Friday, March 14, 2014

Knight Pie'sold က လေ့လာထားသည့် လက်ပံတောင်းတောင် ESIA အစီရင်ခံစာတွင် စီမံကိန်းဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလ၊ ထုတ်လုပ်မှုကာလနှင့် မိုင်းပိတ်သိမ်းမှုကာလတိုင်းတွင် ဆိုးကျိုးများစွာ ကြုံရနိုင်ကြောင်း ဖော်ပြထား

မကြာမီ ဖြိုဖျက်ရန်စီစဉ်ပြီးဖြစ်သည့် လယ်တီဆရာတော်ကြီး၏ သိမ်နှင့် ၀မ်ပေါင်ကုမ္ပဏီ၏ စက်ယန္တရားများကို တွေ့ရစဉ်

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း၏ ESIA အစီရင်ခံစာအား မြန်မာဘာသာသို့ ပြန်ဆို၍  မကြာမီကာလအတွင်း ထုတ်ပြန်နိုင်မည်ဖြစ်ပြီး အစီရင်ခံစာတွင် စီမံကိန်းဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလ၊ထုတ်လုပ်မှုကာလ နှင့် မိုင်းပိတ်သိမ်းမှုကာလတိုင်းတွင် ဆိုးကျိုးများစွာ ကြုံတွေ့ရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ESIA အစီရင်ခံစာအား သြစတြေးလျနိုင်ငံအခြေစိုက် အင်ဂျင်နီယာ ပညာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အကြံပေးအတိုင်ပင်ခံ နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုက်တ်ပီးလ်ဆိုးဒ် (Knight Pie'sold) မှ ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းကြောင့် သက်ရောက်သော ၃၃ ရွာမှ ဒေသခံများနှင့် တွေ့ဆုံပွဲများကို ၂၀၁၄ ခု မတ် ၇ရက်မှစတင်၍ ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်သည်အထိ လုပ်ဆောင်နေကြောင်း သိရှိရသည်။

လက်ပံတောင်းတောင် စီမံကိန်းဆိုင်ရာ ဆိုးကျိုးများအဖြစ် ဆောက်လုပ်ခြင်းကာလ၊ တည်ဆောက်ဆဲကာလ၊ ထုတ်လုပ်မှုကာလ နှင့် သတ္တုထုတ်လုပ်ငန်းများ ပြီးစီး၍ မိုင်းပိတ်သိမ်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုး များ ဟူ၍ လေးမျိုးခွဲခြား ဖော်ပြထားသည်။

ဆောက်လုပ်ခြင်း၊ တည်ဆောက်ဆဲနှင့်  ထုတ်လုပ်မှုကာလများတွင် တွေ့ကြုံနိုင်သော ဖြစ်ရပ်များအဖြစ် မြစ်များ၊ ချောင်းများ၌ ညစ်ညမ်းမှုဖြစ်ခြင်း၊ မြေမျက်နှာပြင်တိုက်စားမှုကြောင့် နုန်းများထူထဲလာခြင်း၊ ကျောက် သဲမှုန်များသည် ကျန်းမာရေးထိခိုက်နိုင်မှု အဆင့်ထက် ကျော်လွန်၍ မြင့်တက်မှုဖြစ်ပေါ်လာခြင်း၊ ကားများနှင့် စက်ယန္တရားများ ရွေ့လျားသွားလာခြင်း၊  မိုင်းခွဲခြင်းမှ နေ့အချိန် ဆူညံသံများ ဖြစ်ပေါ်ခြင်းကြောင့် ထိခိုက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်နိုင်မှု၊ တောင်ကြားစေတီကို နေရာရွှေ့ပြောင်းတည်ဆောက်ခြင်း လုပ်ငန်း အတွက် ရှင်းလင်းခြင်း နှင့် တူးဆွခြင်းကြောင့်၊ သဘာဝလှပမှုပျက်စီးခြင်း စသည့်ဖြစ်ရပ်များ ကြုံနိုင်ကြောင်း ဖော်ပြထားသည်။


လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနေရာတစ်ခုအား ၂၀၁၃ အောက်တိုဘာလအတွင်းက တွေ့ရစဉ် 

ယင်းအပြင် ကြေးနီထုတ်လုပ်စက်ရုံ နှင့် အခြားလိုအပ်ချက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အပေါ်ယံမြေဆီလွှာများ စုဆောင်းပုံထားခြင်း၊ အခြေခံအဆောက်အအုံလမ်းများ တည်ဆောက်ခြင်း၊ ဒေသခံများကို ရွှေ့ပြောင်းနေရာချထားမှု မိုင်းဧရိယာနှင့် မိုင်းခွဲမှု ဆက်စပ်ဇုန်တွင်ကျရောက်သော ဒေသခံများကို ရွှေ့ပြောင်းခြင်း၊ ဒေသခံများနှင့် ယခင်မြေပိုင်သူများကို ဖယ်ရှားရခြင်း၊ ကူးစက်နိုင် သည့်ရောဂါများ အဖြစ်များလာနိုင်ခြင်း၊ မိုင်းလုပ်ငန်းကြောင့် လုပ်သားများနှင့် အလုပ်အကိုင်ရှာသူများ များပြားလာခြင်း၊ ဒေသ၌ လူဦးရေ ထူထပ်လာခြင်း၊ ရွှေ့ပြောင်းလုပ်သားများ ဦးရေမြင့်တက်လာခြင်း၊ ဒေသခံ ထုံးတမ်းစဉ်လာများနှင့် ယဉ်ကျေးမှုစံများ ပျောက်ဆုံးနိုင်ခြင်း၊ ရွှေ့ပြောင်းလုပ်သားများနှင့် နည်းပညာ သစ်များ ၀င်လာခြင်း စသည့်ဖြစ်ရပ်များ ကြုံလာရနိုင်ကြောင်း စသည့် ဆိုးကျိုးများစွာအား ဖော်ပြထားသည်။

သတ္တုထုတ်လုပ်ငန်းများ ပြီးစီး၍ မိုင်းပိတ်သိမ်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများအဖြစ် မြေညစ် ညမ်းခြင်း၊ စွန့်ပစ်ကျောက်ပုံများကြောင့် ရေရှည်တွင် သတ္တုနှင့် ဓာတုပစ္စည်းများ စီးဝင်ခြင်း၊ ကြေးနီ (HLPs) ပုံများကြောင့် ရေရှည်တွင် သတ္တုနှင့် ဓာတုပစ္စည်းများ စီးဝင်ခြင်း၊  မြေအောက်ရေများညစ်ညမ်းခြင်း၊ ကြေးနီပုံ များနှင့် စွန့်ပစ်ကျောက်ပုံများမှ သတ္တုနှင့် ဓာတုပစ္စည်းများ စိမ့်ဝင်နိုင်ခြင်း၊ မြစ်ရေနှင့် ရေထုလွှာများ ရေညစ်ညမ်းခြင်း၊ ကြေးနီသတ္တုရိုင်းပုံနှင့် စွန့်ပစ်ကျောက်ပုံများမှ ညစ်ညမ်းရေများ စီးဝင်နိုင်ခြင်း၊စားဝတ်နေရေးနှင့် အလုပ်အကိုင်များ စသည့် ဆုံးရှုံးမှုများစွာနှင့် သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးမြေများပျက်စီးမှုစသည့် ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။      

Eleven Media Group

No comments:

Post a Comment