Tuesday, April 1, 2014

တောင်မြောက် ကိုရီးယား နှစ်နိုင်ငံ အငြင်းပွားရေပိုင်နက်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

Photo: တောင်မြောက် ကိုရီးယား နှစ်နိုင်ငံ အငြင်းပွားရေပိုင်နက်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား
Tuesday, April 1, 2014

တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံသည် အငြင်းပွားရေပိုင်နက်အနောက်ပိုင်း၌ အမြောက်များဖြင့်အပြန်အလှန် ပစ်ခတ်ခဲ့ကြ ကြောင်းတောင်ကိုရီးယားစစ်ဘက်က ပြောသည်။
မြောက်ကိုရီးယားက တနင်္လာနေ့အစောပိုင်းတွင် အဆိုပါ နယ်စပ်ဒေသ အစိတ်အပိုင်းခုနစ်နေရာတွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြောက်ကိုရီးယားပစ်ခတ်သည့်အမြောက်ဆန်များ အငြင်းပွားရေပိုင်နက်အတွင်း ကျရောက်ပြီးနောက်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားကပြောသည်။ ယင်းဒေသသည် ကိုရီးယားနှစ်နိုင်ငံကြားအငြင်းပွားနေသည့် ဒေသဖြစ်သည်။

ကိုရီးယားစစ်ပွဲအပြီး နယ်စပ်အနောက်ပိုင်း ရေပိုင်နက်ကိုအငြင်းပွားခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယား က ယင်းဒေသကိုအသိအမှတ်မပြုခဲ့ပေ။
၂၀၁၀ပြည့်နှစ်ကုန်ပိုင်းတွင် မြောက်ကိုရီးယား ပစ်ခတ်သည့် အမြောက်ဆန် ကျရောက်ပေါက်ကွဲပြီး တောင်ကိုရီးယားနိုင်ငံသားလေးဦးသေဆုံးခဲ့ရသည်။
မြောက်ကိုရီးယားက အငြင်းပွားရေပိုင်နက်အနီး စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တောင်ကိုရီးယားရေတပ်သို့ အကြောင်းကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုတွင် ဒေသခုနစ်ခုပါဝင်သည်ဟု ဆိုသည်။ နယ်စပ်ဖြတ်ကျော်၍ ပစ်ခတ်လာလျှင် ချက်ချင်းလက်တုံ့ပြန်မည်ဟု တောင်ကိုရီးယားက သတိပေးပြောကြားလိုက်သည်။

မြောက်ကိုရီးယား ပစ်ခတ်သောအမြောက်ဆန်အချို့ မိမိတို့ရေပိုင်နက်အတွင်း ကျရောက်ခဲ့သည့် အတွက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းအေဂျင်စီသို့
ပြောကြားသည်။ တောင်ကိုရီးယားကလက်တုံ့ပြန်သောအားဖြင့် အမြောက်ဖြင့်ပြန်လည်ပစ်ခတ်ပြီး F-15K တိုက်လေယာဉ်များ ဖြန့်ကြက်ခဲ့ကြောင်း တောင်ကိုရီးယားသတင်းအေဂျင်စီ ယွန်ဟတ်ကဖော်ပြသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဉ် နယ်စပ်နေပြည်သူများအား ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ရသည်။၂၀၁၀ နိုဝင်ဘာလက မြောက်ကိုရီးယားက ယွန်ပြွန်းကျွန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ရေတပ်သားနှစ်ဦးနှင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရသည်။ယင်းကို တုံ့ပြန်နေသည့်အနေဖြင့်တောင်ကိုရီးယားက ယင်းဒေသ၌စစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့သည်။ယခုနှစ် အစောပိုင်းက တောင်ကိုရီးယားစစ် သင်္ဘောတစ်စင်းသည်ဘင်နီယွန်း ကျွန်းအနီး နစ်မြုပ်ခဲ့ရာ၄၆ ဦးသေဆုံးခဲ့သည်။ ယင်းသင်္ဘောကို ပြုံယမ်း ကတော်ပီဒိုနှင့်ပစ်ခတ်ခဲ့သည်ဟု ဆိုးလ်က ပြောသည်။သို့သော် မြောက်ကိုရီးယားက ငြင်းဆိုခဲ့သည်။ 

