Monday, March 31, 2014

မြန်မာအမျိုးသမီးအသင်းနှင့်ခြေစမ်းရန် တရုတ်နှင့်ဟောင်ကောင်အသင်းများကို ဖိတ်ကြားထား

အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လေ့ကျင့် မှုများ ပြု လုပ်နေသော မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းနှင့် ခြေစမ်းရန်အတွက် တရုတ်ကလပ် အသင်းတချို့နှင့် ဟောင်ကောင်လက်ရွေးစင်အသင်းများကို ဖိတ်ကြားထား သည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ်္ဈိမသို့ ပြောသည်။
မြန်မာအမျိုးသမီးအသင်းနှင့် ခြေစမ်းရန်အတွက် မူလက ဗီယက်နမ်အသင်းကို ဖိတ်ကြားခဲ့သော်လည်း
အဆင်မပြေခဲ့သဖြင့် တခြားအသင်းများနှင့်ခြေစမ်းရန် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
“အမျိုးသမီးအသင်းနဲ့ခြေစမ်းဖို့ တရုတ်ကလပ်အသင်းအချို့နဲ့ ဟောင်ကောင်လက်ရွေးစင်အသင်းကို ဖိတ် ကြားထားပါတယ်။ သူတို့ဘက်ကလည်း ဘယ်အချိန် ဘယ်လိုလာရမလဲဆိုတာ မေးမြန်းထားပါတယ်။ ခြေ စမ်းပွဲကိုတော့ ဒီမှာပဲကစားမှာပါ” ဟု ဦးစိုးမိုးကျော်က ပြောသည်။
ထို့အပြင် မြန်မာအမျိုးသမီးအသင်းအနေဖြင့် မူလက၀င်ပြိုင်ရန် ဖိတ်ကြားထားသော အနောက်အာရှအမျိုး သမီး ဘောလုံးပြိုင်ပွဲသို့လည်း ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ပေ။ အဆိုပါပြိုင်ပွဲကို ဂျော်ဒန် နိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းကို ၀င်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံရသော်လည်း ပြိုင် ပွဲတွင် ရမှတ် နှင့် ချန်ပီယံဆုကို ရယူနိုင်မည်မဟုတ်ဘဲ အိမ်ဖြည့်သာ ၀င်ကစားရမည် ဖြစ်သောကြောင့် ၀င်မပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဟု အသင်းမီဒီယာ တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောသည်။
“မြန်မာအသင်းနဲ့ကန်မယ့်ပွဲရလဒ်တွေကို ပြိုင်ပွဲစည်းမျဉ်းအရ ထည့်မတွက်ဘူး။ ချန်ပီယံလည်း ဖြစ်ခွင့်မရှိ ဘူး။ ဒါကြောင့်မို့ နည်းပြကုမာဒါက မသွားဖို့ဆုံး ဖြတ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။ ၂၀၁၄ အာရှ အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းအနေဖြင့် အုပ်စု (ခ) ၌ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် မေလ ၁၅ ရက်တွင် တောင်ကိုရီးယားနှင့် စတင်ကစားရမည် ဖြစ်သည်။

Mizzima

No comments:

Post a Comment