Thursday, March 13, 2014

အင်းလေးကန်သည် အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါရှားပါးသစ်ဆွေးမြေ အများဆုံးရှိရာဒေသဖြစ်

Photo: အင်းလေးကန်သည် အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါရှားပါးသစ်ဆွေးမြေ အများဆုံးရှိရာဒေသဖြစ်
Thursday, March 13, 2014

အာဆီယံ အမွေအနှစ်စာရင်းဝင် အင်းလေး ကန် ထိန်းသိမ်းရေး ဒေသသည် အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါသော ရှားပါးသစ်ဆွေးမြေ ဧရိယာ အများဆုံးတွေ့ရှိရသည့် ဒေသတစ်ခုဖြစ်ကြောင်း အာဆီယံ သစ်ဆွေးမြေများရှိသည့် သစ်တောများ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း အဖွဲ့က သတင်း ထုတ်ပြန်သည်။

အင်းလေးကန်ဒေသတွင် ထုံးဓာတ်ပါသည့် ရှားပါးသစ်ဆွေးမြေ ဟက်တာပေါင်း ၉,၀၂၁ တွေ့ရှိရပြီး အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါသစ်ဆွေးမြေ အများဆုံးတွေ့ရှိရသည့် ဒေသဖြစ်ကြောင်း အာဆီယံသစ်ဆွေးမြေများရှိသည့် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းအဖွဲ့က မလေးရှားနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာသစ်ဆွေးမြေများ ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးပွဲတွင် သတင်းထုတ်ပြန်သည်။
          
‘‘အင်းလေးကန်မှာ တွေ့ရတဲ့ သစ်ဆွေးမြေတွေက ဗီယက်နမ်တစ်နိုင်ငံမှာတွေ့ရတဲ့ သစ်ဆွေးမြေပမာဏလောက်ရှိတယ်’’ ဟု သုတေသနအဖွဲ့တွင်ပါဝင်သည့် ဗီယက်နမ်နိုင်ငံသား ဒေါက်တာ Le Phat Quoi က ပြောသည်။
            
အင်းလေးကန်အတွင်း ထောင်ဘိုကြီးကျေးရွာသည် ထုံးကျောက်ဓာတ်ပါသစ်ဆွေးမြေ အများဆုံးရှိသောနေရာဖြစ်ခြင်းကြောင့် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်ခွင့်မပြုဘဲ ထိန်းသိမ်းကာကွယ်သင့်သည့်နေရာဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ မစ္စတာ Faizal Parish က ဆိုသည်။
          
‘‘Peatland လို့ မသိခင်က စိုက်ပျိုးမြေလုပ်ထားတဲ့မြေတွေ သွားပြီးလုပ်လို့မရဘူး။ စိုက်ပျိုးရးမလုပ်ဘဲ ကျန်ရှိတဲ့မြေကိုတော့ ဆက်ထိန်းသိမ်းရမှာပေါ့။ Peatland ကို ထိန်းသိမ်းထားနိုင်တယ်’’ဟု အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးသူ ဦးထွန်းပေါ်ဦးက ပြောသည်။
          
သစ်ဆွေးမြေကို သိပ္ပံအမည်အရ Peatland ဟုခေါ်ပြီး သစ်ဆွေးမြေများရှိခြင်းကြောင့် ဂေဟဗေဒစနစ်တွင် ရှင်သန်နေသည့် အကောင်နှင့်အပင်များ ကောင်းမွန်စွာလည်ပတ်ခြင်းကို အထောက်အကူပြုနိုင်သည်။ ထို့အပြင် မြေသြဇာအလွန်ကောင်းသဖြင့် သီးပင်စားပင်များ စိုက်ပျိုးရာတွင် များစွာအကျိုးဖြစ်ထွန်းသဖြင့် အော်ဂဲနစ်အစစ်ဖြစ်သည်။ ဆိုးကျိုးအနေဖြင့် Peatland ရှိသည့် မြေနေရာတွင် မီးလောင်မှုဖြစ်ပွားပါက အခြားနေရာများထက် ကာဗွန်ဒိုင်အောက်ဆိုက် အများအပြားထွက်သောကြောင့် သတိထားထိန်းသိမ်းသင့်သည့် မြေအမျိုးအစား ဖြစ်သည်။
          
အင်းလေးကန်ရှိ ထုံးဓာတ်ပါသည့် ရှားပါးသစ်ဆွေးမြေများသည် စိုက်ပျိုးရေးတိုးချဲ့လာခြင်း၊ လူဦးရေးတိုးပွားလာခြင်း၊ ဒေသခံများ မသိနားမလည်ဘဲ မီးရှို့ဖျက်ဆီးမှုများကြောင့် နှစ်စဉ် ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း ဖရီဒါအသင်းမှ ဦးဆန်းလွင်က ပြောသည်။
          
အရှေ့တောင်အာရှ သစ်ဆွေးမြေများရှိသည့် သစ်တောများရေရှည်တည်တံ့ရေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များဖြစ်သော မြန်မာ၊ မလေးရှားနှင့် ဗီယက်နမ်တို့မှ နည်းပညာကျွမ်းကျင်သူများ၊ အာဆီယံသစ်ဆွေးမြေများရှိသည့် သစ်တောများထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်း (APFP)တို့က အီးယူနှင့်ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (GEF)တို့၏ ထောက်ပံ့ကူညီမှုဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် အင်းလေးကန်ထိန်းသိမ်းရေးနယ်မြေများရှိ နေရာပေါင်း ၇၀ တွင် သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Author: အိဖြူမွန်
7DAY DAILY

အင်းလေးကန်အတွင်း စက်လှေဖြင့်သွားနေသူတစ်ဦး
ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အင်းလေးကန်အတွင်း စက်လှေဖြင့်သွားနေသူတစ်ဦးဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အာဆီယံ အမွေအနှစ်စာရင်းဝင် အင်းလေးကန် ထိန်းသိမ်းရေး ဒေသသည် အရှေ့တောင်အာရှတွင် ထုံးဓာတ် ပါသော ရှားပါးသစ်ဆွေးမြေ ဧရိယာ အများဆုံးတွေ့ရှိရသည့် ဒေသတစ်ခုဖြစ်ကြောင်း အာဆီယံ သစ်ဆွေးမြေများရှိသည့် သစ်တောများ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း အဖွဲ့က သတင်း ထုတ်ပြန် သည်။

အင်းလေးကန်ဒေသတွင် ထုံးဓာတ်ပါသည့် ရှားပါးသစ်ဆွေးမြေ ဟက်တာပေါင်း ၉,၀၂၁ တွေ့ရှိရပြီး အရှေ့တောင်အာရှတွင် ထုံးဓာတ်ပါသစ်ဆွေးမြေ အများဆုံးတွေ့ရှိရသည့် ဒေသဖြစ်ကြောင်း အာဆီယံ သစ်ဆွေးမြေများ ရှိသည့် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းအဖွဲ့က မလေးရှားနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာသစ်ဆွေးမြေများ ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးပွဲတွင် သတင်းထုတ်ပြန် သည်။
          
‘‘အင်းလေးကန်မှာ တွေ့ရတဲ့ သစ်ဆွေးမြေတွေက ဗီယက်နမ်တစ်နိုင်ငံမှာတွေ့ရတဲ့ သစ်ဆွေးမြေ ပမာ ဏလောက် ရှိတယ်’’ ဟု သုတေသနအဖွဲ့တွင်ပါဝင်သည့် ဗီယက်နမ်နိုင်ငံသား ဒေါက်တာ Le Phat Quoi က ပြောသည်။
            
အင်းလေးကန်အတွင်း ထောင်ဘိုကြီးကျေးရွာသည် ထုံးကျောက်ဓာတ်ပါသစ်ဆွေးမြေ အများဆုံး ရှိသောနေရာဖြစ်ခြင်းကြောင့် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်ခွင့်မပြုဘဲ ထိန်းသိမ်းကာကွယ်သင့်သည့်နေ ရာဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ မစ္စတာ Faizal Parish က ဆိုသည်။
          
‘‘Peatland လို့ မသိခင်က စိုက်ပျိုးမြေလုပ်ထားတဲ့မြေတွေ သွားပြီးလုပ်လို့မရဘူး။ စိုက်ပျိုးရးမလုပ်ဘဲ ကျန်ရှိတဲ့မြေ ကိုတော့ ဆက်ထိန်းသိမ်းရမှာပေါ့။ Peatland ကို ထိန်းသိမ်းထားနိုင်တယ်’’ဟု အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးသူ ဦးထွန်းပေါ်ဦးက ပြောသည်။
          
သစ်ဆွေးမြေကို သိပ္ပံအမည်အရ Peatland ဟုခေါ်ပြီး သစ်ဆွေးမြေများရှိခြင်းကြောင့် ဂေဟဗေဒစနစ်တွင် ရှင်သန်နေသည့် အကောင်နှင့်အပင်များ ကောင်းမွန်စွာလည်ပတ်ခြင်းကို အထောက်အကူပြုနိုင်သည်။ ထို့အပြင် မြေသြဇာအလွန်ကောင်းသဖြင့် သီးပင်စားပင်များ စိုက်ပျိုးရာတွင် များစွာအကျိုးဖြစ်ထွန်းသဖြင့် အော်ဂဲနစ်အစစ်ဖြစ်သည်။ ဆိုးကျိုးအနေဖြင့် Peatland ရှိသည့် မြေနေရာတွင် မီးလောင်မှုဖြစ်ပွားပါက အခြားနေရာများထက် ကာဗွန်ဒိုင်အောက်ဆိုက် အများအပြားထွက်သောကြောင့် သတိထားထိန်းသိမ်းသင့်သည့် မြေအမျိုးအစား ဖြစ်သည်။
          
အင်းလေးကန်ရှိ ထုံးဓာတ်ပါသည့် ရှားပါးသစ်ဆွေးမြေများသည် စိုက်ပျိုးရေးတိုးချဲ့လာခြင်း၊ လူဦးရေးတိုးပွား လာခြင်း၊ ဒေသခံများ မသိနားမလည်ဘဲ မီးရှို့ဖျက်ဆီးမှုများကြောင့် နှစ်စဉ် ပျက်စီးမှုများ ကြုံတွေ့နေ ရကြောင်း ဖရီဒါအသင်းမှ ဦးဆန်းလွင်က ပြောသည်။
          
အရှေ့တောင်အာရှ သစ်ဆွေးမြေများရှိသည့် သစ်တောများရေရှည်တည်တံ့ရေးစီမံခန့်ခွဲမှု အဖွဲ့ဝင် များဖြစ်သော မြန်မာ၊ မလေးရှားနှင့် ဗီယက်နမ်တို့မှ နည်းပညာကျွမ်းကျင်သူများ၊ အာဆီယံသစ်ဆွေးမြေ များရှိသည့် သစ်တောများထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်း (APFP)တို့က အီးယူနှင့်ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (GEF)တို့၏ ထောက်ပံ့ကူညီမှုဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် အင်းလေးကန်ထိန်းသိမ်းရေးနယ်မြေများရှိ နေရာပေါင်း ၇၀ တွင် သုတေသန ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

Author: အိဖြူမွန်
7DAY DAILY

No comments:

Post a Comment