Wednesday, April 23, 2014

သင်္ကြန်ကာလ အတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွား၍ ၁၆ ဦးသေဆုံး

Photo: သင်္ကြန်ကာလ အတွင်း အမြန်လမ်းတွင် ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွား၍ ၁၆ ဦးသေဆုံး

တောင်ငူ  ဧပြီ  ၂၂

၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်  ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့သည့် အနက် ၁၆ ဦး သေဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ပထမလေးလပတ် ကာလထက် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ပိုမို များပြားလာခဲ့ကြောင်း၊ လေးလတာ အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားခဲ့ရာ ၅၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၂ ဦးအထိ ရှိခဲ့ကြောင်း အမြန်လမ်း ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယခုလအတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် လူသေဆုံးမှု အများဆုံးမှာ ဧပြီ ၁၂ ရက် နံနက်က ဖြစ်ပွား ခဲ့သည့် တောင်ကြီး-ရန်ကုန် ခရီး သည်တင် မှန်လုံယာဉ် တစ်စီးက အိမ်စီးကား တစ်စီးကို နောက်မှ ဝင်တိုက်၍ လူ ၁၃ ဦး သေဆုံးကာ ငါးဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု  ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း မြင့်တက် လာခြင်းကို ကာကွယ်ရန် ယခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ အမြန်လမ်းမကြီးပေါ် ဖြတ်သန်း မောင်းနှင်နေသော အိမ်စီးယာဉ်များ၊ အဝေးပြေး အိတ်စပတ်စ် ခရီးသည်တင် မော်တော်ကားကြီးများကို သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်မှု မရှိစေရေး စစ်ဆေးမှု များအား အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာတွင် အမှုပေါင်း ၄၅ဝ ခန့်ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင် ခဲ့ကြောင်း  အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ စုံစမ်း သိရသည်။
၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့သည့် အနက် ၁၆ ဦး သေ ဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ပထမလေးလပတ် ကာလထက် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက် အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ပိုမို များပြားလာခဲ့ကြောင်း၊ လေးလတာ အတွင်း ယာဉ် မတော်တဆမှု ၁၄၇ မှုဖြစ်ပွားခဲ့ရာ ၅၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၂ ဦးအထိ ရှိခဲ့ကြောင်း အမြန်လမ်း ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယခုလအတွင်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် လူသေဆုံးမှု အများဆုံးမှာ ဧပြီ ၁၂ ရက် နံနက်က ဖြစ်ပွား ခဲ့သည့် တောင်ကြီး-ရန်ကုန် ခရီး သည်တင် မှန်လုံယာဉ် တစ်စီးက အိမ်စီးကား တစ်စီးကို နောက်မှ ဝင်တိုက်၍ လူ ၁၃ ဦး သေဆုံးကာ ငါးဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

ယင်းကဲ့သို့ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း မြင့်တက် လာခြင်းကို ကာကွယ်ရန် ယခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ အမြန်လမ်းမကြီးပေါ် ဖြတ်သန်း မောင်းနှင်နေသော အိမ်စီးယာဉ်များ၊ အဝေးပြေး အိတ်စပတ်စ် ခရီးသည်တင် မော်တော်ကားကြီးများကို သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်မှု မရှိစေရေး စစ်ဆေးမှု များအား အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာတွင် အမှုပေါင်း ၄၅ဝ ခန့်ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်နိုင် ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်များ အရ စုံစမ်း သိရသည်။
မြ၀တီ
 
 

No comments:

Post a Comment