Thursday, March 13, 2014

စည်ပင်ပိုင်မြေဟုဆိုကာ တရားစွဲခြင်းကို ရွှေသန်လျင်လူမှုရေးအဖွဲ့က ကန့်ကွက်မည်

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်၊ ဓမ္မရတနာလမ်းရှိ ရွှေသန်လျင်အခမဲ့ဆေးခန်းကို စည်ပင်ပိုင်မြေ ဟု ဆိုကာ တရားစွဲခြင်းကို ကန့်ကွက်ပွဲပြုလုပ်မည်ဟု ရွှေသန်လျင် ပရဟိတ လူငယ် နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက မတ်လ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ရွှေသန်လျင်အခမဲ့ဆေးခန်းသည် စည်ပင်မြေပေါ်တွင် ဆောက်လုပ်ထားသည့်အတွက် မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးက နှစ်ကြိမ်တိုင်တရားစွဲထားသဖြင့် လက်မှတ်စုဆောင်းပြီး ကန့်ကွက်ပွဲ ပြုလုပ်ရန် စီစဉ်နေကြခြင်းဖြစ်သည်။

“မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးဆီ သွားပြီး ယာယီမြေနေရာပေးဖို့ အကူအညီသွားတောင်းပါတယ်။ သူက လက်မခံဘူး။ ဆေးခန်းကို အလှူရှင်ရှိတဲ့အချိန်လေးမှာ ဆောက်ရတာဖြစ်တဲ့အတွက် အဲဒီနေရာမှာဆောက် လိုက်ပါတယ်။ သူကတရားစွဲတယ်” ဟုဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ဟုဆိုသည်။

ရွှေသန်လျင် အခမဲ့ဆေးခန်းကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီက စတင်တည်ဆောက်ခဲ့ပြီး ယခုချိန်ထိ အခမဲ့ဆေး ခန်း ဖွင့်လှစ်ခဲ့သည်မှာ သုံးလခန့်ရှိပြီဖြစ်သည်။ ရွှေသန်လျင် ပရဟိတ လူငယ် နာရေးကူညီမှုအသင်းသည် ဆင်းရဲသည့်ပြည်သူများအတွက် နာရေးကူညီမှုလုပ်ငန်းကို ၂၄နာရီ ဆောင်ရွက်ပေးခြင်း၊ အရေးပေါ် လူနာတင် ယာဉ်ဖြင့်လည်း ဆေးရုံများသို့ အခမဲ့ပို့ဆောင်းပေးခြင်းနှင့် ရွှေသန်လျင်ဆေးခန်းတွင်လည်း အခမဲ့ဆေးကုသပေးသည့် အဖွဲ့ဖြစ်သည်။

“ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ကျူးကျော်တွေအများကြီးရှိတယ်။ အခမဲ့ကူညီနေတဲ့ ဆေးခန်းကို တရားစွဲတယ်။ ကျွန်တော်လို့ပဲ အဆောက်အဦးတွေရှိတယ်။ အဲဒါတွေကို တရားမစွဲဘူး”ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော်အများကြီးရှိသည်ဟုဆိုကာ ရွှေသန်လျင်အခမဲ့ဆေးခန်းကို စည်ပင် ပိုင်မြေပေါ် တွင် ဆောက်လုပ်ထားသဖြင့် ပုဒ်မ ၆၈၊ ပုဒ်မ ၆၉ ဖြင့် တရားစွဲထားသည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment