Tuesday, March 4, 2014

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကုန်တင်စက်လှေနှင့် သင်္ဘောများ ခြိမ်းခြောက် လုယက်ခံရမှု များကြောင့် လုံခြုံရေးတိုးမြှင့်

Photo: ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကုန်တင်စက်လှေနှင့် သင်္ဘောများ ခြိမ်းခြောက် လုယက်ခံရမှု များကြောင့် လုံခြုံရေးတိုးမြှင့်
Tuesday, March 4, 2014

မန္တလေးခရိုင်အတွင်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် များတွင် ကုန်တင်စက်လှေနှင့် သင်္ဘောများရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ခြိမ်းခြောက် ပစ္စည်းလုယူမှုများ ဖြစ်ပွားနေသဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ခန့်မှ စတင်၍ လုံခြုံရေး တိုးမြှင့်ချထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းမြစ်ကြောင်း တစ်လျှောက်တွင် ညပိုင်းအချိန် ဆိုက်ကပ်သော ကုန်တင် စက်လှေနှင့် သင်္ဘောများကို ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး နောက်ကြည့်ကျွန်းရှိ လူအုပ်စုတစ်စုက ကုန်ပစ္စည်းများကို တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဓားပြဆန်ဆန် လုယူမှုများ သုံးကြိမ်ဆက်တိုက် ဖြစ်ပွားလျက် ရှိသဖြင့် မန္တလေးခရိုင် အတွင်းရှိ နယ်မြေ ရဲတပ်ဖွဲ့မှ လူအင်အား ၅၀ ကျော်ဖြင့် ညပိုင်းအချိန် လှည့်ကင်းပတ်၍ ဆောင်ရွက် နေရကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

“သူတို့က မန္တလေးတိုင်းထဲက မဟုတ်ဘူး။ စစ်ကိုင်းတိုင်း ဘက်မှာရှိတဲ့ နောက်ကြည့်ကျွန်းမှာ နေတာ။ ကျွန်တော်တို့က စစ်ကိုင်းတိုင်း ရဲဘက်ကိုတော့ အကြောင်းကြားထားတယ်။ သူတို့က ရွာထဲမှာ နေတာ။ ရွာထဲကို ပြန်ဝင်သွားပြီဆိုရင် ဘယ်သူဘယ်ဝါဆိုတာ သိဖို့မလွယ်တော့ဘူး။ မြစ်ကြောင်းမှာ ရဲတွေ လုံခြုံရေး ချထားတယ်ဆိုရင် မလာဘူး။ မြစ်ဆိပ်မှာတင်ကို သူတို့ရဲ့ သတင်းပေးတွေ ရှိတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ပစ္စည်းများကို ဓားပြဆန်ဆန် လုယူသူများသည် ဓား၊ ဂျင်ဂလိ၊ လေးခွများ ကိုင်ဆောင်ထားပြီး ပစ္စည်းယူ ခြောက်လန့်မှုများ ပြုလုပ်လျက် ရှိသဖြင့် သင်္ဘောဆိပ် များတွင်လည်း ပိတ်ဆို့ ရှာဖွေမှုများ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးခရိုင် ရဲမှူးက ပြောကြားသည်။

ရေကြောင်း လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်း ထားသော်လည်း မန္တလေးခရိုင် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ချထားပေးခြင်း မရှိသေးသည့်အတွက် ခရိုင်အတွင်းတွင် ပါဝင်သော ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မြို့နယ်များရှိ နယ်မြေရဲများက အလှည့်ကျ ဆောင်ရွက် နေရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျွန်တော်တို့မှာ သူတို့ကို ဖမ်းဖို့ စက်လှေမရှိဘူး။ အဲဒီအတွက် စက်လှေပိုင်ရှင်တွေဆီကနေ ကျွန်တော်တို့ အကူအညီ တောင်းရတယ်။ ရေကြောင်းမှာ သူတို့နဲ့ တိုက်တာတွေ ဖြစ်ရင် အသက်ကယ် အဝတ်အစားတွေ၊ အသုံးပြုတဲ့ မီးဆလိုက်တွေ စတဲ့ အရာဝတ္ထုတွေ အများကြီး လိုအပ်မှုတွေ ရှိတယ်” ဟု ၎င်းကထပ်လောင်း ဆိုသည်။

မန္တလေး ဂေါဝိန်ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများတွင် အကြမ်းဖက်သည့် ဓားပြတိုက်သည့် ပုံစံဖြင့် ခိုးမှုလုယက်မှုများ ပြုလုပ်နေခြင်း ဆိုးရွားလာသဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရေကြောင်းဌာန တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်းက အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း အဆိုပါ ရေကြောင်းဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားထားသည်။

“ခိုးမှု၊ လုယက်မှုအဆင့် မဟုတ်တော့ဘူး။ သူတို့တွေက ညဘက်တို့၊ ညဥ့်ဦးယံ အချိန်တို့မှာ လှေနှစ်စီးနဲ့ သင်္ဘောတွေနားကို ကပ်ပြီး လေးခွနဲ့ ပစ်တယ်။ လေးခွမှာသုံးတဲ့ လောက်စာတွေက ဖန်လုံး၊ ဂေါ်လီလုံး စတဲ့ဟာတွေနဲ့ အဆက်မပြတ်ပစ်တယ်။ အရင်က လူတွေ့ရင် မခိုးဘူး။ အခုကတော့ လူတွေ့ရင် လေးခွနဲ့ပစ်ပြီး ခိုးကြလုကြတဲ့ အဆင့်ရောက်လာလို့ တင်ပြရမယ့် အခြေအနေ ဖြစ်လာတယ်” ဟု ပြည်တွင်း ရေကြောင်း ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား တိုးမြှင့် ချထားပေးပြီး နောက်ပိုင်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် ခိုးမှုလုယူမှုများ နည်းသွားသော်လည်း ဂေါဝိန်ဆိပ်ဘက်ရှိ မရမ်းခြံ ဆိပ်ကမ်းတွင် ခိုးမှုလုယူမှုများ ဆက်လက် ဖြစ်နေကြောင်း၊ အဆိုပါ အုပ်စုလိုက် ခိုးမှုလုယူမှုများသည် နေ့အခါတွင် ခိုးယူမှု နည်းပါးပြီး ညအချိန်တွင်သာ ဖြစ်ပေါ်တော့ကြောင်း အဆိုပါ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly
မန္တလေးခရိုင်အတွင်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် များတွင် ကုန်တင်စက်လှေနှင့် သင်္ဘော များရှိ ပစ္စည်းများကို လူအုပ်စုတစ်စုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ခြိမ်းခြောက် ပစ္စည်းလုယူမှုများ ဖြစ်ပွားနေသဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ခန့်မှ စတင်၍ လုံခြုံရေး တိုးမြှင့်ချထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းမြစ်ကြောင်း တစ်လျှောက်တွင် ညပိုင်းအချိန် ဆိုက်ကပ်သော ကုန်တင် စက်လှေနှင့် သင်္ဘောများကို ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး နောက်ကြည့်ကျွန်းရှိ လူအုပ်စု တစ်စုက ကုန်ပစ္စည်းများကို တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်၍ ဓားပြဆန်ဆန် လုယူမှုများ သုံးကြိမ် ဆက်တိုက် ဖြစ်ပွားလျက် ရှိသဖြင့် မန္တလေးခရိုင် အတွင်းရှိ နယ်မြေ ရဲတပ်ဖွဲ့မှ လူအင်အား ၅၀ ကျော်ဖြင့် ညပိုင်းအချိန် လှည့်ကင်းပတ်၍ ဆောင်ရွက် နေရကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

“သူတို့က မန္တလေးတိုင်းထဲက မဟုတ်ဘူး။ စစ်ကိုင်းတိုင်း ဘက်မှာရှိတဲ့ နောက်ကြည့်ကျွန်းမှာ နေတာ။ ကျွန်တော်တို့က စစ်ကိုင်းတိုင်း ရဲဘက်ကိုတော့ အကြောင်းကြားထားတယ်။ သူတို့က ရွာထဲမှာ နေတာ။ ရွာထဲကို ပြန်ဝင်သွားပြီဆိုရင် ဘယ်သူဘယ်ဝါဆိုတာ သိဖို့မလွယ်တော့ဘူး။ မြစ်ကြောင်းမှာ ရဲတွေ လုံခြုံရေး ချထားတယ်ဆိုရင် မလာဘူး။ မြစ်ဆိပ်မှာတင်ကို သူတို့ရဲ့ သတင်းပေးတွေ ရှိတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ပစ္စည်းများကို ဓားပြဆန်ဆန် လုယူသူများသည် ဓား၊ ဂျင်ဂလိ၊ လေးခွများ ကိုင်ဆောင်ထားပြီး ပစ္စည်းယူ ခြောက်လန့်မှုများ ပြုလုပ်လျက် ရှိသဖြင့် သင်္ဘောဆိပ် များတွင်လည်း ပိတ်ဆို့ ရှာဖွေမှုများ ဆောင် ရွက် လျက် ရှိကြောင်း မန္တလေးခရိုင် ရဲမှူးက ပြောကြားသည်။

ရေကြောင်း လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်း ထားသော်လည်း မန္တလေးခရိုင် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်တွင် ချထားပေးခြင်း မရှိသေးသည့်အတွက် ခရိုင်အတွင်းတွင် ပါဝင်သော ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မြို့နယ်များရှိ နယ်မြေရဲများက အလှည့်ကျ ဆောင်ရွက် နေရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျွန်တော်တို့မှာ သူတို့ကို ဖမ်းဖို့ စက်လှေမရှိဘူး။ အဲဒီအတွက် စက်လှေပိုင်ရှင်တွေဆီကနေ ကျွန်တော်တို့ အကူအညီ တောင်းရတယ်။ ရေကြောင်းမှာ သူတို့နဲ့ တိုက်တာတွေ ဖြစ်ရင် အသက်ကယ် အဝတ်အစားတွေ၊ အသုံးပြုတဲ့ မီးဆလိုက်တွေ စတဲ့ အရာဝတ္ထုတွေ အများကြီး လိုအပ်မှုတွေ ရှိတယ်” ဟု ၎င်းကထပ်လောင်း ဆိုသည်။

မန္တလေး ဂေါဝိန်ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများတွင် အကြမ်းဖက် သည့် ဓားပြတိုက်သည့် ပုံစံဖြင့် ခိုးမှုလုယက်မှုများ ပြုလုပ်နေခြင်း ဆိုးရွားလာသဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရေကြောင်းဌာန တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ် အတွင်းက အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း အဆိုပါ ရေကြောင်းဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားထားသည်။

“ခိုးမှု၊ လုယက်မှုအဆင့် မဟုတ်တော့ဘူး။ သူတို့တွေက ညဘက်တို့၊ ညဥ့်ဦးယံ အချိန်တို့မှာ လှေနှစ်စီးနဲ့ သင်္ဘောတွေနားကို ကပ်ပြီး လေးခွနဲ့ ပစ်တယ်။ လေးခွမှာသုံးတဲ့ လောက်စာတွေက ဖန်လုံး၊ ဂေါ်လီလုံး စတဲ့ဟာတွေနဲ့ အဆက်မပြတ်ပစ်တယ်။ အရင်က လူတွေ့ရင် မခိုးဘူး။ အခုကတော့ လူတွေ့ရင် လေးခွနဲ့ပစ်ပြီး ခိုးကြလုကြတဲ့ အဆင့်ရောက်လာလို့ တင်ပြရမယ့် အခြေအနေ ဖြစ်လာတယ်” ဟု ပြည်တွင်း ရေကြောင်း ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား တိုးမြှင့် ချထားပေးပြီး နောက်ပိုင်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် ခိုးမှုလုယူ မှုများ နည်းသွားသော်လည်း ဂေါဝိန်ဆိပ်ဘက်ရှိ မရမ်းခြံ ဆိပ်ကမ်းတွင် ခိုးမှုလုယူမှုများ ဆက်လက် ဖြစ်နေကြောင်း၊ အဆိုပါ အုပ်စုလိုက် ခိုးမှုလုယူမှုများသည် နေ့အခါတွင် ခိုးယူမှု နည်းပါးပြီး ညအချိန်တွင်သာ ဖြစ်ပေါ်တော့ကြောင်း အဆိုပါ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment