Tuesday, March 4, 2014

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၂)၊ (၄)၊ ရှမ်းပြည်နယ် (SSPP/SSA) တို့မှ ခေါင်းဆောင် များတွေ့ဆုံ


ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)၊ (၄)၊ ရှမ်းပြည်နယ်(SSPP/SSA) တို့မှ ခေါင်းဆောင်များအား လွှတ်တော်၌ အတူတွေ့ရစဉ်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)၊ (၄)၊ ရှမ်းပြည် နယ်(SSPP/SSA)တို့မှ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူများ မတ် ၃ ရက်က ပြည်ထောင်စု လွှတ်တော်တွင် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။


'၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၂)၊ (၄)၊ ရှမ်းပြည်နယ်(SSPP/SSA) တို့မှ ခေါင်းဆောင်ပိုင်း တာဝန် ရှိသူ များသည် ၎င်းတို့ဒေသအတွင်း သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး လွှတ်တော်သို့ လာရောက်လေ့လာစဉ် ပြည်ထောင်စုလွှတ်တော် နာယကနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများ တွင် လွှတ်တော်များရှိပြီး လွှတ်တော် များသည် ဒီမိုကရေစီ ဖော်ဆောင်သည့်နေရာတွင် အဓိကအခန်းမှ ပါဝင်ပါကြောင်း၊ ပြီးခဲ့သည့်အချိန်ကာလက မိမိတို့နိုင်ငံတွင် လွှတ်တော်များ မရှိခဲ့၍ ဒီမိုကရေစီစနစ်ကို မကျင့်သုံးနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပသည်ကို လာရောက်လေ့ လာ သည့်အခါ နိုင်ငံ၏အနာဂတ်ကိုလည်း အများကြီးတွေ့ရှိမည် ဖြစ်ကြောင်း၊ မိမိတို့ပြည်ထောင်စု လွှတ်တော်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးမှသည် ငြိမ်းချမ်းရေးဖော်ဆောင်မူအတွက် ကြိုးစားနေသည့် အဖွဲ့အစည်းဖြစ်ရာ လွတ်တော်ကို လာရောက်လေ့လာ သည့် သူများ၊ ဒေသတွင် ကျန်ရှိနေခဲ့ကြသော ခေါင်းဆောင်များနှင့် ပြည်သူများကို ပြည်ထောင်စု လွှတ်တော်မှ ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှလည်း ဒေသကိုယ်စား လှယ် များကို စောင့်မျှော်ကြိုဆိုနေပါကြောင်း ပြောကြားသည်။

SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်းက ယခုကဲ့သို့လာရောက် လေ့လာခွင့်ရသည့်အတွက် အထူးကျေးဇူးတင် ဂုဏ်ယူပါသည်ဟု ပြောကြားသည်။

'၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ညှိနှိုင်းဆွေးနွေးပြီးဖြ စ်ကြောင်း၊ သန်းခေါင် စာရင်းကောက်ယူရာတွင် အဆင်ပြေစွာ ကောက်ယူနိုင်ရန် ၀ဒေသခံပြည်သူ များနှင့် ခေါင်းဆောင် များအနေဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်းက သတင်းထောက်များအား ပြောကြားသည်။

'၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)၊(၄)၊ ရှမ်းပြည်နယ်(SSPP/SSA) တို့မှ တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးအရ ဆွေးနွေးခဲ့ခြင်းမရှိကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်းက ဆက်လက် ပြောကြားသည်။          

Eleven Media Group

No comments:

Post a Comment