Tuesday, March 25, 2014

ရခိုင်မှာသန်းခေါင်စာရင်း ကောက်ခံမှုကို သံသနာ့အလံထူ ဆန္ဒပြ

သန်းခေါင်စာရင်း_ရခိုင်_2014325
သာသနာ့အလံကို အိမ်တွေမှာ စိုက်ထူထားကြတဲ့ပုံ (Credit: ABC) 
ရခိုင်ပြည်နယ်အတွင်းမှာ ​သန်းခေါင်စာရင်းကောက်ယူမယ့် ​အစီအစဉ်ကို ​ကန့်ကွက်တဲ့အနေနဲ့ ​မနေ့က စတင်ပြီးတော့ ​တပြည်နယ်လုံးအတိုင်းအတာနဲ့ ​သာသနာ့အလံစိုက်ထူလိုက်ကြပါတယ်။
အဲ့ဒါအပြင် ​မတ်လ ​၃၀ရက်နေ့ကနေ ​ဧပြီလ ​၁၀ရက်နေ့ထိကောက်ခံမယ့် ​သန်းခေါင်စာရင်းမှာ ​အကောက် မခံပဲနေကြဖို့လည်း ​တိုက်တွန်းထားကြပါတယ်။
သန်းခေါင်စာရင်း ​ကောက်ခံမှု ​ကန့်ကွက်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ​စစ်တွေမြို့က ​ဆန္ဒပြရာမှာ ​ဦးဆောင်သူ ​တဦးဖြစ်တဲ့ ​ဦးသန်းထွန်းက ​အခုလိုပြောပါတယ်။

“ကျနော်တို့က ​အခုကောက်မဲ့ ​သန်းခေါင်စာရင်းထဲမှာ ​သမတဆီကလည်း ​မရှိပါဘူးပြော ထားတယ်၊ ​မြန်မာနိုင်ငံ ​မှာလည်း ​တကယ်လည်းမရှိတဲ့ ​ရိုဟင်ဂျာဆိုတဲ့လူမျိုးအမည်ကို ​ထည့်သွင်းမဲ့ကိစ္စ အတွက် ​ရခိုင်တပြည်နယ်လုံး ​ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လေ။ ​သမိုင်းမှာ ​ဘယ်တုန်းကမှမရှိခဲ့တဲ့ ​နာမည်လိမ် ​ဖြစ်တဲ့ ​ရိုဟင်ဂျာလို့ ​ထည့်သွင်းမဲ့ ​ ကိစ္စကို ​ရုတ်သိမ်းပေးပါဆိုတဲ့အကြောင်းကို ​၂၁ ​ရက်နေ့ ​နောက်ဆုံး ​ထားပြီးအကြောင်းပြန်ပေးပါလို့ ​တောင်းဆို ​ခဲ့ပါတယ်ခင်ဗျ၊ ​ဒါပေမဲ့ ​၂၁ရက်ကျော် လာတဲ့အထိ ​တရားဝင် ​ထုတ်ပြန်ကျေညာချက်လည်း ​မကြားတဲ့အတွက် ​ကြောင့် ​ဆန်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ​ရခိုင်ပြည်နယ် ​မှာ ​ရှိတဲ့ရခိုင်တိုင်းရင်းသားအကုန်လုံးက ​သန်ခေါင်စာရင်း ​အကောက်မခံပဲနဲ့ ​သပိတ်မှောက်မယ်ဆိုတဲ့ ​အထိန်းအမှတ်အဖြစ် ​ဒီနေ့ကစပြီးတော့ ​ရခိုင်တိုင်းရင်းသားတွေရဲ့ ​အိမ်တိုင်း အိမ်တိုင်းမှာ ​သာသနာ ​အလံလွင့်ထူပြီးတော့ ​သပိတ်မှောက်ဖို့ ​စတင်တဲ့အဓိပါယ်ပါပဲ။” 
သန်းခေါင်းစာရင်းကောက်ယူမယ့်အစီအစဉ်ကို ​ကန့်ကွက်ကြောင်း ​ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ​အိမ်တိုင်းမှာ ​သာသနာ့အလံတွေ ​စိုက်ထူထားကြသလို ​သန်းခေါင်စာရင်းကောက်ယူဖို့ ​မလာကြပါရန် ဆိုတဲ့ ​ကြေညာစာတွေလည်း ​ကပ်ထားကြတယ်လို့ ​ဆိုပါတယ်။
သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ​ရခိုင်ပြည်နယ်မှာရှိတဲ့ ​မွတ်စလင်တွေကို ​ရိုဟင်ဂျာဆိုအမည်နဲ့ ​စာရင်းထည့်သွင်းခွင့်မပေးဖို့ ​ရခိုင်တိုင်းရင်းသားတွေက ​ကန့်ကွက် ​တောင်းဆိုနေကြတာဖြစ် တယ်လို့ ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment