Thursday, March 20, 2014

Deedo အချိုရည် FDA က စစ်ဆေးပြီ

လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသော သတင်းများကြောင့် Deedo အချိုရည်ဘူးများကို ဈေးကွက် အတွင်းမှကောက်ယူပြီး စစ်ဆေးမှုများဆောင်ရွက် နေပြီဖြစ်ကြောင်း ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှသိရသည်။

FDA အနေဖြင့် ဈေးကွက်အတွင်း မူရင်း Deedo အချိုရည်ဘူးများကို ကောက်ယူစစ်ဆေးလျက်ရှိပြီး အင်တာနက်စာမျက်နှာပေါ်တွင် တင်ထားသည့်ီနနိသအချိုရည်ဘူးမှာ မူရင်းဘူး မဟုတ် ဘဲဖြစ်နေသောကြောင့် အင်တာနက် စာမျက်နှာတွင်ပျံ့နှံ့လျက်ရှိသည့် စစ်ဆေးမှုရလဒ်များနှင့် ကွဲလွဲမှုများရှိနိုင်ကြောင်း FDA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''မူရင်းဘူးတွေကို လိုက်ပြီး ကောက်ယူစစ်ဆေးနေပါတယ်။ ရလဒ်ကတော့ အင်တာနက်စာမျက်နှာနဲ့တူမှာ မဟုတ်ဘူး။ အင်တာနက်စာမျက်နှာမှာ ပြထား တဲ့ဘူးက မူရင်းဘူးမဟုတ်ဘူး။ မူရင်းဘူးဆိုရင် ပိုးက တွေ့တာနည်းမယ်။ လှယ် ထားတဲ့ဘူးဆိုတော့ ပိုးတွေအများကြီး တွေ့တာဖြစ်နိုင် တယ်''ဟုပြော သည်။

အဆိုပါ Deedo အချိုရည်ကို ထိုင်းနိုင်ငံ၌ Food Star ကုမ္ပဏီမှ ထုတ်လုပ် ခြင်းဖြစ်ပြီး နှစ်ပေါင်း ၂ဝခန့်ကြာမြင့်ပြီဖြစ်ကာ နိုင်ငံတကာတွင် စိတ်ချလက်ချ သုံးစွဲနေကြကြောင်း သိရသည်။

FDA ရဲ့ အဖြေကိုစောင့်ပြီးရင် လုပ်စရာရှိတာတွေကို ဆက်ပြီးလုပ်သွား မယ်။ Food Star ရုံးခွဲကိုလဲ မြန်မာနိုင်ငံမှာ ဖွင့်သွားမယ်။ ကျွန်မတို့ရဲ့ ကုန်ပစ္စည်း ကို လုံးဝယုံကြည်တယ်။ အခုဟာက တွေ့တယ်သာပြောတာ ဘယ်အမျိုးအစားက တွေ့တာလဲဆိုတာ မသိရဘူး'' ဟု င်္သသှိအမေ ကုမ္ပဏီမှ အဓိက တာဝန်ရှိသူတစ်ဦး ဖြစ်သည့် Miss Chantra Porgsri
က ပြောသည်။

Deedo အချိုရည်တစ်လီတာတွင် မှိုခြောက်သိန်းပါရှိသည်ဟု မြန်မာ နိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းမှ သတင်းထုတ်ပြန်ထားပြီး ဈေးကွက်တွင် အဆိုပါ အချိုရည်ရောင်းအား အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment