Monday, March 17, 2014

ခရိုင်းမီးယားဒေသအရေး လူထုဆန္ဒခံယူပွဲ ကျင်းပ

Photo: ခရိုင်းမီးယားဒေသအရေး လူထုဆန္ဒခံယူပွဲ ကျင်းပ
Monday, March 17, 2014

ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံနှင့် ပြန်လည် ပူးပေါင်းရေး သို့မဟုတ် ယူကရိန်းနိုင်ငံနှင့် ပူးတွဲနေထိုင် ရေးအတွက် ဆန္ဒခံယူပွဲကို ယနေ့ကျင်းပခဲ့ရာ ခရိုင်းမီးယား ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် နေထိုင်လိုသူများက ပိုမိုများပြားခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။
ယင်းဆန္ဒခံယူပွဲသည် တရားမဝင်ကြောင်း ယူကရိန်း အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများက ပြောကြားသော်လည်း ရုရှားနိုင်ငံကမူ ယင်းဆန္ဒခံယူမှုအား ထောက်ခံခဲ့သည်။

ရုရှားလိုလားသူ ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအား ရာထူးမှဖယ်ရှားပြီးနောက် ခရိုင်းမီးယားဒေသတွင်းရှိ ရုရှားလူမျိုးနွယ်စုများ နေထိုင်ရာဒေသများအား ရုရှားစစ်ဘက်ကတပ်ဖွဲ့များစေလွှတ်ကာ ထိန်းချုပ်ထားမှုများ ပြုလုပ်ခဲ့သည်။ မဲဆန္ဒပေးသူများအနေဖြင့် ယူကရိန်းနှင့် ပူးပေါင်းနေထိုင်ရန် မျှော်လင့်ခဲ့သော်လည်း ခရိုင်းမီးယားဒေသတွင်းနေတာတော့ လူမျိုးနွယ်စုများက ယင်းဆန္ဒ ခံယူပွဲတွင် မဲပေးခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြသည်။

ယင်းဆန္ဒခံယူပွဲ ကျင်းပရာတွင် မဲရုံများဖွင့်ပြီး ခြောက်နာရီအတွင်း လာရောက်မဲပေးသူအရေအတွက်မှာ မဲဆန္ဒပေးခွင့်ရှိသူအားလုံး၏ ၄၄ ဒသမ ၂၇ ရာခိုင်နှုန်း ရှိကြောင်း ဆန္ဒခံယူပွဲကျင်းပရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရိုင်းမီးယားဒေသတစ်ဝန်းတွင် ဆန္ဒခံယူပွဲအတွက် မဲဆန္ဒပေးခြင်းကို ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ တွင် ကျင်းပခဲ့ပြီး မဲရုံများကို ည ၈ နာရီတွင် ပိတ်သိမ်း မည်ဖြစ်သည်။

ဘီဘီစီ
ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံနှင့် ပြန်လည် ပူးပေါင်းရေး သို့မဟုတ် ယူကရိန်းနိုင်ငံနှင့် ပူးတွဲနေထိုင် ရေးအတွက် ဆန္ဒခံယူပွဲကို ယနေ့ကျင်းပခဲ့ရာ ခရိုင်းမီးယား ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် နေထိုင်လိုသူများက ပိုမိုများပြားခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ယင်းဆန္ဒခံယူပွဲသည် တရားမဝင်ကြောင်း ယူကရိန်း အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများက ပြောကြားသော် လည်း ရုရှားနိုင်ငံကမူ ယင်းဆန္ဒခံယူမှုအား ထောက်ခံခဲ့သည်။

ရုရှားလိုလားသူ ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအား ရာထူးမှဖယ်ရှားပြီးနောက် ခရိုင်းမီးယားဒေသ တွင်း ရှိ ရုရှားလူမျိုးနွယ်စုများ နေထိုင်ရာဒေသများအား ရုရှားစစ်ဘက်ကတပ်ဖွဲ့များစေလွှတ်ကာ ထိန်းချုပ် ထား မှုများ ပြုလုပ်ခဲ့သည်။ မဲဆန္ဒပေးသူများအနေဖြင့် ယူကရိန်းနှင့် ပူးပေါင်းနေထိုင်ရန် မျှော်လင့်ခဲ့သော် လည်း ခရိုင်းမီးယားဒေသတွင်းနေတာတော့ လူမျိုးနွယ်စုများက ယင်းဆန္ဒ ခံယူပွဲတွင် မဲပေးခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြသည်။

ယင်းဆန္ဒခံယူပွဲ ကျင်းပရာတွင် မဲရုံများဖွင့်ပြီး ခြောက်နာရီအတွင်း လာရောက်မဲပေးသူအရေအတွက်မှာ မဲဆန္ဒပေးခွင့်ရှိသူအားလုံး၏ ၄၄ ဒသမ ၂၇ ရာခိုင်နှုန်း ရှိကြောင်း ဆန္ဒခံယူပွဲကျင်းပရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ခရိုင်းမီးယားဒေသတစ်ဝန်းတွင် ဆန္ဒခံယူပွဲအတွက် မဲဆန္ဒပေးခြင်းကို ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ တွင် ကျင်းပခဲ့ပြီး မဲရုံများကို ည ၈ နာရီတွင် ပိတ်သိမ်း မည်ဖြစ်သည်။

ဘီဘီစီ

No comments:

Post a Comment