MOI Webportal Myanmar
တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံသည် အငြင်းပွားရေပိုင်နက်အနောက်ပိုင်း၌ အမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြ ကြောင်းတောင်ကိုရီးယားစစ်ဘက်က ပြောသည်။
မြောက်ကိုရီးယားက တနင်္လာနေ့အစောပိုင်းတွင် အဆိုပါ နယ်စပ်ဒေသ အစိတ်အပိုင်းခုနစ်နေရာတွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြောက်ကိုရီးယားပစ်ခတ်သည့်အမြောက်ဆန်များ အငြင်းပွားရေပိုင်နက်အတွင်း ကျရောက်ပြီးနောက်ပြန် လည် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားကပြောသည်။ ယင်းဒေသသည် ကိုရီးယားနှစ်နိုင်ငံကြား အငြင်းပွားနေသည့် ဒေသဖြစ်သည်။

ကိုရီးယားစစ်ပွဲအပြီး နယ်စပ်အနောက်ပိုင်း ရေပိုင်နက်ကိုအငြင်းပွားခဲ့သည်။
သို့သော်လည်း မြောက်ကိုရီးယား က ယင်းဒေသကိုအသိအမှတ်မပြုခဲ့ပေ။
၂၀၁၀ပြည့်နှစ်ကုန်ပိုင်းတွင် မြောက်ကိုရီးယား ပစ်ခတ်သည့် အမြောက်ဆန် ကျရောက်ပေါက် ကွဲပြီး တောင် ကိုရီးယားနိုင်ငံသားလေးဦးသေဆုံးခဲ့ရသည်။
မြောက်ကိုရီးယားက အငြင်းပွားရေပိုင်နက်အနီး စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တောင်ကိုရီးယားရေတပ်သို့ အကြောင်းကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုတွင် ဒေသခုနစ်ခုပါဝင်သည်ဟု ဆိုသည်။ နယ်စပ်ဖြတ်ကျော်၍ ပစ်ခတ်လာလျှင် ချက်ချင်းလက်တုံ့ပြန်မည်ဟု တောင်ကိုရီးယားက သတိပေးပြောကြားလိုက်သည်။

မြောက်ကိုရီးယား ပစ်ခတ်သောအမြောက်ဆန်အချို့ မိမိတို့ရေပိုင်နက်အတွင်း ကျရောက်ခဲ့သည့် အတွက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းစစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းအေဂျင်စီသို့
ပြောကြားသည်။ တောင်ကိုရီးယားကလက်တုံ့ပြန်သောအားဖြင့် အမြောက်ဖြင့်ပြန်လည်ပစ်ခတ်ပြီး F-15K တိုက်လေယာဉ်များ ဖြန့်ကြက်ခဲ့ကြောင်း တောင်ကိုရီးယားသတင်းအေဂျင်စီ ယွန်ဟတ်ကဖော်ပြသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားစဉ်နယ်စပ်နေပြည်သူများအား ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ရသည်။
၂၀၁၀ နိုဝင်ဘာလက မြောက်ကိုရီးယားက ယွန်ပြွန်းကျွန်းကို တိုက်ခိုက် ခဲ့ခြင်းကြောင့် ရေ တပ်သားနှစ်ဦးနှင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရသည်။ယင်းကို တုံ့ပြန်နေသည့် အနေဖြင့်တောင်ကိုရီးယားက ယင်းဒေသ၌စစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့သည်။ယခုနှစ် အစောပိုင်းက တောင်ကိုရီးယားစစ် သင်္ဘော တစ်စင်းသည်ဘင်နီယွန်း ကျွန်းအနီး နစ်မြုပ်ခဲ့ရာ၄၆ ဦးသေဆုံးခဲ့သည်။ ယင်းသင်္ဘောကို ပြုံယမ်း ကတော်ပီဒိုနှင့်ပစ်ခတ်ခဲ့သည်ဟု ဆိုးလ်က ပြောသည်။သို့သော် မြောက်ကိုရီးယားက ငြင်းဆိုခဲ့သည်။

MOI Webportal Myanmar

No comments:

Post a Comment