Sunday, March 16, 2014

ရွှေတိဂုံဘုရား ခြေတော်ရင်းက မြန်မာကျော်များ၏ ဂူဗိမာန်

Photo: ရွှေတိဂုံဘုရား ခြေတော်ရင်းက မြန်မာကျော်များ၏ ဂူဗိမာန်
Sunday, March 16, 2014

လူ့ဘဝ ခဏတာ အချိန်တိုတိုလေးမှာ လောကကောင်းကျိုး၊ အများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးခဲ့ကြသူ တွေဟာ လူသေသော်လည်း နာမည်မသေ ကမ္ဘာဆုံးတိုင် မှတ်ကျောက် တင်ခံကြရသလို ကိုယ့်အတ္တ အကျိုးကိုသာ ရှေးရှု လုပ်ဆောင်မှုကြောင့် လူမသေခင် နာမည်သေပြီး ခေတ်အဆက်ဆက် ရာဇဝင်ဆိုးနဲ့ ကျော်ကြားသူတွေဟာလည်း မှတ်တမ်း အတင်ခံကြရတယ်။ သူရဲကောင်း အာဇာနည်တွေ အများကြီးထဲကမှ မြန်မာမှာသာမက ကမ္ဘာကပါ လေးစား ကြည်ညိုရသူတွေရဲ့ မြန်မာ့ အကျော်တွေရဲ့ ဂူဗိမာန်ကို ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်မှာ အများပြည်သူ လေ့လာနိုင်ဖို့ ထားရှိပါတယ်။

ကန်တော်မင် ပန်းခြံအနီးမှာ တည်ရှိတဲ့ ဒီဂူဗိမာန်တွေမှာ မြန်မာစာပေ ယဉ်ကျေးမှု၊ အမျိုးသားရေး၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီးလို့ တင်စားခေါ်ဝေါ် ခံရတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်၊ မြန်မာနိုင်ငံရဲ့ နောက်ဆုံး မိဖုရားကြီး စုဖုရားလတ်ရဲ့ ဂူဗိမာန်နဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဂူဗိမာန်တို့ကို သွားရောက် ကြည့်ရှု ဂါရဝ ပြုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်အကျိုး၊ အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတွေရဲ့ ကျေးဇူးတရားကို အမှတ်ရ ဂုဏ်ပြုနိုင်ဖို့ နိုင်ငံတိုင်းမှာ သူရဲကောင်း ဂူဗိမာန်၊ အာဇာနည်ဗိမာန်တွေ ထားရှိပြီး နှစ်စဉ် ဂါရဝပြုလေ့ ရှိတာကို တွေ့ရပါတယ်။

စာပေယဉ်ကျေးမှု၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၅ ခုနှစ် ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာမှာ ဖွားမြင်ခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား ညီညွတ်ရေးတို့ကို စာပေကလောင် အစွမ်းဖြင့် မြှင့်တင်ခဲ့ကာ ထင်ရှား လက်ရာများအဖြစ် ဗိုလ်ဋီကာ၊ မျောက်ဋီကာ၊ မှာတော်ပုံဝတ္ထု စသည့် စာအုပ်ပေါင်း ၄၀ ကျော် ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မနားမနေ အားထုတ်ရင်း ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေး အစစ်ကို တွေ့သွားချင်တယ်လို့ ဆိုခဲ့သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ဂူဗိမာန် အဓွန့်ရှည် တည်တံ့နိုင် စေဖို့အတွက် ထည့်ဝင်နိုင်စေရန် အမှတ်တရ အင်္ကျီ၊ ပို့စကတ်၊ ပြက္ခဒိန်နဲ့ စာအုပ်တွေကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချနေတာကို တွေ့ရပါတယ်။

လွတ်လပ်ရေး ဗိသုကာ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါရမီ ဖြည့်ဖက်အဖြစ် ဘဝတစ်လျှောက်လုံး အတူရှိနေခဲ့သူ၊ လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သူ၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည် တောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးသမိခင် ကျေးဇူးရှင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ်တွင် ဖွားမြင်ပြီး ၁၉၈၈ ခုနှစ်တွင် ကွယ်လွန် ခဲ့ပါတယ်။ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ စုဖုရားလတ်တို့ရဲ့ ဂူဗိမာန်အကြားမှာ ထားရှိပါတယ်။

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ မြန်မာပြည်ကို နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ သီပေါမင်းရဲ့ မိဖုရားခေါင်ကြီး၊ ပြဿနာတိုင်းကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကိုင်တွယ် ဖြေရှင်းတတ်သူ၊ တိုင်းတစ်ပါး နယ်ချဲ့တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ရာဇသွေး ရာဇမာန်အပြည့်နဲ့ ရင်ဆိုင်ခဲ့သူ စုဖုရားလတ်ဟာ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ ဖွားမြင်ပြီး ၁၂၈၇ ခုနှစ်မှာ ရန်ကုန်မြို့တွင် နတ်ရွာ စံတော်မူခဲ့ပါတယ်။

မြန်မာကို ကမ္ဘာက သိအောင်လုပ်ခဲ့သူ၊ ကျောင်းဆရာ ဘဝမှ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသန့်ရဲ့ ဂူဗိမာန်ကို ဂါရဝပြုရင်း ဦးသန့်ရဲ့အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို လေ့လာနိုင်မှာပါ။ ကျောင်းဆရာဘဝ၊ ပညာရေး ဝန်ထမ်းဘဝ၊ စာရေးဆရာဘဝ၊ အစိုးရဝန်ထမ်း၊ သံတမန် ဘဝတွေကို ဖြတ်သန်းရင်း တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ရာမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး၊ ကမ္ဘာတစ်ဝန်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေ လွတ်မြောက်ရေးစတဲ့ အရေးကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းခဲ့တာကြောင့် ကမ္ဘာ့ခေါင်းဆောင်များကပါ လေးစားကြည်ညိုရသူ တစ်ဦး ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ပန်းတနော်မြို့သား ဦးသန့်ကို ၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

The Voice Weekly
လူ့ဘဝ ခဏတာ အချိန်တိုတိုလေးမှာ လောကကောင်းကျိုး၊ အများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးခဲ့ကြသူ တွေဟာ လူသေသော်လည်း နာမည်မသေ ကမ္ဘာဆုံးတိုင် မှတ်ကျောက် တင်ခံကြရသလို ကိုယ့်အတ္တ အကျိုးကိုသာ ရှေးရှု လုပ်ဆောင်မှုကြောင့် လူမသေခင် နာမည်သေပြီး ခေတ်အဆက်ဆက် ရာဇဝင်ဆိုးနဲ့ ကျော်ကြားသူတွေဟာလည်း မှတ်တမ်း အတင်ခံကြရတယ်။ သူရဲကောင်း အာဇာနည်တွေ အများကြီးထဲကမှ မြန်မာမှာသာမက ကမ္ဘာကပါ လေးစား ကြည်ညိုရသူတွေရဲ့ မြန်မာ့ အကျော်တွေရဲ့ ဂူဗိမာန်ကို ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်မှာ အများပြည်သူ လေ့လာနိုင်ဖို့ ထားရှိပါတယ်။

ကန်တော်မင် ပန်းခြံအနီးမှာ တည်ရှိတဲ့ ဒီဂူဗိမာန်တွေမှာ မြန်မာစာပေ ယဉ်ကျေးမှု၊ အမျိုးသားရေး၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီးလို့ တင်စားခေါ်ဝေါ် ခံရတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်၊ မြန်မာနိုင်ငံရဲ့ နောက်ဆုံး မိဖုရားကြီး စုဖုရားလတ်ရဲ့ ဂူဗိမာန်နဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဂူဗိမာန်တို့ကို သွားရောက် ကြည့်ရှု ဂါရဝ ပြုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်အကျိုး၊ အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတွေရဲ့ ကျေးဇူးတရားကို အမှတ်ရ ဂုဏ်ပြုနိုင်ဖို့ နိုင်ငံတိုင်းမှာ သူရဲကောင်း ဂူဗိမာန်၊ အာဇာနည်ဗိမာန်တွေ ထားရှိပြီး နှစ်စဉ် ဂါရဝပြုလေ့ ရှိတာကို တွေ့ရပါတယ်။

စာပေယဉ်ကျေးမှု၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၅ ခုနှစ် ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာမှာ ဖွားမြင်ခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား ညီညွတ်ရေးတို့ကို စာပေကလောင် အစွမ်းဖြင့် မြှင့်တင်ခဲ့ကာ ထင်ရှား လက်ရာများအဖြစ် ဗိုလ်ဋီကာ၊ မျောက်ဋီကာ၊ မှာတော်ပုံဝတ္ထု စသည့် စာအုပ်ပေါင်း ၄၀ ကျော် ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မနားမနေ အားထုတ်ရင်း ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေး အစစ်ကို တွေ့သွားချင်တယ်လို့ ဆိုခဲ့သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ဂူဗိမာန် အဓွန့်ရှည် တည်တံ့နိုင် စေဖို့အတွက် ထည့်ဝင်နိုင်စေရန် အမှတ်တရ အင်္ကျီ၊ ပို့စကတ်၊ ပြက္ခဒိန်နဲ့ စာအုပ်တွေကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချနေတာကို တွေ့ရပါတယ်။

လွတ်လပ်ရေး ဗိသုကာ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါရမီ ဖြည့်ဖက်အဖြစ် ဘဝတစ်လျှောက် လုံး အတူရှိနေခဲ့သူ၊ လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သူ၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည် တောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးသမိခင် ကျေးဇူးရှင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ်တွင် ဖွားမြင်ပြီး ၁၉၈၈ ခုနှစ်တွင် ကွယ်လွန် ခဲ့ပါတယ်။ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ စုဖုရားလတ်တို့ရဲ့ ဂူဗိမာန်အကြားမှာ ထားရှိပါတယ်။

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ မြန်မာပြည်ကို နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ သီပေါမင်းရဲ့ မိဖုရားခေါင်ကြီး၊ ပြဿနာတိုင်းကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကိုင်တွယ် ဖြေရှင်းတတ်သူ၊ တိုင်းတစ်ပါး နယ်ချဲ့တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ရာဇသွေး ရာဇမာန်အပြည့်နဲ့ ရင်ဆိုင်ခဲ့သူ စုဖုရားလတ်ဟာ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ ဖွားမြင်ပြီး ၁၂၈၇ ခုနှစ်မှာ ရန်ကုန်မြို့တွင် နတ်ရွာ စံတော်မူခဲ့ပါတယ်။

မြန်မာကို ကမ္ဘာက သိအောင်လုပ်ခဲ့သူ၊ ကျောင်းဆရာ ဘဝမှ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသန့်ရဲ့ ဂူဗိမာန်ကို ဂါရဝပြုရင်း ဦးသန့်ရဲ့အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို လေ့လာနိုင်မှာပါ။ ကျောင်းဆရာဘဝ၊ ပညာရေး ဝန်ထမ်းဘဝ၊ စာရေးဆရာဘဝ၊ အစိုးရဝန်ထမ်း၊ သံတမန် ဘဝတွေကို ဖြတ်သန်းရင်း တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ရာမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး၊ ကမ္ဘာတစ်ဝန်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေ လွတ်မြောက်ရေးစတဲ့ အရေးကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းခဲ့တာကြောင့် ကမ္ဘာ့ခေါင်းဆောင်များကပါ လေးစားကြည်ညိုရသူ တစ်ဦး ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ပန်းတနော်မြို့သား ဦးသန့်ကို ၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

The Voice Weekly

No comments:

Post a Comment