Wednesday, April 23, 2014

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ကလေးသူငယ်နှင့် ဒုက္ခသည်များ အခြေအနေ စိုးရိမ်ရ

ကချင်ပြည်နယ်တောင်ပိုင်း မံဝိန်းကြီးဒေသအတွင်း မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား မကြာမီက အပြန်အလှန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကလေးသူငယ် ၁၀၀၀ နီးပါးခန့်အပါအ၀င် ထောင်ချီသော ပြည်သူများ ၎င်းတို့၏ ယာယီရွေ့ပြောင်းနေ ထိုင်သည့် နေရာများမှ ထပ်မံရွေ့ပြောင်းခဲ့ရကြောင်း UNICEF သတင်းထုတ်ပြန်ချက်အရ သိရသည်။

“တိုက်ပွဲစစ်ဖြစ်ပွားမှုနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ မိသားစုဝင်တွေ ရွှေ့ပြောင်း ရမှုကြောင့် ရေကောင်းရေသန့်နဲ့ အိမ်သာအသုံးပြုနိုင်မှု လျော့ကျသွားတဲ့အတွက် ကလေးတွေအပေါ်
ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကျရောက်မှုတွေ မြင့်တတ်နေပါတယ်” ဟု ယူနီဆက် မြန်မာ၏ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ဘက်ထရန်ဗိန်းဘဲလ်က ပြောသည်။

မြေမြုပ်မိုင်းထောင်မှုများဆုံးဒေသများဖြစ်သော ကချင်နှင့် ရှမ်းမြောက်ပိုင်းဒေသများတွင် ကလေးသူငယ်များ အပါအ၀င် ပြည်သူများ၏ ဘေးအန္တရာယ်များအတွက် စိုးရိမ်ရသည့်အပြင် လူသားချင်း စာနာထောက် ထားရေး အကူအညီများ ဖြန့်ဝေရာတွင်လည်း အဟန့်အတား ဖြစ်စေသည် ဟု ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် 2 ဘက်စလုံးက တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့၊ မိုင်း အန္တရာယ်တွေက ကာကွယ်ဖို့၊ ကလေးစစ်သား စုဆောင်းမှုနဲ့ ငြိမ်းချမ်းရေးအတွက် တစိုက် မတ်မတ် ဆောင်ရွက်ဖို့ စတာတွေကို ချက်ချင်းအကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ကလေးတွေဟာ မြန်မာနိုင်ငံက ကလေးသူငယ်တွေလို တူညီတဲ့ မျှော်လင့်ချက်တွေ ပိုမိုကောင်းမွန်တဲ့ အလားအလာကောင်းတွေ ရဖို့ဆိုရင်တော့ ဒါတွေဟာ တကယ့်ကို မရှိမဖြစ် လုံးဝလိုအပ်ပါတယ်” ဟု မစ္စတာ ဘက်ထရန်ဗိန်းဘဲလ်က ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment