Tuesday, April 22, 2014

မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဆုတောင်းပွဲပြုလုပ်

Photo: မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဆုတောင်းပွဲပြုလုပ် 

Tuesday, April 22, 2014

မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဧပြီ ၂၁ ရက် ညနေ ၆ နာရီခန့်က ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပွဲကို ဆူးလေဘုရားရှိ ဆရာကြီး၏ မွေးနေ့နံထောင့်ဖြစ်သော ဗုဒ္ဓဟူးနံထောင့်တွင် ဖယောင်းတိုင်များထွန်းပြီး ဆုတောင်းမေတ္တာ ပို့ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ ရှေ့တွင်လည်း ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်မှာ အူ၊ အဆုတ်၊ နှလုံး ကျောက်ကပ် ရောဂါများဖြင့် မတ်လအတွင်းမှ စတင်ကာ ဆေးရုံသို့ တတ်ရောက် ကုသခံယူနေခဲ့ရပြီး ဧပြီ ၂၁ ရက် နံနက် ၆ နာရီ ၃၀ ခန့်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ မိကျောင်းကန် သပိတ်စခန်းမှ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင်အတွက် ဆုတောင်းမေတ္တာ ပို့မှုများကို ဆရာကြီးအား မြေချမည့်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment