Thursday, April 24, 2014

အရွယ် မရောက် သေးသော သမီးဖြစ်သူ ကိုမုဒိမ်းမှု ကျုးလွန် သဖြင့် ဖခင် ဖြစ်သူ ထောင်၁၀နှစ် ကျ

အခင်းကို အမေရိကန်နိုင်ငံ၊ ဖို့ဝန်းမြို့၊ အင်ဒီယားနားပြည်နယ် စက်တင်ဘာလ ၂၀၁၃ ခုနှစ် တွင် မြန်မာမိသားစုတစ်ခုမှဖြစ်ပွားခဲ့သည်။ အသက် ၅၅နှစ် အရွယ် ရှိ ဖခင်ဖြစ်သူ ထားကြူ ဆိုသူမှာ သမီးဖြစ်သူကို
မုဒိမ်းမှုကျုးလွန်ခဲ့သလိုအရွယ်မရောက်သေးသောသူအားလိင်ဆက်ဆံသဖြင့် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခြင်း ခံရသည်။

တရားရုံးတွင်ကြားနားနေစဉ် သမီးဖြစ်သူမှာ သူမ၏အဖေကိုခွင့်လွှတ်သည်ဟုပြောကြားခဲ့ပြီး၊ ဖခင်အနေဖြင့် ချစ်နေဆဲဖြစ်သည်ဟုလည်းဆိုသည်။ဒါပေမဲ့လည်းသူ၏လုပ်ရပ်ရဲ့အတွက်နောင်တရနေမည်ကိုလည်းမျှော်
လင့်နေပါသည်ဟုဆိုပြန်သည်။ ပြစ်မှုကျုးလွန်သူ ထားကြူမှာ တော့သမီးဖြစ်သူကို သူ၏မိန်းမနှင့် မှားယွင်းစွာ ကျုးလွန်ခဲ့ သည်ဟုထွက် ဆိုသည်။ တရားရုံးအထောက်အထားများအရ ပြစ်မှုကိုသိသားထင်ရှားစွာ ကျုးလွန်ခဲ့သည်ဟု ခုံသမာဓိအဖွဲ့ ကဆုံးဖြတ်ချခဲ့သည်။

Ref: Journal Gazette

world myanmar

No comments:

Post a Comment