Monday, March 17, 2014

မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့သူ ကြိုးပြတ်ကျ၍ သေကံမရောက်

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မော်လိုက်မြို့ ၊ သရက်ကုန်း မြို့မ (၁)ရပ်ကွက် တွင် မတ်လ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်က အမျိုးသား တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ ၍ အဆုံးစီရင် ခဲ့ရာ ကြိုးပြုတ်ကျ သဖြင့် သေကံ မရောက် ခဲ့ကြောင်း သိရသည်။

မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံး စီရင်ခဲ့သူမှာ ကျော်နိုင်ဦး ဆိုသူ ဖြစ်ပြီး ၄င်းသည် အမြင့် ၉ ပေခန့်ရှိသော ၄င်း၏ နေအိမ် ထုပ်တန်းပေါ်တွင် အရှည် ၅ ပေ ၊ လုံးပတ် ၃ မူးလုံးရှိ ကြိုးတစ်ချောင်း ဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင် ခဲ့ရာ လည်ပင်းတွင် ကြိုးဒဏ်ရာ များဖြင့် သတိလစ် မေ့မြော နေသည်ကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၄င်း၏ အိမ်နီးချင်း များက ရဲဌာန သို့ ဆက်သွယ် အကြောင်းကြား ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် များက အချိန်မီ သွားရောက် ကုသပေးခဲ့ရာ ထိုသူသည် အသက် မသေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ် နှင့် ပတ်သက်၍ မိမိကိုယ်ကို အဆုံးစီရင်သူ ကျော်နိုင်ဦး ကို မော်လိုက် မြို့မ ရဲစခန်း က (ပ) ၃၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၉ အရ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment