Monday, March 17, 2014

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်

Photo: မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်
Monday, March 17, 2014

မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည် ၁ဝ စင်းကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူနှစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

အဆိုပါဒုံးကျည်များကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းခြေမှ ဂျပန်ပင်လယ်ပြင်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ တာဝန်ရှိသူများက ပြောကြားသည်။

ဒုံးကျည်များသည် ကီလိုမီတာ ၇ဝ ခန့်ကွာဝေးသော ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့သည်ဟု ၎င်းတို့ခန့်မှန်းကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဒုံးကျည်များပစ်ခတ်ခြင်းအတွက် တောင်ကိုရီးယားနှင့် အနောက်အုပ်စုများက မြောက်ကိုရီးယားကို ဝေဖန်ကြသော်လည်း ပြုံယမ်းကမူ ယင်းသို့ပစ်ခတ်ခဲ့ခြင်းကို ကာကွယ်ပြောကြားခဲ့သည်။

၎င်းတို့နိုင်ငံနှင့် ပြည်သူများကို ဘေးအန္တရာယ်များမှ ကာကွယ်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး တည်တံ့စေရန် ဤသို့စမ်းသပ်ပစ်ခတ်ခြင်းသည် သင့်လျော်မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း အစိုးရက ပြောကြားသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

စီအန်အန်
The Mirror Daily
မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည် ၁ဝ စင်းကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူနှစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

အဆိုပါဒုံးကျည်များကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းခြေမှ ဂျပန်ပင်လယ်ပြင်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ တာဝန်ရှိသူများက ပြောကြားသည်။

ဒုံးကျည်များသည် ကီလိုမီတာ ၇ဝ ခန့်ကွာဝေးသော ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့သည်ဟု ၎င်းတို့ခန့် မှန်းကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဒုံးကျည်များပစ်ခတ်ခြင်းအတွက် တောင်ကိုရီးယားနှင့် အနောက်အုပ်စုများက မြောက် ကိုရီးယားကို ဝေဖန်ကြသော်လည်း ပြုံယမ်းကမူ ယင်းသို့ပစ်ခတ်ခဲ့ခြင်းကို ကာကွယ်ပြောကြားခဲ့သည်။

၎င်းတို့နိုင်ငံနှင့် ပြည်သူများကို ဘေးအန္တရာယ်များမှ ကာကွယ်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး တည်တံ့စေရန် ဤသို့စမ်းသပ်ပစ်ခတ်ခြင်းသည် သင့်လျော်မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း အစိုးရက ပြောကြား သည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

စီအန်အန်
The Mirror Daily

No comments:

Post a Comment