Tuesday, April 1, 2014

ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့ တောင်ကွက်သစ် ရပ်ကွက်နှင့် ဇလဲကျေးရွာ တို့၌ ယမန်နေ့ နံနက် ၁ဝ နာရီက ငွေစက္ကူ အတုများ ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ ရပ်စောက်မြို့ တောင်ကွက်သစ် ရပ်ကွက်ရှိ ဦးစိမ်းမောင် ပိုင်ဆိုင်သည့် ရွက်စိမ်းရွှေ ဆိုင်တွင် ပေါင်နှံထားသော ရွှေဆွဲကြိုးတစ်ကုံးကို လာရောက်ရွေးယူသူ တင်ရွှေ ၅၈နှစ် (ဘ) ဦးလှမောင်ထံမှ ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူကို မသင်္ကာသဖြင့် ရပ်စောက်မြို့မ ရဲစခန်းသို့ အကြောင်းကြားခဲ့၍ ၎င်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက လာရောက် စစ်ဆေးရာ ငွေစက္ကူအတုဟု
ယူဆရသော ငွေကျပ် ၅ဝဝဝ တန်အရွက် ၄ဝကို သက်သေများ ရှေ့တွင် သိမ်းဆည်းပြီး တင်ရွှေအား ဆက်လက် စစ်ဆေးမေးမြန်းရာ ၎င်း၏ သမီးဖြစ်သူ နုနုမြိုင် ၂၅ နှစ် ဇလဲကျေးရွာ ရပ်စောက်မြို့နေသူက ရွှေဆွဲကြိုး ရွေးပေး ရန် ပေးအပ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ သဖြင့် နုနုမြိုင်၏ နေအိမ်သို့ သွားရောက် ရှာဖွေရာ နေအိမ် အိပ်ခန်း အတွင်းရှိ သံသေတ္တာ အတွင်းမှ ငွေစက္ကူ အတုဟု ယူဆရသော ငွေကျပ် ၅ဝဝဝ တန် ၃၄ ရွက်ကို ထပ်မံသိမ်းဆည်း ရရှိခဲ့သဖြင့် တင်ရွှေနှင့် နုနုမြိုင်တို့အား ရပ်စောက်မြို့မ ရဲစခန်းမှ (ပ)၃၅/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄၈၉-ခ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment