Monday, March 17, 2014

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော်အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြမည်

Photo: ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော်အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြမည်
Monday, March 17, 2014

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော်အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားစွဲဆိုခံထားရခြင်းနှင့် ပတ်သက်၍ ရွှေသန်လျင် အခမဲ့ဆေးခန်းမှ တာဝန်ရှိသူများက မတ် ၁၆ ရက်၌ သတင်းစာရှင်းလင်းပွဲကို အဆိုပါဆေးခန်းတွင် ပြုလုပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယင်းကဲ့သို့ တရားစွဲဆိုမှုအပေါ် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ရွှေသန်လျင် အခမဲ့ဆေးခန်းကို ရွှေသန်လျင် နာရေးကူညီမှုအသင်းမှ ၂၀၁၄ ဇန်န၀ါရီတွင် ယာယီမှတ်ပုံတင် ပ-ရက/၀၀၇၈ ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဓမ္မရတနာလမ်း (၈၈) ရပ်ကွက်၌ ဖွင့်လှစ်ခဲ့ပြီး နေ့စဉ်လူနာ ၄၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဆေးခန်း ဖွင့်လှစ်ထားသည့် မြေနေရာအား စည်ပင်ပိုင်မြေဖြစ်ပြီး ကျူးကျော်မြေတွင် ဖွင့်လှစ်ထားသည်ဟုဆိုကာ ပုဒ်မ ၆၈၊ ၆၉ တို့ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးမှ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဘက်မှာက ဆင်းရဲနွမ်းပါးတဲ့သူတွေ များတယ်။ အဲဒါကြောင့် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် အလှူရှင်လည်းရှိတာနဲ့ ဆေးခန်းဆောက်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ခွင့်တောင်းခဲ့ပါတယ်။ သူတို့ဘက်ကတော့ ဖွင့်ခွင့်ပြုခဲ့ပေမယ့် မြို့နယ်စည်ပင်ကို ခွင့်ပြုချက်တောင်းပါဆိုလို့ ကျွန်တော်တို့ ခွင့်ပြုချက်သွားတောင်းပေမယ့် သူတို့က ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ရပ်ကွက်ရဲ့ အချက်အချာကျတဲ့ နေရာကိုရွေးပြီး ဆေးခန်းကိုဆောက်ခဲ့တယ်။ ဆေးခန်းစဖွင့်ကတည်းက စည်ပင်ကပုဒ်မ ၆၈ နဲ့ တရားစွဲတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဒဏ်ငွေသွားဆောင်ခဲ့ရတယ်။ အခု နောက်ထပ်တစ်ခါ ပုဒ်မ ၆၉ နဲ့ တရားပြန်စွဲတယ်။ ကျွန်တော် ဒဏ်ငွေမဆောင်နိုင်ပါဘူး။ အဲဒီပုဒ်မမှာ ဒဏ်ငွေက တစ်နေ့ကို တစ်သောင်းဆောင်ရမယ်လို့ ပါတယ်။ ကျွန်တော်တို့ ဆေးခန်းမှာက ဆင်းရဲတဲ့ပြည်သူတွေက လှူဒါန်းထားတဲ့ လစဉ်ထောက်ပံ့ငွေ ဖြစ်တဲ့အတွက် ဒဏ်ငွေမဆောင်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ်တစ်နှစ်ချမှတ်ရင်လည်း လက်ခံမယ်လို့ ပြောခဲ့ပါတယ်။ ဒီမြို့နယ်မှာက ကျူးကျော်တွေ အများကြီးပါ။ အဲဒီအများကြီးရှိတဲ့ နေကြတဲ့နေရာမှာမှ ဒီဆေးခန်းကိုပဲရွေးပြီး တရားစွဲတာက လုံးဝမဖြစ်သင့်ပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးချုပ်အထိ ဆေးခန်းနေရာ အတည်တကျဖြစ်ဖို့အတွက် တင်ပြတောင်းဆိုသွားမှာပါ” ဟုေ ရွှေသန်လျင် အခမဲ့ဆေးခန်းမှ ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ဆိုသည်။

ရွှေသန်လျင် နာရေးကူညီမှုအသင်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ နာရေးကူညီမှုပေါင်း ၂၀၀၀ ကျော်၊ အရေးပေါ်လူနာပေါင်း ၅၀၀ ကျော်အား ကူညီပေးခဲ့ပြီး အခမဲ့ဆေးခန်းကို ၂၀၁၄ ဇန်န၀ါရီမှ ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် ညနေ ၅ နာရီမှ ၉ နာရီထိ ဆေးကုသမှုများ ပေးအပ်လျက်ရှိပြီး အောက်ဆီဂျင်အခမဲ့ လှုဒါန်းမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရွှေသန်လျင် နာရေးကူညီမှုအသင်းမှ သိရသည်။

Eleven Media Group

ရွှေသန်လျင် အခမဲ့ဆေးခန်းအား မတ် ၁၆ ရက်က တွေ့ရစဉ်
ရွှေသန်လျင် အခမဲ့ဆေးခန်းအား မတ် ၁၆ ရက်က တွေ့ရစဉ်

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရွှေသန်လျင် အခမဲ့ဆေးခန်း မြေနေရာအား ကျူးကျော် အဖြစ် မြို့နယ်စည်ပင်မှ တရားစွဲဆိုထားခြင်းကို သက်ဆိုင်ရာဝန်ကြီးများထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားစွဲဆိုခံထားရခြင်းနှင့် ပတ်သက်၍ ရွှေသန်လျင် အခမဲ့ဆေးခန်းမှ တာဝန်ရှိသူများက မတ် ၁၆ ရက်၌ သတင်းစာရှင်းလင်းပွဲကို အဆိုပါဆေးခန်းတွင် ပြုလုပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယင်းကဲ့သို့ တရားစွဲဆိုမှုအပေါ် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ရွှေသန်လျင် အခမဲ့ဆေးခန်းကို ရွှေသန်လျင် နာရေးကူညီမှုအသင်းမှ ၂၀၁၄ ဇန်န၀ါရီတွင် ယာယီမှတ်ပုံတင် ပ-ရက/၀၀၇၈ ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဓမ္မရတနာလမ်း (၈၈) ရပ်ကွက်၌ ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် လူနာ ၄၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဆေးခန်း ဖွင့်လှစ်ထားသည့် မြေနေရာအား စည်ပင်ပိုင်မြေဖြစ်ပြီး ကျူးကျော်မြေတွင် ဖွင့်လှစ်ထားသည်ဟုဆိုကာ ပုဒ်မ ၆၈၊ ၆၉ တို့ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးမှ ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဘက်မှာက ဆင်းရဲနွမ်းပါးတဲ့သူတွေ များတယ်။ အဲဒါကြောင့် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက် မှုတွေ ပေးနိုင်ဖို့အတွက် အလှူရှင်လည်းရှိတာနဲ့ ဆေးခန်းဆောက်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ခွင့်တောင်းခဲ့ပါတယ်။ သူတို့ဘက်ကတော့ ဖွင့်ခွင့်ပြုခဲ့ပေမယ့် မြို့နယ် စည်ပင်ကို ခွင့်ပြုချက်တောင်းပါဆိုလို့ ကျွန်တော်တို့ ခွင့်ပြုချက်သွားတောင်းပေမယ့် သူတို့က ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ရပ်ကွက်ရဲ့ အချက်အချာကျတဲ့ နေရာကိုရွေးပြီး ဆေးခန်းကိုဆောက်ခဲ့တယ်။ ဆေးခန်းစဖွင့်ကတည်းက စည်ပင်ကပုဒ်မ ၆၈ နဲ့ တရားစွဲတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဒဏ်ငွေ သွားဆောင်ခဲ့ရတယ်။ အခု နောက်ထပ်တစ်ခါ ပုဒ်မ ၆၉ နဲ့ တရားပြန်စွဲတယ်။ ကျွန်တော် ဒဏ်ငွေ မဆောင်နိုင် ပါဘူး။ အဲဒီပုဒ်မမှာ ဒဏ်ငွေက တစ်နေ့ကို တစ်သောင်းဆောင်ရမယ်လို့ ပါတယ်။ ကျွန်တော်တို့ ဆေးခန်းမှာက ဆင်းရဲတဲ့ပြည်သူတွေက လှူဒါန်းထားတဲ့ လစဉ်ထောက်ပံ့ငွေ ဖြစ်တဲ့အတွက် ဒဏ်ငွေ မဆောင်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ်တစ်နှစ်ချမှတ်ရင်လည်း လက်ခံမယ်လို့ ပြောခဲ့ပါတယ်။ ဒီမြို့နယ်မှာက ကျူးကျော်တွေ အများကြီးပါ။ အဲဒီအများကြီးရှိတဲ့ နေကြတဲ့နေရာမှာမှ ဒီဆေးခန်းကိုပဲရွေးပြီး တရားစွဲတာက လုံးဝမဖြစ်သင့်ပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးချုပ်အထိ ဆေးခန်းနေရာ အတည်တကျဖြစ်ဖို့အတွက် တင်ပြတောင်းဆိုသွားမှာပါ” ဟုေ ရွှေသန်လျင် အခမဲ့ဆေးခန်းမှ ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ဆိုသည်။

ရွှေသန်လျင် နာရေးကူညီမှုအသင်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ နာရေး ကူညီမှုပေါင်း ၂၀၀၀ ကျော်၊ အရေးပေါ်လူနာပေါင်း ၅၀၀ ကျော်အား ကူညီပေးခဲ့ပြီး အခမဲ့ဆေးခန်းကို ၂၀၁၄ ဇန်န၀ါရီမှ ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် ညနေ ၅ နာရီမှ ၉ နာရီထိ ဆေးကုသမှုများ ပေးအပ်လျက်ရှိပြီး အောက်ဆီဂျင်အခမဲ့ လှုဒါန်းမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရွှေသန်လျင် နာရေးကူညီမှုအသင်းမှ သိရသည်။

Eleven Media Group

No comments:

Post a Comment