Thursday, March 6, 2014

စင်ကာပူအစိုးရ အင်ဂျင်နီယာကျောင်း လျှောက်ထားနိုင်

စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ ဘာသာရပ်များ သင်ကြားလိုသူများ အတွက် အစိုးရ အင်ဂျင်နီယာကျောင်း BCA Academy (Building Construction Authority) တွင် တက်ရောက်ရန် လျှောက်ထားနိုင်ကြောင်း Future Way Education & Services ထံမှသိရှိရသည်။

BCA Academy ၏ ဝင်ခွင့် စာမေးပွဲကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ် တက်ရောက်နေဆဲ ကျောင်းသား ကျောင်းသူများနှင့် IGCSE ဖြေဆို အောင်မြင်ထားသော ကျောင်းသူ၊ ကျောင်းသားများ ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းနှင့် IELTS၊ TOEFL အမှတ်မလိုဘဲ မိမိ စိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ် လျှောက်ထားနိုင်ကြောင်း၊ ဒီပလိုမာ သုံးနှစ် တက်ရောက်ရမည် ဖြစ်ပြီး BCA Academy ၏ ဝင်ခွင့် စာမေးပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း Future Way ထံမှ သိရှိရသည်။

အသေးစိတ် သိရှိလိုပါက ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်း အမှတ် (၉) သမ္မတကွန်ဒို၊ အခန်း ၆ (A) ဖုန်း ၀၁-၂၅၄၆၂၈၊ ၂၅၄၁၈၅ တို့တွင် စုံစမ်းနိုင်မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment