Monday, March 17, 2014

ရုရှားနဲ့ပူးပေါင်းဖို့ခရိုင်းမီးယား ပြည်သူ အများစု ထောက်ခံ

Photo: ရုရှားနဲ့ပူးပေါင်းဖို့ခရိုင်းမီးယား ပြည်သူ အများစု ထောက်ခံ
Monday, March 17, 2014

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသ ပိုင်ဆိုင်မှုအရေးနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာ ဖြစ်နေတဲ့ လူထုဆန္ဒ ခံယူပွဲ တရပ်ကို မနေ့ကပဲ ကျင်းပပြီးစီးခဲ့ပါတယ်။

လူထုဆန္ဒခံယူပွဲက ရရှိတဲ့ရလဒ်တွေအရ ခရိုင်းမီးယား ဒေသကို ယူကရိန်း နိုင်ငံ ထဲကနေ ခွဲထွက်ပြီး ရုရှား နိုင်ငံနဲ့ ပူးပေါင်းဖို့ အများစုက မဲပေး ထောက်ခံ ခဲ့ကြတယ်လို့ ရုရှား အစိုးရ သတင်း မီဒီယာ တွေက ဆိုပါတယ်။

ဆန္ဒခံယူပွဲကို ဒေသခံ ပြည်သူ ၁.၅သန်းက လာရောက် မဲပေးကြပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းကျော် က ရုရှားနဲ့ ပူးပေါင်းဖို့ လိုလား ကြတာဖြစ်ပါတယ်။

အဆိုပါ လူထု ဆန္ဒခံယူပွဲမှာ မေးခွန်းနှစ်ခု မေးထား တာဖြစ်ပြီး ပထမ မေးခွန်း ကတော့ ခရိုင်းမီးယားကို ရှရှားနဲ့ ပြန်လည် ပေါင်းစည်းဖို့ ဆန္ဒ ရှိသလား ဆိုတဲ့ မေးခွန်းနဲ့ ဒုတိယ မေးခွန်း ကတော့ ၁၉၉၂ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ခရိုင်းမီးယားကို ယူကရိန်း နိုင်ငံမှာပဲ ဆက်လက် ထားရှိ လိုသလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

ရုရှား အစိုးကို ထောက်ခံတဲ့ ဒေသခံတွေရဲ့ အကူအညီနဲ့ ခရိုင်းမီးယား ကျွန်းဆွယ် ဒေသကို ပြီးခဲ့တဲ့ လက စပြီးတော့ ရုရှား စစ်တပ် တွေက ၀င်ရောက် သိမ်းပိုက် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု ကျင်းပ ပြီးစီးခဲ့တဲ့ လူထုဆန္ဒခံယူပွဲရဲ့ ရလဒ်ကို အမေရိကန် ပြည်ထောင်စု အနေနဲ့ တရားဝင် အဖြစ် လက်ခံမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ရုရှား အစိုးရကို ပြောထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရိုင်းမီးယား အရေးနဲ့ ပတ်သက်ပြီး ရုရှားအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုနဲ့ အရေးယူ ခံရနိုင် တယ်လို့ အိမ်ဖြူတော်က သတိပေးထားပါတယ်။

ရုရှားနဲ့ ကုန်သွယ်ရေး အများစုလုပ်နေတဲ့ ဘယ်လ်ဂျီယံက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဖို့ မလုပ်ဖို့ဆိုတာကို ဒီတနင်္ဂလာနေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ဆိုပါတယ်။

ABC Radio Australia
ယူကရိန်းနိုင်ငံ ​ခရိုင်းမီးယားဒေသ ​ပိုင်ဆိုင်မှုအရေးနဲ့ ​ပတ်သက်တဲ့ ​အငြင်းပွားစရာ ​ဖြစ်နေတဲ့ ​လူထုဆန္ဒ ​ခံယူပွဲ ​တရပ်ကို ​မနေ့ကပဲ ​ကျင်းပပြီးစီးခဲ့ပါတယ်။

လူထုဆန္ဒခံယူပွဲက ​ရရှိတဲ့ရလဒ်တွေအရ ​ခရိုင်းမီးယား ​ဒေသကို ​ယူကရိန်း ​နိုင်ငံ ​ထဲကနေ ​ခွဲထွက်ပြီး ​ရုရှား ​နိုင်ငံနဲ့ ​ပူးပေါင်းဖို့ ​အများစုက ​မဲပေး ​ထောက်ခံ ​ခဲ့ကြတယ်လို့ ​ရုရှား ​အစိုးရ ​သတင်း ​မီဒီယာ ​တွေက ​ဆိုပါတယ်။

ဆန္ဒခံယူပွဲကို ​ဒေသခံ ​ပြည်သူ ​၁.၅သန်းက ​လာရောက် ​မဲပေးကြပြီး ​အဲဒီထဲက ​၉၀ ​ရာခိုင်နှုန်းကျော် ​က ​ရုရှားနဲ့ ​ပူးပေါင်းဖို့ ​လိုလား ​ကြတာဖြစ်ပါတယ်။

အဆိုပါ ​လူထု ​ဆန္ဒခံယူပွဲမှာ ​မေးခွန်းနှစ်ခု ​မေးထား ​တာဖြစ်ပြီး ​ပထမ ​မေးခွန်း ​ကတော့ ​ခရိုင်းမီးယားကို ​ရှရှားနဲ့ ​ပြန်လည် ​ပေါင်းစည်းဖို့ ​ဆန္ဒ ​ရှိသလား ​ဆိုတဲ့ ​မေးခွန်းနဲ့ ​ဒုတိယ ​မေးခွန်း ​ကတော့ ​၁၉၉၂ ​ခုနှစ် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​အရ ​ခရိုင်းမီးယားကို ​ယူကရိန်း ​နိုင်ငံမှာပဲ ​ဆက်လက် ​ထားရှိ ​လိုသလား ​ဆိုတဲ့ ​မေးခွန်းတွေ ​ဖြစ်ပါတယ်။

ရုရှား ​အစိုးကို ​ထောက်ခံတဲ့ ​ဒေသခံတွေရဲ့ ​အကူအညီနဲ့ ​ခရိုင်းမီးယား ​ကျွန်းဆွယ် ​ဒေသကို ​ပြီးခဲ့တဲ့ ​လက ​စပြီးတော့ ​ရုရှား ​စစ်တပ် ​တွေက ​၀င်ရောက် ​သိမ်းပိုက် ​ခဲ့တာ ​ဖြစ်ပါတယ်။

ဒါပေမယ့် ​အခု ​ကျင်းပ ​ပြီးစီးခဲ့တဲ့ ​လူထုဆန္ဒခံယူပွဲရဲ့ ​ရလဒ်ကို ​အမေရိကန် ​ပြည်ထောင်စု ​အနေနဲ့ ​တရားဝင် ​အဖြစ် ​လက်ခံမှာ ​မဟုတ်ဘူးလို့ ​အမေရိကန် ​နိုင်ငံခြားရေး ​၀န်ကြီး ​ဂျွန်ကယ်ရီက ​ရုရှား ​အစိုးရကို ​ပြောထားတယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​ခရိုင်းမီးယား ​အရေးနဲ့ ​ပတ်သက်ပြီး ​ရုရှားအနေနဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့မှုနဲ့ ​အရေးယူ ​ခံရနိုင် ​တယ်လို့ ​အိမ်ဖြူတော်က ​သတိပေးထားပါတယ်။

ရုရှားနဲ့ ​ကုန်သွယ်ရေး ​အများစုလုပ်နေတဲ့ ​ဘယ်လ်ဂျီယံက ​ရုရှားကို ​ဒဏ်ခတ်ပိတ်ဆို့မှု ​လုပ်ဖို့ ​မလုပ်ဖို့ဆိုတာကို ​ဒီတနင်္ဂလာနေ့မှာ ​ဆုံးဖြတ်ချက်ချမယ်လို့ ​ဆိုပါတယ်။

ABC Radio Australia

No comments:

Post a Comment