Sunday, March 2, 2014

၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၄၅၇၃ ဦးရှိခဲ့ပြီး နှစ်စဉ် သေဆုံးသူ ၁၄ ရာခိုင်နှုန်းကျော် တိုးလာ

၂ဝဝ၉ ခုနှစ် ၂ဝ၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေ အတွက် ၁၄၅၇၃ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ပျမ်းမျှ နှစ်စဉ် ၁၄ ရာခိုင်နှုန်းကျော် တိုးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အရေအတွက်မှာ ၂ဝဝ၉ ခုနှစ်တွင် ၂၁၇၃ ဦး၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၂၄၆၁၊ ၂ဝ၁၁ ခုနှစ်တွင် ၂၇၉၆၊ ၂ဝ၁၂ ခုနှစ်တွင် ၃၄၂၂၊ ၂ဝ၁၃ ခုနှစ်တွင် ၃၇၂၁ စုစုပေါင်း ၁၄၅၇၃ ဦး ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးနှစ်အတွင်း ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ နှစ်စဉ်ပျမ်းမျှ ယာဉ်တိုက်မှု ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ ဒဏ်ရာရ သူ ၁၂ ဒသမ ၄ဝ ရာခိုင်နှုန်း၊ သေဆုံးသူ ၁၄ ဒသမ ၄၉ ရာခိုင်နှုန်း တိုးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သုံးသပ်ထားသည်။

ယာဉ်တိုက်မှုများ၏ ရာခိုင်နှုန်း ၉ဝ ကျော်မှာ အခြေခံအားဖြင့် ယာဉ်ကိုကောင်းမွန်စွာ မောင်းနှင်တတ်သော် လည်း ယာဉ်မောင်းများ စည်းကမ်းပျက်ခြင်းကြောင့် ဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ယာဉ်ထိခိုက် မှုဖြစ် ပွားသော ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင်ရှိ၊ မရှိ စစ်ဆေးရာတွင်လည်း ရာခိုင်နှုန်း ၅ဝ ကျော်မှာ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်၍ ယာဉ်ထိခိုက်မှု ဖြစ်ပွားကြောင်း စိစစ်တွေ့ရှိရသည်ဟု ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ သုံးသပ်မှုအရ သိရသည်။

မြန်မာနိုင်ငံအတွင်း ယာဉ်ထိခိုက်မှု အများဆုံးဖြစ်ပွားသည့်ဒေသများမှာ ၂ဝ၁၃ ခု နှစ်စာရင်းအရ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေ သကြီးတို့ဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက် အများဆုံးမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment