Monday, March 24, 2014

ဦးတေဇက နိုင်ငံသုံးနိုင်ငံတွင် တရားစွဲခံရသည်ကို ရင်ဆိုင်ဖြေရှင်းမည်ဟုဆို

Htoo Group ကုမ္ပဏီ တည်ထောင်သူ ဦးတေဇကို အမေရိကန်နိုင်ငံသား နှစ်ဦးက အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် တရားစွဲဆိုထားသည်ဟု ဦးတေဇက ¤င်း ၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

''Mr.Allan Lokos နဲ့ Mrs.Susanna Weiss တို့က အမေရိကန်နိုင်ငံ၏ စူပါပါဝါကို အ သုံးချကာ မိမိအား ဘက်ပေါင်းစုံမှ ဖိအားပေးငွေ ကြေးတောင်းခံခဲ့သည့်အပြင် မိမိနှင့်မိမိ တည်ထောင် ပေးခဲ့သော အဲပုဂံကုမ္ပဏီအပါအဝင် သက်ဆိုင်ခြင်း မရှိသည့် ကုမ္ပဏီများကို မမှန်မကန်စွပ်စွဲချက်များ ဖြင့် တရားစွဲ
ဆိုခဲ့ပါတယ်''ဟု ဦးတေဇက ဆိုသည်။

ထိုသို့မမှန်မကန်စွပ်စွဲချက်များဖြင့် တ ရားစွဲလာခြင်း ကို ရှောင်ပုန်းနေမည် မဟုတ်ဘဲ မြန်မာ၊ ထိုင်းနှင့် အမေရိကန်နိုင်ငံတို့ရှိ တရားရုံးများတွင် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ¤င်းက ရေး သားထားသည်။

Air Bagan ကုမ္ပဏီအပါအဝင် ဦးတေဇ ၏ကုမ္ပဏီများကို တရားစွဲသူများသည် ၂ဝ၁၃ခုနှစ် ဒီဇင်ဘာ၂၅ ရက်က ဖြစ်ပွားခဲ့သည့် XY-AGC လေယာဉ်မတော်တဆမှုတွင်ပါဝင်ခဲ့သည့် အမေ ရိကန်နိုင်ငံ သားနှစ်ဦးဖြစ် သည်။

နိုင်ငံတကာတွင်ဖြစ်ပွားခဲ့သော လေယာဉ် မတော်တဆမှုများကို ဆန်းစစ်ကြည့်မည်ဆိုပါက အာမခံနစ်နာကြေးများကို အနည်းဆုံးအချိန်တစ် နှစ်ကျော်ကြာစုံစမ်းစစ်ဆေးမှုများအဆင့်ဆင့်ပြု လုပ်ပြီးမှသာ ပေးချေလေ့ရှိကြောင်း သူ၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထားသည်။

Yangon Media Group

No comments:

Post a Comment