Tuesday, April 29, 2014

အိပ်မက် ဆုံရာ အစီ အစဉ်မှာ အကဲ ဖြတ်ဒိုင် လုပ်မယ့် ဆုန်သင်းပါရ်

Tuesday, April 29, 2014
ေ တေးသံရှင် ဆုန်သင်းပါရ်က အခုနှစ် အတာ သင်္ကြန်ကာလ ကိုတော့ နေပြည်တော် Sky Net မဏ္ဍပ်မှာ ပရိသတ်တွေနဲ့အတူ သီချင်းဆိုရင် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ ပါတယ်။ သင်္ကြန် အပြီးကာလ ဧပြီလ ကုန်မှာတော့ ပီနန်ကို ဖျော်ဖြေပွဲသွား ဖို့ရှိပြီး မေလထဲမှာတော့ သြစတြေးလျကို ဖျော်ဖြေရေး သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Photo: အိပ်မက် ဆုံရာ အစီ အစဉ်မှာ အကဲ ဖြတ်ဒိုင် လုပ်မယ့် ဆုန်သင်းပါရ်
Tuesday, April 29, 2014

တေးသံရှင် ဆုန်သင်းပါရ်က အခုနှစ် အတာ သင်္ကြန်ကာလ ကိုတော့ နေပြည်တော် Sky Net မဏ္ဍပ်မှာ ပရိသတ်တွေနဲ့အတူ သီချင်းဆိုရင် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ ပါတယ်။ သင်္ကြန် အပြီးကာလ ဧပြီလ ကုန်မှာတော့ ပီနန်ကို ဖျော်ဖြေပွဲသွား ဖို့ရှိပြီး မေလထဲမှာတော့ သြစတြေးလျကို ဖျော်ဖြေရေး သွားဖို့ ရှိတယ်လို့ သိရပါတယ်။

"ပီနန်ကတော့ ဘာသာရေး ပွဲပေါ့။ ဟိုက အသင်းတော်တွေမှာ ဘုရားသီချင်းတွေ ချီးမွမ်းမယ်။ သြစတြေးလျကတော့ ဖျော်ဖြေပွဲပါပဲ။ အဲဒါက မေလကုန်မှပါ" လို့ ပြောတဲ့ ဆုန်သင်းပါရ်က သူ့ရဲ့နောက်ဆုံးထွက်ရှိ ထားတဲ့ စီရီး" အသစ်" ကိုလည်း သင်္ကြန်အပြီးမှာ ရိုက်မယ်လို့ သိရပါတယ် နှစ်သစ်မှာ "အသစ်" စီးရီးကို ဘယ်လိုပုံစံတွေနဲ့ ရိုက်ကူးသွား မလဲဆိုတော့ " လောလောဆယ် ရိုက်ပြီးသမျှတွေကိုတော့ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားပါတယ်။ ထပ်လုပ်ချင် တာတွေလည်းရှိတယ်။ အချိန်မရလို့။ ဒီနှစ်ထဲတော့အပြီး ထွက်နိုင်ဖို့ မှန်းထားပါတယ်။

ပရိသတ်လည်း အားရ၊ ကိုယ်လည်း အားရတဲ့သီချင်းတွေကိုတော့ ပိုပြီးအားစိုက် ရိုက်ကူးထားပါတယ်။ သီချင်းအပုဒ်တိုင်းမှာတော့ သရုပ်ဆောင်မထားဘူး။ ကိုယ်တအားကြိုက်တဲ့ သီချင်းတွေ မှာတော့ သရုပ်ဆောင်ထားတယ်။ MTV မှာ သီချင်းတွေကို ပိုပြီးရုပ်လုံးကြွ အောင် လုပ်ထားပါတယ်ဓ လို့ ဆုန်သင်းပါရ်က သူ့အခွေ MTV နဲ့ ပတ်သက်လို့ ပြောပြပါတယ်။

ဆုန်သင်းပါရ်က သင်္ကြန်အပြီးမှာတော့ အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲ အစီအစဉ် Season- 9 မှာ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်မယ်လို့သိရပါတယ်။ " အရင်ကတော့ ဧည့်သည်အနေနဲ့ပါဖူးတယ်။ အရင်တုန်းက ကမ်းလှမ်းပေမယ့် လည်း ကိုယ်က ခရီးသွားနေတာများတော့ မပါဖြစ်ဘူး။ ဒီတစ်ခေါက်တော့ ကိုယ်လည်း စိတ်ဝင်စားတယ်။ သဘောလည်းကျလို့ ပါ ဖြစ်တာပါ" လို့ အိပ်မက်ဆုံရာအစီအစဉ် မှာပါဝင်ဖြစ်ပုံ အကြောင်းကို ပြောပါတယ်။

Popular News

No comments:

Post a Comment