Thursday, March 13, 2014

ပြည်တွင်း စီမံကိန်းများတွင် အမေရိကန်ဒေါ်လာသန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ရိုးမဆို

Photo: ပြည်တွင်း စီမံကိန်းများတွင် အမေရိကန်ဒေါ်လာသန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ရိုးမဆို
Thursday, March 13, 2014

နာမည်ကျော် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YOMA Strategic Holdings က မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖော်နေသော စီမံကိန်းများတွင် အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းကဲ့သို့ တိုးချဲ့ရင်းနှီးမြှုပ်နှံရာတွင် ကြယ်စင်အိမ်ရာ စီမံကိန်း၊ ပန်းလှိုင်အိမ်ရာ စီမံကိန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း နေရာတွင် တည်ရှိသော ယခင် မြန်မာ့မီးရထားရုံးဟောင်းကို ပင်နီဆူလာ ဟိုတယ်အဖြစ် ပြောင်းလဲ တည်ဆောက်မည့် စီမံကိန်းများလည်း ပါဝင်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထပ်မံရင်းနှီးမြှုပ်နှံမည့် ပမာဏ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိကိုမူ ကြယ်စင်အိမ်ရာ စီမံကိန်းအတွက် သုံးစွဲမည်ဖြစ်ရာ ယင်းစီမံကိန်းအတွင်း Dulwich College နိုင်ငံတကာကျောင်းနှင့် အခြားကျောင်းများ တည်ဆောက်မှုလည်း ပါဝင်မည်ဟု YOMA Strategic Holdings ထံမှ သိရသည်။

“ပြည်တွင်းက စီးပွားရေး အခွင့်အလမ်းတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် လုပ်နေကြတာပါ။ တချို့တွေက ရင်းနှီးမြှုပ်နှံမှု နည်းတယ်လို့ ပြောကြတယ်။ အရင်က မဝင်လာတာထက်စာရင် အများကြီး ပိုလာတာပေါ့။ ခုရေတွင်းတူး ခုရေကြည် သောက်လို့မရဘူး။ အချိန်တစ်ခုတော့ စောင့်ရမယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏက တောက်လျှောက် တက်လာနေပြီ” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်သည့် YOMA Strategic Holdings သည် မြန်မာနိုင်ငံအတွင်း ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ အိမ်ရာ ဖော်ဆောင်ရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ သီးသန့် လေကြောင်းလိုင်း လုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၊ အဖျော်ယမကာ ထုတ်လုပ်ရေး လုပ်ငန်းနှင့် အဆင့်မြင့် ခရီးသွား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်။

SPA အုပ်စုဝင် အခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMI သည်လည်း ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆ သန်းတန် ရှယ်ယာများကို ယမန်နှစ် နိုဝင်ဘာမှ ယခုနှစ် ဇန်နဝါရီလများတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခဲ့သည်။

The Voice Weekly
နာမည်ကျော် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ YOMA Strategic Holdings က မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖော်နေသော စီမံကိန်းများတွင် အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းကဲ့သို့ တိုးချဲ့ရင်းနှီးမြှုပ်နှံရာတွင် ကြယ်စင်အိမ်ရာ စီမံကိန်း၊ ပန်းလှိုင်အိမ်ရာ စီမံကိန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း နေရာတွင် တည်ရှိသော ယခင် မြန်မာ့မီးရထားရုံးဟောင်းကို ပင်နီဆူလာ ဟိုတယ်အဖြစ် ပြောင်းလဲ တည်ဆောက်မည့် စီမံကိန်းများလည်း ပါဝင်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထပ်မံရင်းနှီးမြှုပ်နှံမည့် ပမာဏ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိကိုမူ ကြယ်စင်အိမ်ရာ စီမံကိန်း အတွက် သုံးစွဲမည်ဖြစ်ရာ ယင်းစီမံကိန်းအတွင်း Dulwich College နိုင်ငံတကာကျောင်းနှင့် အခြားကျောင်း များ တည်ဆောက်မှုလည်း ပါဝင်မည်ဟု YOMA Strategic Holdings ထံမှ သိရသည်။

“ပြည်တွင်းက စီးပွားရေး အခွင့်အလမ်းတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက် လုပ်နေကြတာပါ။ တချို့တွေ က ရင်းနှီးမြှုပ်နှံမှု နည်းတယ်လို့ ပြောကြတယ်။ အရင်က မဝင်လာတာထက်စာရင် အများကြီး ပိုလာတာပေါ့။ ခုရေတွင်းတူး ခုရေကြည် သောက်လို့မရဘူး။ အချိန်တစ်ခုတော့ စောင့်ရမယ်။ ပြည် တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏက တောက်လျှောက် တက်လာနေပြီ” ဟု အမျိုးသား စီမံကိန်းနှင့် စီး ပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်သည့် YOMA Strategic Holdings သည် မြန်မာနိုင်ငံ အတွင်း ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ အိမ်ရာ ဖော်ဆောင်ရေးလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း၊ သီးသန့် လေကြောင်းလိုင်း လုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၊ အဖျော်ယမကာ ထုတ်လုပ်ရေး လုပ်ငန်းနှင့် အဆင့်မြင့် ခရီးသွား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်။

SPA အုပ်စုဝင် အခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ FMI သည်လည်း ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆ သန်းတန် ရှယ်ယာများကို ယမန်နှစ် နိုဝင်ဘာမှ ယခုနှစ် ဇန်နဝါရီလ များတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခဲ့သည်။

The Voice Weekly

No comments:

Post a Comment