Tuesday, April 1, 2014

"လေယာဉ် ခရီးမသွားရဲတော့လို့ ငပလီဖျော်ဖြေပွဲ မရောက် ဖြစ်ခြင်း အပေါ် ပရိသတ်များကို တောင်းပန်စကား ဆိုတဲ့ ဝိုင်းစုခိုင်သိန်း"

စွယ်စုံကျမ်း's photo.
ဝိုင်းစုခိုင်သိန်း က ငပလီကိုဖျော်ဖြေရေး သွားရောက်ဖို့ အတွက် မတ်လ ၂၇ ရက် နေ့က လေဆိပ်ကို သွားခဲ့ပေမယ့် လေယာဉ် ကိုပြင် ဆင်နေ တာကိုတွေ့မြင် ရ ပြီးနောက် လေ ယာဉ် နဲ့ မသွားရဲ လို့ နေ ခဲ့လိုက်တဲ့အတွက် ငပလီဖျော်ဖြေရေး ခရီး မ ရောက်ဖြစ်ခြင်း အပေါ် ပရိသတ် တွေ ကို တောင်းပန် စကား ပြောခဲ့ပါတယ်။

စွယ်စုံကျမ်း's photo.
“လေယာဉ် အဆင်မပြေလို့ပါ။ လေယာဉ် က မနက်၁ဝ နာရီ လောက် ဝိုင်းစု တို့သွားတာ ညနေ ၄ နာရီခွဲ အထိ စက်ချို့ယွင်းမှုဖြစ်နေ တယ်။ လေဆိပ် မှာစောင့်နေ တာ ပြင်လိုက်၊ ကောင်းမ လို ဖြစ် လိုက် ပြန်ပျက် သွား လိုက်နဲ့ ဖြစ်နေတယ်။ နောက် လေယာဉ် တစ်စီးနဲ့ သွားမယ်၊ ဟိုကို ၅ နာရီခွဲလောက်ရောက် မယ်ဆိုပြီး စောင့်နေ တုန်း ပဲ ရှိသေးတယ်။ သူတို့ လေယာဉ် ကောင်းသွားပြီတဲ့။ အဲဒီ လေယာဉ်နဲ့ ပဲသွားမယ် ဆိုတော့ အဲဒီ လေယာဉ် ကိုပြင်နေတာ အပေါ်က နေ ဝိုင်းစုမြင်နေ ရတော့ မသွား ရဲလို့ နေခဲ့ လိုက်တယ်။
ဝိုင်းစု တစ်ခါမှ ဒီလိုမျိုးပွဲတွေကို မရောက်ခဲ့ဖူးတာ မရှိဘူး။ ဝိုင်းစု လက်ခံ ထားတဲ့ပွဲကို ရောက်အောင်ပဲ သွားတယ်။ အခုကျတော့ ဝိုင်းစုက လေယာဉ်ကြောက် တာလည်း ပါတယ်။ အခုတလော မလေးရှား လေယာဉ် သတင်းလည်း ကြားထားတာ ရှိတော့ကြောက် လို့ မလိုက်ရဲဘူး။ ဘယ်သူမှလည်း မလိုက်ရဲကြဘူး။ နဂို ကတည်း က လေယာဉ် ကြောက်တတ်တော့ မလိုက်ဖြစ်သွားတာပါ။ ပရိသတ်ကြီး အားလုံးကိုလည်း တောင်းပန်ပါတယ်။ နောက်ထပ် ဒီလို သံတွဲပွဲ သွားဖို့ ရှိမယ်ဆိုရင် မဖြစ် မနေလာခဲ့ပါ့ မယ်” လို့ ဝိုင်းစုခိုင်သိန်း ကပြောပါတယ်။
ဝိုင်းစုခိုင်သိန်းက အာဘွားတေးစီးရီး ဗီစီဒီ ကို ဧပြီ ၅ရက်နေ့ မှာ စတင် ရိုက်ကူးတော့ မှာ ဖြစ်ပြီး စုံတွဲ အခွေ ထွက်ဖို့ကိုလည်းကြိုးစား နေကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
Credit To : Popular Journal

No comments:

Post a Comment