Sunday, April 6, 2014

ရက်ရှည်ချောင်းဆိုးခြင်းကို ကုသမှုမခံပါက နောက်ဆက်တွဲရောဂါ ဆိုးကျိုးခံစားရမည်

Photo: ရက်ရှည်ချောင်းဆိုးခြင်းကို ကုသမှုမခံပါက နောက်ဆက်တွဲရောဂါ ဆိုးကျိုးခံစားရမည်

Sunday, April 6, 2014

ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်ရောဂါဝေဒနာများအား ကုသမှုမရှိဘဲ ရက်ရှည် ကြာမြင့်လာပါက နောက်ဆက်တွဲရောဂါဆိုးကျိုးအဖြစ် လည်ပင်း၌ ပြည်တည်နာဖြစ်ပေါ်လာခြင်း၊ အဆုတ်ရောင်ခြင်းနှင့် နားပြည်ယိုခြင်းဝေဒနာများ ခံစားရနိုင်ကြောင်း ဆေးပညာရှင်များကပြောကြားသည်။

“ချောင်းဆိုး၊ နှာမွှန်၊ လည်ချောင်းနာတာတွေက ဒီလိုစပ်ကူးမပ်ကူးကာလတွေမှာ အများဆုံးတွေ့ရတယ်။ ဒါပေမဲ့ မပေါ့ဆသင့်ဘူး။ ရက်ရှည်ကြာလာရင် ဆေးခန်းပြသင့်တယ်။ ဘာလို့ဆို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လို့ပါ”ဟု မြောက်ဒဂုံမြို့နယ်အတွင်းရှိ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။

အဆိုပါရောဂါများသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နွေဦး၊ မိုးဦးနှင့် ဆောင်းဦးစသည့် ရာသီပြောင်းကာလများ၌ ဖြစ်ပေါ်တတ်ကာ ရက်ရှည်ကြာမြင့်တတ်ကြောင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်များ လွန်ကဲခြင်းမှတစ်ဆင့် အပူကန်ထွက်လာခြင်း၊ လေထုညစ်ညမ်းမှု(ဆေးလိပ်ငွေ့၊ ကားအိပ်ဇော)ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပေါ်လာပါက ရေများများသောက်ပေးခြင်း၊ ဗိုင်းရပ်စ်ပိုးများကို ဖျက်ဆီးပစ်နိုင်သော ဇင့်ဓာတ်ပါဝင်သည့် ငုံဆေးပြားများငုံပေးခြင်း၊ ခုနစ်ရက်ထက်ကြာမြင့်လာပါက ဆေးခန်းပြသခြင်း၊ အစားမှန်မှန်စားပေးခြင်းနှင့် ကောင်းမွန်စွာအိပ်စက်အနားယူခြင်းများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရပ်ကွက်ထဲရှိ ဆေးခန်းများသို့ ချောင်းဆိုး၊ လက်ချောင်းနာ၊ နှာမွှန်၊ ဖျားနာခြင်းအပြင် ရေယုံရောဂါဝေဒနာခံစားနေရသူများ လာရောက်ပြသမှုများကြောင်း အလုံမြို့နယ်ရှိ ဒေါက်တာမြင့်ဦးကပြောသည်။

7daynewsjournal
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်ရောဂါဝေဒနာများအား ကုသမှုမရှိဘဲ ရက်ရှည် ကြာမြင့်လာပါက နောက်ဆက်တွဲရောဂါဆိုးကျိုးအဖြစ် လည်ပင်း၌ ပြည်တည်နာဖြစ်ပေါ်လာခြင်း၊ အဆုတ်ရောင်ခြင်းနှင့် နားပြည်ယိုခြင်းဝေဒနာများ ခံစားရနိုင်ကြောင်း ဆေးပညာရှင်များကပြောကြားသည်။

“ချောင်းဆိုး၊ နှာမွှန်၊ လည်ချောင်းနာတာတွေက ဒီလိုစပ်ကူးမပ်ကူးကာလတွေမှာ အများဆုံးတွေ့ရတယ်။ ဒါပေမဲ့ မပေါ့ဆသင့်ဘူး။ ရက်ရှည်ကြာလာရင် ဆေးခန်းပြသင့်တယ်။ ဘာလို့ဆို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်လို့ပါ”ဟု မြောက်ဒဂုံမြို့နယ်အတွင်းရှိ အထွေထွေရောဂါကုဆရာ ၀န်တစ်ဦးကပြော သည်။

အဆိုပါရောဂါများသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နွေဦး၊ မိုးဦးနှင့် ဆောင်းဦးစသည့် ရာသီပြောင်းကာလ များ၌ ဖြစ်ပေါ်တတ်ကာ ရက်ရှည်ကြာမြင့်တတ်ကြောင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်များ လွန်ကဲခြင်းမှတစ်ဆင့် အပူကန်ထွက်လာခြင်း၊ လေထုညစ်ညမ်းမှု(ဆေးလိပ်ငွေ့၊ ကားအိပ်ဇော)ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပေါ်လာပါက ရေများများသောက်ပေးခြင်း၊ ဗိုင်းရပ်စ်ပိုးများကို ဖျက်ဆီးပစ်နိုင်သော ဇင့်ဓာတ်ပါဝင်သည့် ငုံဆေးပြားများငုံပေးခြင်း၊ ခုနစ်ရက်ထက်ကြာမြင့်လာပါက ဆေးခန်းပြသခြင်း၊ အစားမှန်မှန်စားပေးခြင်းနှင့် ကောင်းမွန်စွာအိပ်စက်အနားယူခြင်းများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရပ်ကွက်ထဲရှိ ဆေးခန်းများသို့ ချောင်းဆိုး၊ လက်ချောင်းနာ၊ နှာမွှန်၊ ဖျားနာခြင်း အပြင် ရေယုံရောဂါဝေဒနာခံစားနေရသူများ လာရောက်ပြသမှုများကြောင်း အလုံမြို့နယ် ရှိ ဒေါက်တာမြင့်ဦး ကပြောသည်။

7daynewsjournal

No comments:

Post a Comment