Wednesday, March 19, 2014

အာရှသတင်းတိုများ

ဗြိတိန်စစ်တပ်အာဖဂန်မှထွက်ခွာ

ဗြိတိန်စစ်သားများ အာဖဂန်နစ္စတန်မှ ရုတ်သိမ်းခဲ့မှုက သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့ပြီး၊ ဗြိတိန်စစ်တပ်က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော ဟယ်မန်းဒေသရှိ စစ်စခန်းနှစ်မှ လွဲ၍ ကျန်ရှိသည့်စစ်စခန်းများ အားလုံးကို အာဖဂန်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားတပ်များ အာဖဂန်မှ ဆုတ်ခွာ သွားပါက ပြည်တွင်းစစ် ဖြစ်မည်ကို စိုးရိမ်နေကြသည်။

ဆီးရီးယားဒုံးကျည်၊တစ်ဦးဒဏ်ရာရ

ဆီးရီးယားပစ်လွှတ်ခဲ့သော ဒုံးကျည် လေးစင်းမှာ လက်ဘနွန်အရှေ့ပိုင်း ဟဇ်ဘိုလာများ သိမ်းပိုက်ထား သော ဘီခါတောင်ကုန်းကို ထိမှန်ခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်စစ်တပ် အာဏာပိုင် များက ပြောကြားလိုက်သည်ဟု မတ်လ ၁၈ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ငြိမ်းချမ်းရေးအတွက် အနစ်နာခံရန် အိုဘားမားပြော

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘားစ်နှင့် အစ္စရေး ခေါင်းဆောင်များ ငြိမ်းချမ်းရေးအတွက် အနစ်နာ ခံကြရန်နှင့် ခက်ခဲသောနိုင်ငံရေး ဆုံးဖြတ်ချက်များချမှတ်ရန် လုပ်ဆောင်သင့်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့သည်ဟု မတ်လ ၁၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ပြန်ပေးဆွဲသည့် အထောက်အထား မတွေ့ရဟု တရုတ်ပြော

တရုတ်နိုင်ငံသား ၁၅၃ ဦး ပါဝင်ခဲ့သည့် မလေးရှားလေယာဉ် ပျောက်ဆုံးမှုအတွက် ပြန်ပေးဆွဲခံရခြင်းနှင့် ပတ်သက်သည့် သက်သေအထောက်အထားများ ရှာတွေ့ခြင်းမရှိသေးကြောင်း ကွာလာလမ်ပူမြို့ရှိ ပေ ကျင်း သံအဖွဲ့အား ကိုးကားကာနိုင်ငံပိုင် မီဒီယာက ဖော်ပြထားသည်ဟု မတ်လ ၁၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အင်ဖိုစီမှ ဗော်ဗိုကားကုမ္ပဏီနှင့် သဘောတူစာချုပ်,ချုပ်ဆို

အမြတ်ငွေများစွာဖြင့် ရပ်တည်နေသော အိန္ဒိယ ဒုတိယအကြီးဆုံး အိုင်တီကုမ္ပဏီဖြစ်သည့် အင်ဖိုစီမှ ဗော် ဗာ ကားကုမ္ပဏီနှင့် အက်ပလီကေးရှင်းထွန်းကားမှုအတွက် ကာလရှည် စာချုပ်,ချုပ်ဆိုနိုင်ခဲ့ကြောင်း ကြေ ညာခဲ့သည်ဟု မတ်လ ၁၈ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။သဘောတူညီမှု အတွက် ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ် အချက်အလက်များ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိခဲ့ချေ။
Mizzima - News in Burmese

No comments:

Post a Comment