Tuesday, April 1, 2014

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျူးကျော်ဘုန်းကြီးကျောင်းများမှ သံဃာအချို့အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

Myanmar Online News's photo.
နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်းများအနက်မတ် ၁၅ ရက်အထိ ကျူးကျော်ကျောင်း၂၁ ကျောင်းကျန်ရှိရာ တရားရင်ဆိုင်နေသည့် ကျောင်း သုံးကျောင်းမှ ကျောင်းထိုင်သံဃာတော်သုံးပါးအားသက်ဆိုင်ရာတရားရုံးက လူဝတ်လဲကာ ထောင် ဒဏ်ခြောက် လစီ ကျခံစေခဲ့ ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေဆဲ ၁၀ ကျောင်းမှ သံဃာတော် များအား တရားရုံးလုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေး၍ စီရင်ချက် ချမှတ်နိုင်ရေးဆောင်ရွက် လျက်ရှိပြီး ရှစ်ကျောင်းမှ သံဃာတော်များအား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ၅၁၂ အရ တရားခံပြေးအဖြစ်ကြေညာ သွားမည် ဖြစ်ကြောင်း နေပြည်တော် ကောင်စီမှ သတင်းရရှိသည်။
Myanmar Online News's photo. 
 ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၁၂ ခုနှစ် ဇွန် ၁၀ရက်တွင် တာဝန်ရှိသူများ သည်ဒက္ခိဏ သီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ဥတ္တရသီရိမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း မြေပြင် ကွင်းဆင်း စစ်ဆေးခဲ့ရာ ကျူးကျော်ဘုန်းကြီးကျောင်း ၃၇ ကျောင်းစိစစ်တွေ့ရှိခဲ့ရပြီးယင်းကျောင်းများရှိ သံဃာတော်များ သည် သာသနာဝင်မှတ်တမ်းမရှိခြင်း၊သက်ဆိုင်ရာ သံဃနာယကအဖွဲ့အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိခြင်း တို့ကြောင့် တာဝန်ရှိသူများက ကျူးကျော်ဘုန်းကြီးကျောင်းများရှိ သံဃာတော်များ အားပင့်ဖိတ်၍ ဆွေးနွေးမှုများ ကွာလာလမ်ပူ မတ် ၃၁ပျောက်ဆုံးလေယာဉ် မတွေ့မချင်း ရှာဖွေရေး လုပ်ငန်းကို အဆုံးသတ် မည်မဟုတ်ကြောင်း မလေးရှားအစိုးရက မတ် ၃၁ ရက်တွင် ကတိ ကဝတ်ပြု ပြောကြားခဲ့သည်။

ကျန်ကျူးကျော်ဘုန်းကြီးကျောင်း၂၄ ကျောင်းအား သံဃနာယက အဖွဲ့အစည်းအဆင့်ဆင့်နှင့် တာဝန်ရှိ သူများက ထပ်မံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်မခံသဖြင့်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ဆက်လက်တင်ပြခဲ့ကြောင်း၊၂၀၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်တွင်ကျင်းပသည့် ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသအစည်းအဝေးတွင် “နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျူးကျော်ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်းများနှင့်ပတ်သက်၍ စိစစ်ရေးအဖွဲ့မှ တင်ပြလာခြင်း အပေါ်ကျူးကျော်ကျောင်း ၂၄ ကျောင်းကိုဘုန်းကြီးကျောင်းများအဖြစ် အသိအမှတ်မပြုရန် “ ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ရက်ကလည်း နိုင်ငံတော်သံဃနာယကအဖွဲ့က ထပ်မံအတည်ပြုကာ ကျူးကျော်ကျောင်းများအဖြစ် ဒုတိယအကြိမ် သတ်မှတ်ဆုံးဖြတ် ခဲ့ကြောင်း နေပြည်တော်ကောင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကျူးကျော်ကျောင်း ၂၄ ကျောင်းရှိ ရဟန်းသာမဏေများအားသက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် တရားစွဲ ဆိုနိုင်ရေး ဆောင်ရွက်နေစဉ်၂၀၁၄ ခုနှစ် မတ် ၁၅ ရက်ကထပ်မံမြေပြင် ကွင်းဆင်းစစ်ဆေးရာ ဥတ္တရ သီရိမြို့နယ် အတွင်းရှိ ဝိဇ္ဇာသိဒ္ဓိကျောင်း၊ လှေဆွဲမြှောင်ကျောင်းနှင့် ရွှေညောင်ပင်ကျောင်း တို့မှာ ထွက်ခွာသွား သဖြင့် မတ် ၂၀ ရက်က ကျူးကျော်ကျောင်း ၂၁ ကျောင်းနှင့်ပတ်သက်၍ ဇမ္ဗူသီရိမြို့နယ် တရားရုံးနှင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးတို့တွင် ဦးတိုက်လျှောက်ထား၍တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားရုံး မှတ်တမ်းအရ သိရှိရသည်။

ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင်တရားရင်ဆိုင်နေသည့် ဇမ္ဗူသီရိမြို့နယ်ရှိ ဗုဒ္ဓရတနာ ကျောင်းနှင့် သာသနာ့ အောင်လံကျောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဓမ္မရက္ခိတသာသနာပြုကျောင်းတို့ရှိ ကျောင်းထိုင် သံဃာတော် သုံးပါးအား မတ် ၂၅ ရက်တွင် တရားရုံးလုပ်ထုံးလုပ်နည်းနှင့်အညီ အပြီးသတ်စစ်ဆေး၍ လူဝတ်လဲကာထောင်ဒဏ်ခြောက်လစီကျခံစေရန်အမိန့်ချမှတ်ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

ဥတ္တရသီရိမြို့နယ်ရှိ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ သပြေညိုကျောင်း ၊ ဝေဠုဝန်ကျောင်း၊ နန္ဒာရာမကျောင်း၊ဆုတောင်းပြည့်ကျောင်း၊ လှမေတ္တာကမ္မဋ္ဌာန်းကျောင်း၊ မဟာမြိုင်ကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ မိတ္ထီလာကျောင်း စုစုပေါင်း ၁၀ ကျောင်းမှာတရားရုံးတွင် တရားရင်ဆိုင်နေဆဲဖြစ်ပြီး အဆိုပါကျောင်းများမှသံဃာတော်များအား တရားရုံးလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေး၍စီရင်ချက်မှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရှိရသည်။

တရားရုံးသို့ လာရောက်တရားရင်ဆိုင်ခြင်းမရှိသည့် ဥတ္တရသီရိမြို့နယ်ရှိ ရာမညကျောင်း၊ အဓိဋ္ဌာန်တောရ ကျောင်း၊ ဇေယျာမြိုင်ကျောင်း၊ငှက်ပျောတော်လျှိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ ရတနာ သိဒ္ဓိကျောင်းနှင့် ဇမ္ဗူသိရိမြို့နယ်ရှိ ပဏ္ဍိတရာမကျောင်း၊ နန္ဒာရာမကျောင်းစုစုပေါင်းရှစ်ကျောင်းရှိ သံဃာတော်များအားတရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၅၁၂အရ တရားခံပြေးအဖြစ် ကြေညာသွား မည်ဖြစ်သည်ဟု သိရှိရသည်။နေပြည်တော်ကောင်စီမှ တာဝန်ရှိသူ တစ်ဦးက ကျူးကျော်ကျောင်း ၂၄ကျောင်းနှင့် ပတ်သက်၍ပြောပြရာတွင် “အများစုက ဝါးကျောင်းတွေဖြစ် ပါတယ်။ သက်ငယ်၊ ထရံကာ၊ ဝါးခင်းတွေပါ။
အချို့ကျောင်းအနည်းငယ်ကတော့ သွပ်မိုး၊ အုတ်နံကပ်၊ကွန်ကရစ်ခင်းထားတာတို့၊ သွပ်မိုး၊ပျဉ်းခင်း၊ ပျဉ်ထောင်၊ အုတ်ညှပ်ဖောင်ဒေးရှင်းလုပ်ထားတာတို့ရှိပါတယ်။ အများစုက ယာယီတဲလေးတွေပါ။ သံဃာအင်အားအနေနဲ့လည်းငါးပါးရှိတဲ့ကျောင်းက နှစ်ကျောင်းလောက်ရှိပြီး လေးပါးရှိတဲ့ကျောင်းကတစ်ကျောင်း၊ သုံးပါးရှိတဲ့ကျောင်းကသုံးကျောင်းရှိပါတယ်။
ကျန်တာကတစ်ပါး၊ နှစ်ပါးနဲ့ အခုနေပြည်တော် တည်ပြီးတဲ့ နောက်မှာမှ ဆောက်လုပ်လာတဲ့
ကျောင်းတွေဖြစ်ပါတယ်။နေပြည်တော်ဆိုပြီး စတင်တည်ရှိလာတဲ့ ၂၀၀၆ ခုနှစ်မှာ ဒီမှာ အခိုင်အမာ ဘုန်းတော်ကြီးကျောင်းတွေအများကြီးရှိပါတယ်။
မြို့နယ်အလိုက်ပြောရရင် ပျဉ်းမနား မှာ ကျောင်း၃၉၀၊ လယ်ဝေးမှာ ၃၁၀၊ တပ်ကုန်းမှာ၂၅၆ ကျောင်း ရှိပါတယ်။ ဒီတရားဝင်တည်ရှိပြီး ဘုန်းတော်ကြီးကျောင်းတွေက သူ့ ဆရာ၊ ဒကာနဲ့အခိုင်အမာ တည်ရှိထားပြီးဖြစ်ပါတယ်။ ဒီကျောင်းတွေကို အစိုးရကရော၊ ပြည်သူတွေကပါ ကိုးကွယ် ဆည်းကပ်နေတာပါ။အခု ကျူးကျော်ဘုန်းကြီးကျောင်းတွေက သိပ်မကြာခင် နှစ်တွေအတွင်းမှာမှ လာရောက်ဆောက်လုပ်အခြေချနေကြတာဖြစ်ပါတယ်” ဟုထပ်မံ ရှင်းပြသည်။

ဆက်လက်၍ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “မတ် ၁၄ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ မြို့နယ်သာသနာရေးဦးစီးမှူးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရယ် ပါဝင်တဲ့အဖွဲ့က ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်မှာရှိတဲ့ ကျူးကျော်ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ နန္ဒာရာမကျောင်းကို သွားရောက်စစ်ဆေးတဲ့အခါအဲဒီကျောင်းမှာ ကျောင်းထိုင်ခဲ့တဲ့ဦးနန္ဒာမာလာဆိုတဲ့သံဃာက လွန်ခဲ့တဲ့ တစ်နှစ် လောက်က အခုလက်ရှိကျောင်းထိုင်ကို ငွေကျပ် ၃၅ သိန်းနဲ့စာချုပ်ချုပ်ဆိုပြီး ရောင်းချ သွားတာ တွေ့ခဲ့ ရတယ်လို့ သွားစစ်တဲ့အဖွဲ့ရဲ့အစီရင်ခံစာအရ သိရပါတယ်။ ကျူးကျော်အဖွဲ့တွေက အဲဒီလိုတွေလည်း တရားမဝင် ဆောင်ရွက်ခဲ့တာရှိပါတယ်” ဟု ပြောပြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်းမှယင်းကျူးကျော်ဘုန်းကြီးကျောင်းများအား
နိုင်ငံတော်သံဃနာယကအဖွဲ့ထံမှလည်း ကျူးကျော်ဘုန်းကြီးကျောင်းများဖြစ်၍ အသိအမှတ်မပြုရန် ဆုံးဖြတ် ထားပြီးဖြစ်ရာ နေပြည်တော်ကောင်စီအနေဖြင့် တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment