Tuesday, April 22, 2014

တပ်မတော်စစ်ကြောင်းများက မံစီမြို့နယ်ပန်ခမ်းဒေသနှင့် မိုးမောက်မြို့နယ်ဗန်းမော်-စိန်လုံ-လွယ်ဂျယ်ဆက်သွယ်ရေးလမ်းကြောင်းကိုရှင်းလင်း


ကချင်ပြည်နယ် မံစီမြို့နယ် ပန် ခမ်းဒေသတွင် ယခုနှစ် ဧပြီလ အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ အတွင်းတပ်မတော်မှအရာရှိတစ်ဦး၊ စစ်သည်နှစ်ဦးကျဆုံးပြီး ကေအိုင် အေအဖွဲ့ဘက်မှ အလောင်းခြောက် လောင်းနှင့် လက်နက်ငါးလက် သိမ်းဆည်းရမိကြောင်းသိရှိရသည်။ ပန်ခမ်းနယ်မြေနှင့်ပန်ခမ်းရွာသည် ယခင်ကနိုင်ငံတော်အစိုးရ၏တရား ဝင်နယ်စပ်ဒေသကုန်သွယ်ရေးစခန်း အဖြစ် ဖွင့်လှစ်ထားရှိပြီး တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့သည့် နေရာဖြစ် သည်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊လူဝင်မှုကြီးကြပ်ရေး နှင့်
အကောက်ခွန်အဖွဲ့များ၊ နယ်စပ် ကုန်သွယ်ရေးအဖွဲ့ဝင်များဖြင့် ကုန် စည်ကူးသန်းမှုများအား စစ်ဆေး ခြင်း၊ လူဝင်လူထွက်များ စစ်ဆေး ခြင်းတို့ စနစ်တကျဆောင်ရွက်ခဲ့ သည့်ဒေသဖြစ်သည်။

သို့သော်၂ဝ၁၁ခုနှစ် ဇွန်လ တွင် ကေအိုင်အေအဖွဲ့၏လက်နက် ကိုင်တိုက်ခိုက်မှုများကြောင့် လုံခြုံ စိတ်ချမှုမရှိတော့သဖြင့် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၁ရက်နေ့တွင် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှလည်းကောင်း၊ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၅ရက်နေ့ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့များ၊ နယ်စပ် ကုန်သွယ်ရေးအဖွဲ့များမှလည်း ကောင်း အသီးသီးစွန့်လွှတ်ခဲ့ရ သည်။ ထိုအချိန်မှစ၍ ပန်ခမ်းနယ် မြေ တစ်လျှောက် ရှမ်းတိုင်းရင်း သားကျေးရွာများဖြစ်သော နားလုံ ကျေးရွာ၊နောင်စွမ်းကျေးရွာ၊ နောင် မွန်ကျေးရွာ၊ မန်အိတုကျေးရွာ၊ မိုင်အိုက်တိုက်ကျေးရွာ၊ လွယ်လုံ ကျေးရွာ စသည့်ကျေးရွာ များရှိ ဒေသခံရှမ်းတိုင်းရင်းသားများ၏ ကိုးကွယ်ရာဖြစ်သော ကျားခေါင်း ဘုရားတောင်ကုန်းတွင်ကေအိုင်အေ တို့က တပ်စခန်းပြုလုပ်၍ဝင်ရောက် နေထိုင်ခဲ့ကြသည်။

တပ်မတော်အနေဖြင့်နိုင်ငံတော် သမ္မတကြီး၏ ၂ဝ၁၁ ခုနှစ် ဒီဇင် ဘာလ ၁ဝရက်နေ့ ညွှန်ကြားချက် အတိုင်း မိမိကိုယ်ကိုခုခံကာကွယ်ရုံ မှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တပ် စခန်းများအား ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများလုံးဝမပြုလုပ်ဘဲ ဆက်သွယ်ရေးလမ်းကြောင်းတစ် လျှောက်လုံခြုံရေးကိုသာ အဓိက ဆောင်ရွက်ခဲ့သည်။ထို့အပြင် ယခု ကာလသည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်နေ စဉ်ကာလဖြစ်သဖြင့် ယခင်ငြိမ်း ချမ်းရေးဆွေးနွေးပွဲ သဘောတူညီ ချက်များကို အတိအကျ လိုက်နာ လျက်ရှိသည့်အပြင်လက်ရှိဆွေးနွေး ပွဲ သဘောတူညီချက်များကိုပါ ဂရု ပြုထိန်းသိမ်းဆောင်ရွက်လျက်ရှိပါ သည်။

သို့သော် ၂ဝ၁၄ ခုနှစ် ဧပြီလ ၄ရက်နေ့တွင်မန်ဝိန်းကြီးနှင့်ကောင်း မှုယန်ဆက်သွယ်ရေးလမ်းကြောင်း တွင် ပုံမှန်တပ်လဲလှယ်ရေးတာဝန် ဖြင့်သွားလာနေစဉ် ကေအိုင်အေ အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခဲ့ သဖြင့် တပ်မတော်မှဗိုလ်မှူးတစ်ဦး ကျဆုံးခဲ့ရသည်။ သို့ဖြစ်၍ ¤င်း ဆက်သွယ်ရေးလမ်းကြောင်းအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အတွက်မိမိတပ်မတော်စစ်ကြောင်း များဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ကေအိုင်အေ အဖွဲ့များနှင့် တိုက်ပွဲ တချို့ဖြစ်ပွားပြီး ပန်ခမ်းနယ်မြေ အား တပ်မတော်စစ်ကြောင်းများက
ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါသည်။ အဆိုပါနယ်မြေရှင်းလင်းစဉ်ကာလ အတွင်း တပ်မတော်အရာရှိတစ်ဦး နှင့် စစ်သည်နှစ်ဦးကျဆုံး၍အရာရှိ တစ်ဦးနှင့် စစ်သည်လေးဦး ဒဏ် ရာရရှိခဲ့ပြီး ကေအိုင်အေဘက်မှ အလောင်းခြောက်လောင်းနှင့်လက် နက်ငါးလက် သိမ်းဆည်းရရှိခဲ့ သည်။

ထို့ပြင်ပန်ခမ်းကျေးရွာအနီး ကေအိုင်အေအူလံပါခရိုင်ရုံးရှိအဝေး ထိန်းမိုင်းများထုတ်လုပ်သည့်အဆောက် အအုံနှင့် ဆက်စပ်ပစ္စည်းများအား ရှင်းလင်း သိမ်းဆည်းရမိခဲ့ပြီး ကေ အိုင်အေ အချုပ်ခန်း အတွင်းတွင် ကေအိုင်အေမှတပ်သားသစ်အတွက် သံခြေချင်းခတ် ဖမ်းဆီးချုပ်နှောင် ထားသော နောင်ချိုမြို့နယ် ဘာ ကွန်ကျေးရွာမှ ဓနုတိုင်းရင်းသား တစ်ဦးအား ပြန်လည်ကယ်တင်နိုင် ခဲ့သည်။
၂ဝ၁၄ ခုနှစ် ဧပြီလ ၁၃ရက် နေ့တွင် မိုးမောက်မြို့နယ် ကျောက် စခန်းအနီး မိုင်တိုင်အမှတ် (၁၂/၄) ၌ ပုံမှန်စစ်ဆင်ရေးတာဝန်လဲလှယ်သောတပ်မတော်စစ်ကြောင်းအား ကေအိုင်အေအဖွဲ့များက ဆွဲမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်သည် နှစ်ဦးကျဆုံး၍ ကိုးဦးဒဏ်ရာရရှိခဲ့ ပြီး အဆိုပါယာဉ်နှင့် ယာဉ်ပေါ်ရှိ လက်နက်မျိုးစုံ ၁၃လက်၊ ဆက် သွယ်ရေးစက်များ၊ ခဲယမ်းနှင့်ဆက် စပ်ပစ္စည်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့်ဗန်းမော်နှင့်စိန်လုံဒေသ ဆက်သွယ်ရေးလမ်း တစ်လျှောက် မိမိတပ်များသွားလာလှုပ်ရှားမှုကို နှောင့်ယှက် တိုက်ခိုက်လျက်ရှိသော ကေအိုင်အေအဖွဲ့များ အခြေပြုရာ ပွိုင့်(၇၉၂)စခန်းဒေသအခေါ် မိုင်းဆတ်ကောင်းနှင့် ပွိုင့်(၄ဝ၆) စခန်းဒေသအခေါ်ဒဂေါ်မကာဘွမ်တို့အား တပ်မတော်စစ်ကြောင်း များက ရှင်းလင်းခဲ့ရာတပ်မတော်ဘက်မှ စစ်သည်သုံးဦးကျဆုံး၍ သုံးဦးဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေဘက်မှ အလောင်းရှစ်လောင်း နှင့်လက်နက်မျိုးစုံငါးလက်သိမ်းဆည်းရမိခဲ့သည်။
မိမိနိုင်ငံပန်ခမ်းနယ်မြေအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် မိမိတပ်များအနေဖြင့် ပန်ခမ်းနယ်မြေ အတွင်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခြင်းမရှိသဖြင့် ကျေးရွာများ အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းများမရှိဘဲ ဒေသခံအရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ဗန်းမော်-စိန်လုံ-လွယ်ဂျယ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် လုံခြုံစိတ်ချစွာဖြင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုများပုံမှန်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင်တပ်မတော်စစ်ကြောင်းက မံစီ-မိုးမိတ်ဒေသ၊ ဆင်ဘို- ဗန်းမော်ဒေသ၊ ဆင်ဘို-မံပင်ဒေသတို့တွင်၂ဝ၁၃ခုနှစ်စက်တင်ဘာ ၂ဝရက်မှ ၂ဝ၁၄ ခုနှစ် မတ်၂၇ ရက်အထိ ကျွန်းနှင့်တမလန်း အပါအဝင်သစ်တန်ချိန်ပေါင်း ၅ဝ၈၇တန်၊ ယာဉ်/ယန္တရား ၁၂ဝ စီး၊ တရုတ်နိုင်ငံသား ၁၃ ဦးအပါအဝင် တရားခံ ၅၃ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ကေအိုင်အေအဖွဲ့နှင့်လေးကြိမ် ထိတွေ့မှုများ ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

The Union Daily

ပန်ခမ်းကျေးရွာအနီးရှိ အူလံပါစခန်းအတွင်း အဝေးထိန်းမိုင်းများထုတ်လုပ်သည့်နေရာအား ကေအိုင်အေ အဖွဲ့မှ မီးရှို့ဖျက်ဆီးထားမှုကို တွေ့ရစဉ်။

No comments:

Post a Comment