Friday, March 14, 2014

ဥပဒေကြမ်းများဆွေးနွေးရာတွင် မည်သူ့ကိုမျှ အားနာစရာမလိုဘဲ အမှန်တရားကို ရှေ့တန်းတင်ကာ အကျေအလည်ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

Photo: ဥပဒေကြမ်းများဆွေးနွေးရာတွင် မည်သူ့ကိုမျှ အားနာစရာမလိုဘဲ အမှန်တရားကို ရှေ့တန်းတင်ကာ အကျေအလည်ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
Firday, March 14, 2014

ဥပဒေကြမ်းများ ဆွေးနွေးရာတွင် မည်သူ့ကိုမျှ အားနာစရာမလိုဘဲ အမှန်တရားကို ရှေ့တန်းတင်ကာ အကျေအလည်ဆွေးနွေးရန်  ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

 လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် ၂၀၁၄ ခုနှစ် စာချွန်တော် အမိန့်လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် မတ် ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထားသော်လည်း လွှတ်တော်မစတင်မီ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက သီးခြားတင်ပြမှုများရှိသဖြင့် အဆိုပါအစီအစဉ်အား ချန်လှပ်ထားမည်ဖြစ်ကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားရာတွင် သူရဦးရွှေမန်းက ယင်းသို့ထည့်သွင်းပြောကြားသည်။

“တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တရားလွှတ်တော်ချုပ်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ မိမိတို့လွှတ်တော်သည် ဥပဒေပြဋ္ဌာန်းတဲ့နေရာမှာ ဖော်ပြပါ ရည်ရွယ်ချက် ရည်မှန်းချက်များအတိုင်း ဆောင်ရွက်နေပါတယ်။ မည်သည့်အခါမှ တစ်ဖက်သတ်ဆောင်ရွက်မှုလည်း မဟုတ်ပါ။ မိမိတို့ဥပဒေများ ပြဋ္ဌာန်းတဲ့နေရာမှာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေသော ဥပဒေများ၊ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ့် ဥပဒေများ၊ တရားမျှတပြီး အများပြည်သူ အမှန်တကယ်လိုက်နာမယ့် ဥပဒေများပြဋ္ဌာန်းပေးနေတာဖြစ်တဲ့အတွက် ဥပဒေများနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ အကျေအလည်ဆွေးနွေးတင်ပြဖို့ ဖြစ်ပါတယ်။ မည်သူ့ကိုမျှ အားနာစရာမလိုပါဘူး။ အမှန်တရားကို ရှေ့ထားပြီး အများပြည်သူအတွက်သာ စဉ်းစားဖို့ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

စာချွန်တော်အမိန့်လျှောက်ထားမှုနှင့် ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၆ ပါ “အကြောင်းပေါ်ပေါက်သည့်နေ့မှ နှစ် နှစ်အတွင်း လျှောက်ထားလွှာတင်သွင်းခြင်း မပြုလျှင် စာချွန်တော်အမိန့် ထုတ်ပြန်ခြင်းမပြုရ”ဟု ပြဋ္ဌာန်းချက်အား ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသော်လည်း အမျိုးသားလွှတ်တော်မှ“ နှစ်နှစ်အတွင်း“အစား”တစ်နှစ် အတွင်း” ဟု အတည်ပြုထားခဲ့သဖြင့် လွှတ်တော်နှစ်ရပ်ကြား သဘောကွဲလွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီမှလည်း ပြည်သူ့လွှတ်တော်အတည်ပြုချက်အတိုင်း အတည်ပြုသင့်ကြောင်း သဘောထားမှတ်ချက် ပေးထားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် ဥပဒေကြမ်းအားစတင် တင်သွင်းခဲ့သည့် လွှတ်တော်ကော်မတီတာဝန်ရှိသူများအား လွှတ်တော်အစည်းအဝေးပြင်ပတွင် ယင်းကိစ္စရပ်အား ညှိနှိုင်းမှုများလုပ်ဆောင်၍ လွှတ်တော်အစည်းအဝေးမပြီးဆုံးမီ ပြန်လည်တင်ပြလာပါက ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးပြီးဆုံးသည်အထိ အဆိုပါအစီအစဉ်မှာ ပြန်လည်ပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။

