအရောင်များ သုတ်ထားသည်ဟု အရပ်သား အုပ်စုခေါင်းဆောင် မာလန်အဗ္ဗဒူလာဟီဒီးရီးက ပြောကြားသည်။

အပြင်းအထန်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမား အများအပြားကို အရပ်သား များက ဖမ်းဆီးပြီး စစ်ဘက်သို့လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ပြန်လည်တိုက်ခိုက် ရန် ကြိုးစားသူများကို လူထုဖြင့်တရားစီရင်၍ သေဒဏ်ပေးခဲ့ ကြောင်း လူငယ်အပျော်တမ်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

နိုင်ဂျီးရီးယားစစ်တပ်က သောင်းကျန်းသူများ ခိုအောင်းရာ ဆန်ဘီစာတော အုပ်နှင့် အခြားဒေသများကို တိုက်ခိုက်ရှင်းလင်းခဲ့ခြင်းအတွက် ပြန်လည်လက်စားချေ သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ဖွယ်ရာရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်ကို ဆင်ဟွာကကိုးကား ဖော်ပြသည်။

ဘစ္စနစ်စတင်းဒတ်
The Mirror Daily

No comments:

Post a Comment