Monday, March 17, 2014

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီးယူရန် လိုအပ်ဟု (၂၆) နှစ်မြောက် ‘တံတားနီနေ့’ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ပါရှိ

Photo: ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီးယူရန် လိုအပ်ဟု (၂၆) နှစ်မြောက် ‘တံတားနီနေ့’ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ပါရှိ
Monday, March 17, 2014

ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု “တံတားနီနေ့” (၂၆)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်၌ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ရာ တံတားနီနေ့ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ အပါအ၀င် အားလုံးသည် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီးယူကြဖို့ လိုအပ်နေပြီဖြစ်သည်ဟု သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။

“တံတားနီနေ့ အပါအ၀င် အထိမ်းအမှတ်နေ့တွေဟာ သမိုင်းရေးရာ တန်ဖိုးနဲ့ အချက်အလက်တွေကို မမေ့လျော့စေဖို့အပြင် ဒီနေ့ခေတ်ရဲ့ သမိုင်းတာဝန်တွေကို ဆက်ပြီးထမ်းဆောင်ဖို့၊ ကျေပွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါရှိမယ်လို့ ယုံကြည်ရင်း ဒီသ၀ဏ်လွှာကို ပေးပို့လိုက်ရပါတယ်” ဟု အဆိုပါသ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို ဖော်ပြထားသည်။

လွန်ခဲ့သည့် (၂၆)နှစ် ၁၉၈၈ ခုနှစ် မတ်လတွင် တစ်ပါတီ အာဏာရှင်စနစ်၏ ဖိနှိပ်မှု၊ မတရားမှုများကို ငြိမ်းချမ်းစွာ ဆန့်ကျင်မှုပြုလုပ်ခဲ့ကြသည့် ရန်ကုန်တက္ကသိုလ်များမှ တက္ကသိုလ်ကျောင်းသားများအား အာဏာပိုင်များက အင်အားသုံးနှိမ်နင်းမှုများကြောင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများစွာ သေဆုံးဒဏ်ရာ ရခဲ့ကြသည့်အပြင် ကျောင်းသား၊ ကျောင်းသူများစွာ ဖမ်းဆီးခံခဲ့ကြရကြောင်း သိရသည်။

“၁၉၈၈ ခုနှစ် မတ်လကာလတစ်ဝိုက်မှာ တိုင်းပြည်ရဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ပြည်သူတွေရဲ့မကျေနပ်ချက်တွေဟာ အထွတ်အထိပ်ကို ရောက်နေခဲ့ပါတယ်။ ပြည်သူတွေရဲ့ ခံစားချက်ဆန္ဒတွေကို ထင်ဟပ်တဲ့ကြေးမုံပြင်ဖြစ်တဲ့ ကျောင်းသားများဟာ ရှေ့တန်းကထွက်ပြီး လမ်းမပေါ်ရောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့(၂၆)နှစ်က အင်းလျားကန်ပေါင်ဘေးမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ တိုင်းပြည်တစ်ခုလုံးရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် တရားဥပဒေစိုးမိုးရေး အခြေအနေတွေကို ဖော်ထုတ်လှစ်ဟလိုက်တာပါ” ဟု သ၀ဏ်လွှာတွင် ပါရှိသည်။ တရားမဲ့မှု မမျှတမှုနှင့် ဖိနှိပ်မှုများအား အသက်များ ဘ၀များ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့မှုများအတွက် ဂုဏ်ပြုမှတ်တမ်းတင်ရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံအား တည်ဆောက်ရာတွင် တရားမျှတသော၊  လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်စေရေးအတွက် မြန်မာပြည်သူ ပြည်သားများ ဖြတ်သန်းခဲ့ရသည့် အမှောင်ခေတ် သမိုင်းဆိုးများ ထပ်မံမပေါ်ပေါက်စေရန်နှင့် အခွင့်အရေး တန်းတူညီမျှပြီး လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်စေရေးအတွက် အမျိုးသား ရင်ကြားစေရေးနှင့် တစ်မျိုးသားလုံး ပါဝင်သော ပြန်လည်တည်ဆောက်ရေးသည် မရှိမဖြစ် လိုအပ်သည်ဟု (၂၆) နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် ကျင်းပရေးကော်မတီမှ ထုတ်ပြန်ခဲ့သည့် ကြေညာစာတမ်းတွင် ဖော်ပြထားသည်။   

Eleven Media Group

မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု ‘တံတားနီနေ့’ (၂၆)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တွေ့ရစဉ်
မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု ‘တံတားနီနေ့’ (၂၆)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တွေ့ရစဉ်

ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု “တံတားနီနေ့” (၂၆)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကို ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်၌ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ရာ တံတားနီနေ့ ကျောင်းသားလှုပ်ရှားမှု တွင် ပါဝင်ခဲ့သူများ အပါအ၀င် အားလုံးသည် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီးယူကြဖို့ လိုအပ်နေပြီဖြစ်သည်ဟု သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။

“တံတားနီနေ့ အပါအ၀င် အထိမ်းအမှတ်နေ့တွေဟာ သမိုင်းရေးရာ တန်ဖိုးနဲ့ အချက်အလက်တွေကို မမေ့လျော့စေဖို့ အပြင် ဒီနေ့ခေတ်ရဲ့ သမိုင်းတာဝန်တွေကို ဆက်ပြီးထမ်းဆောင်ဖို့၊ ကျေပွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လည်း ပါရှိမယ်လို့ ယုံကြည်ရင်း ဒီသ၀ဏ်လွှာကို ပေးပို့လိုက်ရပါတယ်” ဟု အဆိုပါသ၀ဏ်လွှာ တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို ဖော်ပြထားသည်။

လွန်ခဲ့သည့် (၂၆)နှစ် ၁၉၈၈ ခုနှစ် မတ်လတွင် တစ်ပါတီ အာဏာရှင်စနစ်၏ ဖိနှိပ်မှု၊ မတရားမှုများကို ငြိမ်းချမ်းစွာ ဆန့်ကျင်မှုပြုလုပ်ခဲ့ကြသည့် ရန်ကုန်တက္ကသိုလ်များမှ တက္ကသိုလ်ကျောင်းသားများအား အာဏာ ပိုင်များက အင်အားသုံးနှိမ်နင်းမှုများကြောင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများစွာ သေဆုံးဒဏ်ရာ ရခဲ့ကြသည့်အပြင် ကျောင်းသား၊ ကျောင်းသူများစွာ ဖမ်းဆီးခံခဲ့ကြရကြောင်း သိရသည်။

“၁၉၈၈ ခုနှစ် မတ်လကာလတစ်ဝိုက်မှာ တိုင်းပြည်ရဲ့ အထွေထွေအကျပ်အတည်းတွေကြောင့် ပြည်သူတွေ ရဲ့မကျေနပ်ချက်တွေဟာ အထွတ်အထိပ်ကို ရောက်နေခဲ့ပါတယ်။ ပြည်သူတွေရဲ့ ခံစားချက်ဆန္ဒတွေကို ထင်ဟပ်တဲ့ကြေးမုံပြင်ဖြစ်တဲ့ ကျောင်းသားများဟာ ရှေ့တန်းကထွက်ပြီး လမ်းမပေါ်ရောက်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့(၂၆)နှစ်က အင်းလျားကန်ပေါင်ဘေးမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ တိုင်းပြည်တစ်ခုလုံးရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် တရားဥပဒေစိုးမိုးရေး အခြေအနေတွေကို ဖော်ထုတ်လှစ်ဟလိုက်တာပါ” ဟု သ၀ဏ်လွှာတွင် ပါရှိသည်။ တရားမဲ့မှု မမျှတမှုနှင့် ဖိနှိပ်မှုများအား အသက်များ ဘ၀များ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့မှုများအတွက် ဂုဏ်ပြုမှတ်တမ်းတင်ရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံအား တည်ဆောက်ရာ တွင် တရားမျှတသော၊  လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်စေရေးအတွက် မြန်မာပြည်သူ ပြည်သားများ ဖြတ်သန်းခဲ့ရသည့် အမှောင်ခေတ် သမိုင်းဆိုးများ ထပ်မံမပေါ်ပေါက်စေရန်နှင့် အခွင့်အရေး တန်းတူညီမျှပြီး လွတ်လပ်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်စေရေးအတွက် အမျိုးသား ရင်ကြားစေရေးနှင့် တစ်မျိုးသားလုံး ပါဝင်သော ပြန်လည်တည်ဆောက်ရေးသည် မရှိမဖြစ် လိုအပ်သည်ဟု (၂၆) နှစ်မြောက် တံတားနီနေ့ အထိမ်းအမှတ် ကျင်းပရေးကော်မတီမှ ထုတ်ပြန်ခဲ့သည့် ကြေညာစာတမ်းတွင် ဖော်ပြထားသည်။   

Eleven Media Group

No comments:

Post a Comment