Eleven Media Group

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား မတ် ၁၃ ရက်ကပြု လုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား မတ် ၁၃ ရက်ကပြု လုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တွေ့ရစဉ်

ဥပဒေကြမ်းများ ဆွေးနွေးရာတွင် မည်သူ့ကိုမျှ အားနာစရာမလိုဘဲ အမှန်တရားကို ရှေ့တန်းတင်ကာ အကျေအလည်ဆွေးနွေးရန်  ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် ၂၀၁၄ ခုနှစ် စာချွန်တော် အမိန့်လျှောက်ထားမှုဆိုင်ရာ ဥပေ ဒကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် မတ် ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထားသော်လည်း လွှတ်တော်မစတင်မီ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက သီးခြားတင်ပြမှုများရှိသဖြင့် အဆိုပါအစီအစဉ်အား ချန်လှပ်ထားမည်ဖြစ်ကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားရာတွင် သူရဦးရွှေမန်းက ယင်းသို့ထည့်သွင်းပြောကြားသည်။

“တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တရားလွှတ်တော်ချုပ်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ မိမိတို့လွှတ်တော်သည် ဥပဒေပြဋ္ဌာန်းတဲ့နေရာမှာ ဖော်ပြပါ ရည်ရွယ်ချက် ရည်မှန်းချက်များအတိုင်း ဆောင်ရွက်နေပါတယ်။ မည်သည့်အခါမှ တစ်ဖက်သတ်ဆောင်ရွက်မှုလည်း မဟုတ်ပါ။ မိမိတို့ဥပဒေများ ပြဋ္ဌာန်းတဲ့နေရာမှာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေသော ဥပဒေများ၊ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ့် ဥပဒေများ၊ တရားမျှတပြီး အများပြည်သူ အမှန်တကယ်လိုက်နာမယ့် ဥပဒေများပြဋ္ဌာန်းပေးနေတာဖြစ်တဲ့အတွက် ဥပဒေများနဲ့ပတ် သက်ပြီး ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ အကျေအလည်ဆွေးနွေးတင်ပြဖို့ ဖြစ်ပါတယ်။ မည်သူ့ကိုမျှ အားနာစရာမလိုပါဘူး။ အမှန်တရားကို ရှေ့ထားပြီး အများပြည်သူအတွက်သာ စဉ်းစားဖို့ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

စာချွန်တော်အမိန့်လျှောက်ထားမှုနှင့် ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၆ ပါ “အကြောင်းပေါ်ပေါက် သည့်နေ့မှ နှစ် နှစ်အတွင်း လျှောက်ထားလွှာတင်သွင်းခြင်း မပြုလျှင် စာချွန်တော် အမိန့် ထုတ်ပြန်ခြင်း မပြုရ”ဟု ပြဋ္ဌာန်းချက်အား ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသော်လည်း အမျိုးသားလွှတ်တော်မှ“ နှစ်နှစ်အတွင်း“အစား”တစ်နှစ် အတွင်း” ဟု အတည်ပြုထားခဲ့သဖြင့် လွှတ်တော်နှစ်ရပ်ကြား သဘောကွဲလွဲခဲ့ ပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီမှလည်း ပြည်သူ့လွှတ်တော်အတည်ပြုချက် အတိုင်း အတည်ပြုသင့်ကြောင်း သဘောထားမှတ်ချက် ပေးထားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် ဥပဒေကြမ်းအားစတင် တင်သွင်းခဲ့သည့် လွှတ်တော်ကော်မတီ တာဝန်ရှိသူများအား လွှတ်တော်အစည်းအဝေးပြင်ပတွင် ယင်းကိစ္စရပ်အား ညှိနှိုင်းမှုများလုပ်ဆောင်၍ လွှတ်တော် အစည်းအဝေးမပြီးဆုံးမီ ပြန်လည်တင်ပြလာပါက ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး အစည်းအဝေးပြီးဆုံးသည်အထိ အဆိုပါအစီအစဉ်မှာ ပြန်လည်ပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။

Eleven Media Group

No comments:

Post a Comment