Monday, April 7, 2014

မြစ်ဆုံအထိ လမ်းလျှောက်သူအချို့ လမ်းမလျှောက်နိုင်၍ ကားစီး

မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်တန့်ရေး မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်အဖွဲ့မှ သက်ကြီးရွယ် အိုအချို့ မော်တော်ယာဉ် အကူအညီဖြင့် လိုက်ပါနေရသည်ဟု ခရီးစဉ်တွင်ပါဝင်သည့် နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က ဧပြီ ၆ ရက်တွင် မဇ္ဈိမ ကို ပြောသည်။
“သက်ကြီးရွယ်အိုတွေပေါ့ဗျာ။အသက် ၅၀ ကျော်၊ ၆၀ ကျော် အရွယ်တွေကတော့ ကားစီးတာ ရှိပါတယ်။ ဒါပေမဲ့ အချိန်ပြည့် တော့ မဟုတ်ပါဘူး။ နာရီအပိုင်းအခြားနဲ့ လည်း မဟုတ်ဘူး။ သူတို့ကလည်း အမြဲ တမ်းကြီး ကားပေါ်မှာနေနေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း မြစ်ဆုံထိ လမ်းလျှောက်မှာ
ဆိုတော့ သူတို့ကို မစီးနဲ့လို့လည်း မပြောရက်ဘူး”ဟု ဦးမြင့်ဝင်းမောင်က ပြောသည်။
ခရီးစဉ်တွင် အဖွဲ့နှင့်အတူ အ၀တ်အထည်အသုံးဆောင် တင်ဆောင်ရန် Toyota Lite Ace တစ်စီးနှင့် ဆေးဝါးပစ္စည်းသယ်ယူသည့် Suzuki R+ တစ်စီး ပါဝင်သည်။ အဆိုပါ မော်တော် ယာဉ်များ ဖြင့်သာ အဖွဲ့ဝင် သက်ကြီးရွယ်အိုအချို့ လိုက်ပါ စီးနင်းနေခြင်းဖြစ်သည်ဟု ၎င်းင်းက ရှင်းပြ သည်။
မတ် ၂၃ ရက်တွင် ရန်ကုန်မှ လူအင် အား ၁၀၀ ခန့်ဖြင့် စတင်ထွက်ခွာလာသည့် လမ်းလျှောက်အဖွဲ့သည် ဧပြီ ၆ ရက်မကွေး မြို့သို့ ရောက်ချိန်တွင် အင်အား ၁၆၀ နီးပါးရှိနေပြီဟု လိုက်ပါသူများက ဆိုသည်။ ယနေ့အထိ လမ်းခရီးတစ်လျှောက် ကျန်းမာရေး၊ စားဝတ်နေရေး အပါအ၀င် မည်သည့် အနှောင့်အယှက် တစ်စုံတစ်ရာမျှ ကြုံတွေ့ ရခြင်းမရှိသေးဟု ပြောကြသည်။
အဆိုပါအဖွဲ့သည် ဧပြီ ၈ ရက် ရေနံချောင်းသို့ မထွက်ခွာမီ မကွေးမြို့တွင် ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန် စီစဉ် ထားကြသည်။ ခန့်မှန်းရက် ၁၀၀ ဖြင့် မြစ်ဆုံသို့အရောက်သွားရန် မျှော်မှန်းထားသည့် အဆိုပါအဖွဲ့သည် စတင်ထွက်ခွာပြီး ၁၅ ရက်အကြာတွင် မကွေးမြို့သို့ ရောက်ရှိ ခဲ့ပြီဖြစ်သည်။
Mizzima - News in Burmese

No comments:

Post a Comment