Monday, April 7, 2014

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မိကျောင်းကန်ပြည်သူများ ဆန္ဒထုတ်ဖော်

ရန်ကုန် တရားလွှတ် တော်ရုံးချုပ်ရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြသည့် မိကျောင်းကန်ပြည် သူများသည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့၌ ဧပြီ ၅ ရက် ညနေ ၆ နာရီခန့်တွင် ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။
မိကျောင်းကန် မြေသိမ်းဆည်း ခံရမှုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ စည်းပြီး စစ်ဆေးပေးရန် လူ ၁ဝဝ ခန့်က ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ် သည်။

''အားကိုးစရာလဲ မရှိတော့ပါ ဘူး။ ကယ်ဆယ်မယ့်သူလည်း မရှိပါဘူး။ ကျွန်မတို့ရဲ့လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို အားကိုးလို့ လာတွေ့တာ ပါ။ ကျွန်မတို့ကို ကူညီပေးပါလို့ တောင်း ဆိုပါတယ်''ဟု မိကျောင်းကန် သပိတ် စခန်းဖွင့် ဆန္ဒပြပွဲတွင်ပါဝင်သူ မနေ နွယ်သန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အ နေဖြင့် မိကျောင်းကန်ပြည်သူများ၏ ခံ စားချက်များကို နားလည်သော်လည်း ကျန်း မာရေးအခြေအနေအရ ထွက်မတွေ့နိုင် ကြောင်း၊ မိကျောင်းကန် ဆန္ဒပြသူများက ကိုယ်စားလှယ်များရွေးချယ်ကာ အဖွဲ့ချုပ် ရုံးသို့ လာရောက်တွေ့ဆုံပါဟု ဒေါ်အောင် ဆန်းစုကြည်က မှာကြားလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြော ကြားခဲ့သည်။
NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းထိန်က ''ဒေါ်အောင် ဆန်းစုကြည်က အာဏာရှိတဲ့ပုဂ္ဂိုလ် မ ဟုတ်ဘူး။ ယုံကြည်အားကိုးလို့ လာတယ် ဆိုတာ သဘောပေါက်တယ်။ သူ့အနေ နဲ့ လုပ်နိုင်တာက သမ္မတကြီးကို မေတ္တာ ရပ်ခံနိုင်တယ်။ မြို့တော်ဝန်ကို မေတ္တာ ရပ်ခံနိုင်တယ်။ သူက ဖြေရှင်းပေးလို့ရတဲ့ ကိစ္စမဟုတ်ဘူး''ဟု မိကျောင်းကန် ဆန္ဒ ပြသူများကို ပြောသည်။
မိကျောင်းကန် ဆန္ဒဖော်ထုတ် သူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်တို့က သက်ဆိုင်ရာ တာဝန် ရှိသူများထံ တင်ပြဆောင်ရွက်ပေးမည် ဟု ဧပြီ ၁ ရက်က မြို့တော်ခန်းမတွင် ဆွေး နွေးညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရ ခဲ့ကြောင်း သိရသည်။
FLOWER NEWS JOURNAL

No comments:

Post a Comment