Monday, March 3, 2014

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေး JICA ၏ အကြိုကွင်းဆင်းလေ့လာချက် အစီရင်ခံစာအပေါ် အမြင်ကွဲပြားမှုများ ဖြစ်ပေါ်

Photo: မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေး JICA ၏ အကြိုကွင်းဆင်းလေ့လာချက် အစီရင်ခံစာအပေါ် အမြင်ကွဲပြားမှုများ ဖြစ်ပေါ်
Monday, March 3, 2014

ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်း (JICA) အဖွဲ့၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေး အစီရင်ခံစာနှင့် ပတ်သက်ပြီး ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် (KESAN) အဖွဲ့နှင့် JICA တို့အကြား အမြင်ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သော JICA ၏ အစီရင်ခံစာသည် ‘မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားလူနည်းစုများအတွက် ပေါင်းစည်းနယ်မြေဖွံ့ဖြိုးရန် အကြိုကွင်းဆင်း လေ့လာချက်’ အစီရင်ခံစာဖြစ်ပြီး ထိုအစီရင်ခံစာကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် (KESAN) အဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်ခဲ့သည်။

“ကျွန်တော်တို့က သူတို့ရဲ့ အစီရင်ခံစာကို အသေးစိတ်လေ့လာပြီး စိုးရိမ်ရတဲ့ အချက်တွေကို အကျဉ်းချုပ် တင်ပြခဲ့တာပါ” ဟု KESAN အဖွဲ့၏ ဒုတိယတာဝန်ခံ စောအဲလက်စ်က Eleven Media Group သို့ ပြောကြားသည်။

JICA ၏ အကြိုကွင်းဆင်း လေ့လာချက် အစီရင်ခံစာမှာ မွန်နှင့်ကရင်ပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေး၊ အခြေခံ အဆောက်အအုံနှင့် ၀န်ဆောင်မှု အခြေအနေများကို ကွင်းဆင်းလေ့လာခြင်း၊ မြန်မာအစိုးရ၏ ဖွံ့ဖြိုးရေးမူဝါဒနှင့် အစီအစဉ်တို့ကို အကွက်ချဖော်ပြခြင်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းပုန်းရှောင်နေသူများ နေရပ်ပြန်လည် နေထိုင်ရေးနှင့် နေရာချပေးခြင်းအတွက် ဖွံ့ဖြိုးရေး လမ်းညွှန်ချက်များ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

KESAN အဖွဲ့၏ ဝေဖန်ချက်တွင် ထိုအစီရင်ခံစာပါ ကွင်းဆင်းလေ့လာမှုများမှာ အစိုးရ၏ လက်ရှိ ရှိနှင့်ပြီးသား သတင်းအချက်အလက်များကိုသာ အဓိက အခြေခံခဲ့ပြီး ကွင်းဆင်းလေ့လာမှုများကို ကျယ်ပြန့်စွာ မပြုလုပ်ခဲ့ဘဲ ပြည့်စုံမှု မရှိသည့်အပြင် ကန့်သတ်နယ်မြေများတွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဒေသခံလူထုနှင့် တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများကိုလည်း ပြုလုပ်ခြင်း မရှိခဲ့ဘဲ stakeholdesrs များနှင့်သာ တွေ့ဆုံ၊ တိုင်ပင်ဆွေးနွေးခဲ့သည်ဟု ဝေဖန်ခဲ့သည်။

KESAN အဖွဲ့၏ ထုတ်ပြန်ချက်ပါ ဝေဖန်မှုများကို JICA စီမံကိန်းများ၏ အဖွဲ့ခေါင်းဆောင် မစ္စတာ T. Hashimoto က တုံ့ပြန်ပြောကြားခဲ့သည်။

“JICA အကြံပေးအဖွဲ့ အနေနဲ့ လေ့လာစဉ် ကာလအတွင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက မြို့နယ်ပေါင်း ၁၇ ခုနဲ့ မြို့နယ်ခွဲပေါင်း ၁၁ ခုကို သွားရောက်ခဲ့ပြီး တစ်နေရာမှာ နှစ်နာရီကြာ လက်ရှိအနေအထားတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အမြင်တွေကို ဆွေးနွေးတိုင်ပင် ခဲ့ကြပါတယ်။ အဲဒီ့ အစည်းအဝေးတွေမှာ ဒေသခံအရာရှိတွေ ပါဝင်တဲ့အပြင် ဒေသခံ ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူမှုရေးစစ်တမ်းလည်း ကောက်ယူခဲ့ပါတယ်” ဟု မစ္စတာ T.Hashimoto က Eleven Media Group သို့ ပြောကြားသည်။

သို့သော် လုံခြုံရေး စိုးရိမ်မှုနှင့် အချိန်မလုံလောက်မှုများကြောင့် စစ်တမ်းမှာ အကန့်အသတ်များ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

JICA အကြံပေးအဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရ အပါအ၀င် တိုင်းရင်းသား လူနည်းစုများနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် နှစ်ဖက်စလုံးက ဖွံ့ဖြိုးမှုကို ဦးစားပေး ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း မစ္စတာ T.Hashimoto ဆိုသည်။

ကရင်ပြည်နယ်၌လည်း ထိုကဲ့သို့ အစည်းအဝေး ပြုလုပ်ရန် တင်ပြခဲ့သော်လည်း ကရင်ပြည်နယ် အစိုးရနှင့် တိုင်းရင်းသားလူနည်းစု အုပ်စုများအကြား မပြေလည်မှုများကြောင့် အစည်းအဝေး မလုပ်နိုင်ခဲ့ကြောင်း မစ္စတာ T.Hashimoto က ဆက်လက်ပြောကြားသည်။

KESAN အဖွဲ့၏ ထုတ်ပြန်ဝေဖန်ချက်နှင့် ပတ်သက်ပြီး ထိုအဖွဲ့ကို ဆက်သွယ်အကြောင်းပြန်မှု ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် JICA ၏လက်ရှိစီမံကိန်းနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် ကိစ္စများကို ဆွေးနွေးရန် သဘောတူထားကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ဆီကို သူတို့အဖွဲ့က အကြောင်းပြန်ထားတယ်။ တွေ့ဖို့လည်း စီစဉ်ထားတယ်။ ဘယ်နေ့မှာတွေ့ဖြစ်မလဲ ဆိုတာတော့ မသိသေးဘူး” ဟု စောအဲလက်စ်က ပြောကြားသည်။

JICA ၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတွင် စီးပွားရေးအတွက် အရေးပါသော လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ လွတ်လပ်သည့် ကုန်သွယ်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များ ပါဝင်သည့်အပြင် ဒုက္ခသည်များနှင့် ပြည်တွင်းပုန်းရှောင် နေထိုင်သူများ နေရပ်ပြန်လည် အခြေချရေးအတွက် အကြံပြုချက်များလည်း ပါဝင်သည်။

JICA ၏ အကြိုကွင်းဆင်း လေ့လာချက် အစီရင်ခံစာတွင် လစ်ဟာချက်များ ရှိနေပြီး ထိုလစ်ဟာချက်များမှာ လက်ရှိအစိုးရ ပုံစံသည် ကိုယ်စားပြုမှုများ ကင်းမဲ့နေကြောင်းကို အသိအမှတ် မပြုထားခြင်း၊ ပြည်နယ်နှင့် ဒေသအစိုးရတို့၏ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေးပိုင်း ဆိုင်ရာများတွင် ပြည့်စုံမှု ရှိ၊ မရှိကို အကဲဖြတ် သုံးသပ်မှုမရှိခြင်း၊ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခနှင့် ၎င်း၏ကာလကြာ နောက်ဆက်တွဲ ဆိုးကျိုးများကို သုံးသပ်မှုမရှိခြင်း၊ လက်ရှိရှိနှင့်ပြီးသား ပြည်တွင်းစွမ်းရည်၊ အစိုးရအဖွဲ့အစည်း ဌာနများ၊ အဖွဲ့အစည်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန် ပျက်ကွက်ခြင်း၊ အထူးသဖြင့် မိမိကိုယ်မိမိ အားကိုးခြင်းနှင့် ရေရှည်တည်တံ့သောနည်းဖြင့် သဘာဝအရင်းအမြစ် စီမံကွပ်ကဲမှုပိုင်း ဆိုင်ရာများတွင် စွမ်းရည်မြှင့်တင်ပေးရန် ပျက်ကွက်ခြင်း၊ ဒေသတွင်းရှိ ကြွယ်ဝသော ဇီဝမျိုးကွဲ အမျိုးမျိုးနှင့် အဆိုပါဒေသ အတွင်းရှိ ပြည်သူဦးဆောင်ပါဝင်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို အသိအမှတ်ပြုမှု မရှိခြင်း၊ အမျိုးသား ပေါင်းစည်းရေးအတွက် တိုင်းရင်းသား အခွင့်အရေးနှင့် ၎င်းတို့၏ဘ၀ ကောင်းစားရေးများကို ကာကွယ်ထိန်းသိမ်းပေးမည့် နည်းဗျူဟာ၊ လုပ်ငန်းစဉ်များကို ဖော်ပြပေးမှု မရှိခြင်း၊ အောင်မြင်မှု အတိုင်းအတာ (ရှေ့လုပ်ငန်း အခြေအနေ) ကို ထည့်သွင်းဖော်ပြမှု မရှိခြင်းတို့ဖြစ်ကြောင်း KESAN အဖွဲ့က ထောက်ပြထားသည်။

ထို့ပြင် အကြိုကွင်းဆင်း လေ့လာချက် အစီရင်ခံစာနှင့် ပတ်သက်သော မေးခွန်းများကိုလည်း KESAN က မေးမြန်းခဲ့သည်။ အဆိုပါ မေးခွန်းများထဲတွင် ဒေသဖွံ့ဖြိုးရေးအတွက် အစီရင်ခံစာနှင့် အဆုံးအဖြတ်ကို ဗဟိုအစိုးရက ချုပ်ကိုင်ထားခြင်းအားဖြင့် ထာဝရငြိမ်းချမ်းရေးနှင့် စီးပွားရေးအရ ကြွယ်ဝမှုအတွက် ရလဒ်ကောင်း ထွက်ရှိလာနိုင်မည်လား၊ ဒေသခံလူထုမှ ပါဝင်ပြောဆိုနိုင်ရန် မည်သည့်လုပ်ငန်းစဉ်များ ရှိပါသနည်း၊ အထူးသဖြင့် ယခုကွင်းဆင်းလေ့လာမှုမှတစ်ဆင့် နယ်မြေဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ်များ၊ လုပ်ငန်းဘောင်များ ချမှတ်ထားပြီးဖြစ်ကာ တသီတတန်း ရှိနေသော စီမံကိန်းများသည်လည်း စတင်ရန် အရိပ်အယောင် ပြနေသည့်အချိန်၌ လူထုပါဝင်ပြောဆိုရန် မည်သည့်လုပ်ငန်းစဉ်များ ရှိပါသနည်း၊ ထိုလုပ်ငန်းစဉ်များတွင် လူထုမပါဝင်ဘဲ စစ်မှန်သော အောင်မြင်မှုကို မည်ကဲ့သို့ ရရှိမည်နည်း၊ JICA ၏ လုပ်ငန်းအစီအစဉ်များကို ရှေ့ဆက်ရန် မည်သို့သော နိုင်ငံရေး အခြေအနေများ လိုအပ်သနည်း၊ JICA အနေဖြင့် မည်သို့သော နိုင်ငံရေး တိုးတက်မှုကို မျှော်မှန်းထားသနည်း၊ ကိုယ်စားပြုမှု မရရှိဘဲ ထိခိုက်လွယ်ကာ ဘ၀မလုံခြုံ ဖြစ်နေသော အစုအဖွဲ့များ (ဥပမာ-အမျိုးသမီးများ)အား နဂိုထက် ပိုမိုဆိုးရွားသော အခြေအနေသို့ တွန်းပို့ပေးမည့် အခြေအနေများကို JICA အနေဖြင့် မည်ကဲ့သို့ အကာအကွယ် ပေးမည်နည်း၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်းနှင့် လမ်းသစ်တည်ဆောက် ဖောက်လုပ်ခြင်းများကြောင့် ဖြစ်ပေါ်လာမည့် မြေယာသိမ်းဆည်းမှုများကို JICA အနေဖြင့် လုပ်ငန်းဖော်ဆောင်ချိန်တွင် မည်သို့ရှောင်ဖယ် တားဆီးကာကွယ် သွားမည်နည်း အစရှိသည်တို့ ပါဝင်ခဲ့သည်။

“KESAN ထုတ်ပြန်ချက်မှာ မေးမြန်းခဲ့တဲ့ မေးခွန်းတွေ အားလုံးကို ကျွန်တော်ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ (ဘာတွေဖြေခဲ့သလဲ ဆိုတာကို) ပြန်လည်ပြောဆိုတာ မလုပ်နိုင်သေးပါဘူး” ဟု မစ္စတာ T.Hashimoto ကဆိုသည်။

ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်း (JICA) အဖွဲ့သည် မြန်မာနိုင်ငံ၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများစွာကို လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အပါအ၀င် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင်လည်း အဓိက စံမံကိန်းများ လုပ်ဆောင်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် JICA အစီရင်ခံစာအရ သိရသည်။

Eleven Media Group 

(မြန်မာနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသော JICA စီမံကိန်းများပြ မြေပုံ (Source-JICA))

ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်း (JICA) အဖွဲ့၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေး အစီရင်ခံ စာနှင့် ပတ်သက်ပြီး ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် (KESAN) အဖွဲ့နှင့် JICA တို့အကြား အမြင်ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သော JICA ၏ အစီရင်ခံစာသည် ‘မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားလူနည်းစုများအတွက် ပေါင်းစည်းနယ်မြေဖွံ့ဖြိုးရန် အကြိုကွင်းဆင်း လေ့လာချက်’ အစီရင်ခံစာဖြစ်ပြီး ထိုအစီရင်ခံစာကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် (KESAN) အဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်ခဲ့သည်။

“ကျွန်တော်တို့က သူတို့ရဲ့ အစီရင်ခံစာကို အသေးစိတ်လေ့လာပြီး စိုးရိမ်ရတဲ့ အချက်တွေကို အကျဉ်းချုပ် တင်ပြခဲ့တာပါ” ဟု KESAN အဖွဲ့၏ ဒုတိယတာဝန်ခံ စောအဲလက်စ်က Eleven Media Group သို့ ပြောကြားသည်။

JICA ၏ အကြိုကွင်းဆင်း လေ့လာချက် အစီရင်ခံစာမှာ မွန်နှင့်ကရင်ပြည်နယ်အတွင်းရှိ သဘာဝ ပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေး၊ အခြေခံ အဆောက်အအုံနှင့် ၀န်ဆောင်မှု အခြေအနေများကို ကွင်းဆင်းလေ့လာခြင်း၊ မြန်မာအစိုးရ၏ ဖွံ့ဖြိုးရေးမူဝါဒနှင့် အစီအစဉ်တို့ကို အကွက်ချဖော်ပြခြင်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းပုန်းရှောင်နေသူများ နေရပ်ပြန်လည် နေထိုင်ရေးနှင့် နေရာချပေးခြင်းအတွက် ဖွံ့ဖြိုးရေး လမ်းညွှန်ချက်များ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

KESAN အဖွဲ့၏ ဝေဖန်ချက်တွင် ထိုအစီရင်ခံစာပါ ကွင်းဆင်းလေ့လာမှုများမှာ အစိုးရ၏ လက်ရှိ ရှိနှင့်ပြီးသား သတင်းအချက်အလက်များကိုသာ အဓိက အခြေခံခဲ့ပြီး ကွင်းဆင်းလေ့လာမှုများကို ကျယ်ပြန့်စွာ မပြုလုပ်ခဲ့ဘဲ ပြည့်စုံမှု မရှိသည့်အပြင် ကန့်သတ်နယ်မြေများတွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဒေသခံလူထုနှင့် တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများကိုလည်း ပြုလုပ်ခြင်း မရှိခဲ့ဘဲ stakeholdesrs များနှင့်သာ တွေ့ဆုံ၊ တိုင်ပင်ဆွေးနွေးခဲ့သည်ဟု ဝေဖန်ခဲ့သည်။

KESAN အဖွဲ့၏ ထုတ်ပြန်ချက်ပါ ဝေဖန်မှုများကို JICA စီမံကိန်းများ၏ အဖွဲ့ခေါင်းဆောင် မစ္စတာ T. Hashimoto က တုံ့ပြန်ပြောကြားခဲ့သည်။

“JICA အကြံပေးအဖွဲ့ အနေနဲ့ လေ့လာစဉ် ကာလအတွင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက မြို့နယ်ပေါင်း ၁၇ ခုနဲ့ မြို့နယ်ခွဲပေါင်း ၁၁ ခုကို သွားရောက်ခဲ့ပြီး တစ်နေရာမှာ နှစ်နာရီကြာ လက်ရှိအနေအထားတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အမြင်တွေကို ဆွေးနွေးတိုင်ပင် ခဲ့ကြပါတယ်။ အဲဒီ့ အစည်းအဝေးတွေမှာ ဒေသခံအရာရှိတွေ ပါဝင်တဲ့အပြင် ဒေသခံ ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူမှုရေးစစ်တမ်းလည်း ကောက်ယူခဲ့ပါတယ်” ဟု မစ္စတာ T.Hashimoto က Eleven Media Group သို့ ပြောကြားသည်။

သို့သော် လုံခြုံရေး စိုးရိမ်မှုနှင့် အချိန်မလုံလောက်မှုများကြောင့် စစ်တမ်းမှာ အကန့်အသတ်များ ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

JICA အကြံပေးအဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရ အပါအ၀င် တိုင်းရင်းသား လူနည်းစုများနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် နှစ်ဖက်စလုံးက ဖွံ့ဖြိုးမှုကို ဦးစားပေး ဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း မစ္စတာ T.Hashimoto ဆိုသည်။

ကရင်ပြည်နယ်၌လည်း ထိုကဲ့သို့ အစည်းအဝေး ပြုလုပ်ရန် တင်ပြခဲ့သော်လည်း ကရင်ပြည်နယ် အစိုးရနှင့် တိုင်းရင်းသားလူနည်းစု အုပ်စုများအကြား မပြေလည်မှုများကြောင့် အစည်းအဝေး မလုပ်နိုင်ခဲ့ကြောင်း မစ္စတာ T.Hashimoto က ဆက်လက်ပြောကြားသည်။

KESAN အဖွဲ့၏ ထုတ်ပြန်ဝေဖန်ချက်နှင့် ပတ်သက်ပြီး ထိုအဖွဲ့ကို ဆက်သွယ်အကြောင်းပြန်မှု ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် JICA ၏လက်ရှိစီမံကိန်းနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် ကိစ္စများကို ဆွေးနွေးရန် သဘောတူထားကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ဆီကို သူတို့အဖွဲ့က အကြောင်းပြန်ထားတယ်။ တွေ့ဖို့လည်း စီစဉ်ထားတယ်။ ဘယ်နေ့ မှာတွေ့ဖြစ် မလဲ ဆိုတာတော့ မသိသေးဘူး” ဟု စောအဲလက်စ်က ပြောကြားသည်။

JICA ၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတွင် စီးပွားရေးအတွက် အရေးပါသော လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ လွတ်လပ်သည့် ကုန်သွယ်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များ ပါဝင်သည့်အပြင် ဒုက္ခသည်များနှင့် ပြည်တွင်းပုန်းရှောင် နေထိုင်သူများ နေရပ်ပြန်လည် အခြေချရေးအတွက် အကြံပြုချက်များလည်း ပါဝင်သည်။

JICA ၏ အကြိုကွင်းဆင်း လေ့လာချက် အစီရင်ခံစာတွင် လစ်ဟာချက်များ ရှိနေပြီး ထိုလစ်ဟာချက်များမှာ လက်ရှိအစိုးရ ပုံစံသည် ကိုယ်စားပြုမှုများ ကင်းမဲ့နေကြောင်းကို အသိအမှတ် မပြုထားခြင်း၊ ပြည်နယ်နှင့် ဒေသအစိုးရတို့၏ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေးပိုင်း ဆိုင်ရာများတွင် ပြည့်စုံမှု ရှိ၊ မရှိကို အကဲဖြတ် သုံးသပ်မှုမရှိခြင်း၊ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခနှင့် ၎င်း၏ကာလကြာ နောက်ဆက်တွဲ ဆိုးကျိုးများကို သုံးသပ်မှုမရှိခြင်း၊ လက်ရှိရှိနှင့်ပြီးသား ပြည်တွင်းစွမ်းရည်၊ အစိုးရအဖွဲ့အစည်း ဌာနများ၊ အဖွဲ့အစည်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန် ပျက်ကွက်ခြင်း၊ အထူးသဖြင့် မိမိကိုယ်မိမိ အားကိုးခြင်းနှင့် ရေရှည်တည်တံ့သောနည်းဖြင့် သဘာဝအရင်းအမြစ် စီမံကွပ်ကဲမှုပိုင်း ဆိုင်ရာများတွင် စွမ်းရည်မြှင့်တင်ပေးရန် ပျက်ကွက်ခြင်း၊ ဒေသတွင်းရှိ ကြွယ်ဝသော ဇီဝမျိုးကွဲ အမျိုးမျိုးနှင့် အဆိုပါဒေသ အတွင်းရှိ ပြည်သူဦးဆောင်ပါဝင်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို အသိအမှတ်ပြုမှု မရှိခြင်း၊ အမျိုးသား ပေါင်းစည်းရေးအတွက် တိုင်းရင်းသား အခွင့်အရေးနှင့် ၎င်းတို့၏ဘ၀ ကောင်းစားရေးများကို ကာကွယ်ထိန်းသိမ်းပေးမည့် နည်းဗျူဟာ၊ လုပ်ငန်းစဉ်များကို ဖော်ပြပေးမှု မရှိခြင်း၊ အောင်မြင်မှု အတိုင်းအတာ (ရှေ့လုပ်ငန်း အခြေအနေ) ကို ထည့်သွင်းဖော်ပြမှု မရှိခြင်းတို့ဖြစ်ကြောင်း KESAN အဖွဲ့က ထောက်ပြထားသည်။

ထို့ပြင် အကြိုကွင်းဆင်း လေ့လာချက် အစီရင်ခံစာနှင့် ပတ်သက်သော မေးခွန်းများကိုလည်း KESAN က မေးမြန်းခဲ့သည်။ အဆိုပါ မေးခွန်းများထဲတွင် ဒေသဖွံ့ဖြိုးရေးအတွက် အစီရင်ခံစာနှင့် အဆုံးအဖြတ်ကို ဗဟိုအစိုးရက ချုပ်ကိုင်ထားခြင်းအားဖြင့် ထာဝရငြိမ်းချမ်းရေးနှင့် စီးပွားရေးအရ ကြွယ်ဝမှုအတွက် ရလဒ်ကောင်း ထွက်ရှိလာနိုင်မည်လား၊ ဒေသခံလူထုမှ ပါဝင်ပြောဆိုနိုင်ရန် မည်သည့်လုပ်ငန်းစဉ်များ ရှိပါသနည်း၊ အထူးသဖြင့် ယခုကွင်းဆင်းလေ့လာမှုမှတစ်ဆင့် နယ်မြေဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ်များ၊ လုပ်ငန်းဘောင်များ ချမှတ်ထားပြီးဖြစ်ကာ တသီတတန်း ရှိနေသော စီမံကိန်းများသည်လည်း စတင်ရန် အရိပ်အယောင် ပြနေသည့်အချိန်၌ လူထုပါဝင်ပြောဆိုရန် မည်သည့်လုပ်ငန်းစဉ်များ ရှိပါသနည်း၊ ထိုလုပ်ငန်းစဉ်များတွင် လူထုမပါဝင်ဘဲ စစ်မှန်သော အောင်မြင်မှုကို မည်ကဲ့သို့ ရရှိမည်နည်း၊ JICA ၏ လုပ်ငန်းအစီအစဉ်များကို ရှေ့ဆက်ရန် မည်သို့သော နိုင်ငံရေး အခြေအနေများ လိုအပ်သနည်း၊ JICA အနေဖြင့် မည်သို့သော နိုင်ငံရေး တိုးတက်မှုကို မျှော်မှန်းထားသနည်း၊ ကိုယ်စားပြုမှု မရရှိဘဲ ထိခိုက်လွယ်ကာ ဘ၀မလုံခြုံ ဖြစ်နေသော အစုအဖွဲ့များ (ဥပမာ-အမျိုးသမီးများ)အား နဂိုထက် ပိုမို ဆိုး ရွားသော အခြေအနေသို့ တွန်းပို့ပေးမည့် အခြေအနေများကို JICA အနေဖြင့် မည်ကဲ့သို့ အကာအကွယ် ပေးမည်နည်း၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်းနှင့် လမ်းသစ်တည်ဆောက် ဖောက်လုပ်ခြင်း များကြောင့် ဖြစ်ပေါ်လာမည့် မြေယာသိမ်းဆည်းမှုများကို JICA အနေဖြင့် လုပ်ငန်းဖော်ဆောင်ချိန်တွင် မည်သို့ရှောင်ဖယ် တားဆီးကာကွယ် သွားမည်နည်း အစရှိသည်တို့ ပါဝင်ခဲ့ သည်။

“KESAN ထုတ်ပြန်ချက်မှာ မေးမြန်းခဲ့တဲ့ မေးခွန်းတွေ အားလုံးကို ကျွန်တော်ပြန်ဖြေခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ (ဘာတွေဖြေခဲ့သလဲ ဆိုတာကို) ပြန်လည်ပြောဆိုတာ မလုပ်နိုင်သေးပါဘူး” ဟု မစ္စတာ T.Hashimoto ကဆိုသည်။

ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်း (JICA) အဖွဲ့သည် မြန်မာနိုင်ငံ၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများစွာကို လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အပါအ၀င် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် လည်း အဓိက စံမံကိန်းများ လုပ်ဆောင်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် JICA အစီရင်ခံစာအရ သိရသည်။

Eleven Media Group 

No comments:

Post a Comment