Tuesday, April 22, 2014

စွယ်တော်စေတီကန်ပေါင်လမ်းအတိုင်း မောင်းနှင်လာသည့် အငှားယာဉ်မှာ ပြန်ကွေ့စဉ် အရှိန်လွန်ကာ ကန်အတွင်းသို့ကျ


၂၁.၄.၂၀၁၄ရက်နေ့ ၁၆၃၀အချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်စေတီ ကန်ပေါင်မြေနီလမ်းအတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်း ကျော်မင်းလွင်၊ (၃၄)နှစ်၊ (ဘ)ဦးဖြိုး၊ ရန်ကင်းမြို့နယ်နေသူ မောင်းနှင်လာသော AA ---- Probox အပြာရောင်အငှားယာဉ်သည် ကန်ပေါင်လမ်းအလယ် အရောက် နောက်ဘက်သို့ “ဂ” ကွေ့ ပြန်ကွေ့စဉ် အရှိန်လွန်ကာ စွယ်တော် မင်္ဂလာကန်ထဲသို့ ကျသွားခဲ့ပါသည်။
ထိုသို့ကျသွားချိန်တွင် ယာဉ်ပေါ်၌ ခရီးသည်များမပါရှိကြောင်း၊ ယာဉ်မောင်း မှာလည်း ထိခိုက်ဒဏ်ရာ
ရရှိခြင်းမရှိကြောင်းနှင့် ယာဉ်ကို ၁၈၀၀ အချိန်တွင် ပြန်လည်ဆယ်ယူခဲ့ပြီးကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ကျော်မင်းလွင်အား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ၂၇၉ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိ
ကြောင်း သတင်းရရှိပါသည်။

Yangn Police

No comments:

Post a Comment