Tuesday, April 29, 2014

လွှတ်တော် ကိုယ်စား လှယ်များ အလုပ်သမား အရေး ဆောင်ရွက်မှု အားနည်းဟု သမဂ္ဂ ဥက္ကဋ္ဌ ဆို

Tuesday, April 29, 2014
  ပြည်သူ လူထု၏ မဲဆန္ဒဖြင့် ရွေးချယ် ခံရသော လွှတ်တော် ကိုယ်စား လှယ်များ အနေနှင့် အလုပ်သမား ပြဿနာ များကို ဖြေရှင်း ရာတွင် သိသာစွာ ထိရောက်မှု မရှိသေးဘဲ အားနည်းနေကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ နာရေးကူညီမှု အသင်းတွင် ဧပြီလ ၂၆ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ယာယီ၏ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

Photo: လွှတ်တော် ကိုယ်စား လှယ်များ အလုပ်သမား အရေး ဆောင်ရွက်မှု အားနည်းဟု သမဂ္ဂ ဥက္ကဋ္ဌ ဆို
Tuesday, April 29, 2014

ပြည်သူ လူထု၏ မဲဆန္ဒဖြင့် ရွေးချယ် ခံရသော လွှတ်တော် ကိုယ်စား လှယ်များ အနေနှင့် အလုပ်သမား ပြဿနာ များကို ဖြေရှင်း ရာတွင် သိသာစွာ ထိရောက်မှု မရှိသေးဘဲ အားနည်းနေကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ နာရေးကူညီမှု အသင်းတွင် ဧပြီလ ၂၆ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ယာယီ၏ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူများနှင့် နီးနီးကပ်ကပ် နေသင့်ပြီး အလုပ်သမားများ၏ အခြေအနေနှင့် ပြဿနာများကို သိသင့်ကြောင်း လက်ရှိ ဖြစ်ပေါ်နေသည့် အလုပ်သမား ပြဿနာများကို လွှတ်တော်က ဆောင်ရွက်နေမှုအပေါ် လုံးဝအားရမှု မရှိကြောင်း ဦးအောင်လင်း ထပ်လောင်း ပြောကြားသည်။ “မှန်ပါတယ် အားနည်းနေတာက ဟုတ်တယ်” ဟု အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၏ ဝေဖန်မှုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

ယခင်က အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး ပူးပေါင်း လေ့လာရေး ကော်မတီ ဖွဲ့စည်းကာ အစီအရင်ခံစာ ပြုစုသော်လည်း နောက်ပိုင်းတွင် ပြုလုပ်ခြင်း မရှိတော့ကြောင်း၊ ကိုယ်စားလှယ်များက မဲဆန္ဒနယ်အလိုက် ဆောင်ရွက်ချက်ကိုမူ အလွယ်တကူ မသိရှိနိုင်ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ၏ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို တိုင်းနှင့် ပြည်နယ် ၁၀ ခုမှ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်နေပြီး ဧပြီလ ၂၆ ရက်မှ၂၇ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ကြောင်း၊ သမဂ္ဂ ဖွဲ့စည်းပုံ စည်းမျဉ်း အတည်ပြုခြင်းနှင့် ဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင် အဖွဲ့ဝင်များ ပြန်လည် ရွေးကောက်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်ထံမှ သိရသည်။

The Voice 

No comments:

Post a Comment