Friday, April 25, 2014

ထိပ်တန်းတွေးခေါ်သူများထဲ မြန်မာ တဦးပါဝင်

Photo: ထိပ်တန်းတွေးခေါ်သူများထဲ မြန်မာ တဦးပါဝင်
Friday, April 25, 2014

ဗြိတိန်နိုင်ငံထုတ် Prospect မဂ္ဂဇင်းရဲ့ ၂၀၁၄ ခု ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ World Thinker 2014 အယောက် ၅၀ မှာ မြန်မာနိုင်ငံက ဒေါက်တာ သန့်မြင့်ဦးကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ အခက်အခဲတွေ ဖြေရှင်းတဲ့ နေရာမှာ ပါဝင်ကူညီနေတဲ့ တွေးခေါ်သူ အယောက် ၅၀ ကို နှစ်စဉ်ရွေးချယ်တဲ့ နေရာမှာ ဒေါက်တာ သန့်မြင့်ဦးဟာ နံပါတ် ၁၅ နေရာမှာ ရွေးချယ် ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က သူရေးသားတဲ့ Where China Meets India: Burma and the New Crossroads of Asia  စာအုပ်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အာရှ မဟာအင်အားကြီး၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကြား ရောက်နေချိန် ဆိုတဲ့ သူရဲ့တွေးခေါ်ရေးသားမှုတွေ ဟာ မြန်မာလူ့အဖွဲ့ အစည်းအတွက် အကျိုးရှိစေခဲ့တယ်လို့ ဆိုပါတယ်။

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးဟာ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ  အစိုးရရဲ့ အထူး အကြံပေးတဦးဖြစ်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန်းရဲ့ မြေးလည်း ဖြစ်ပါတယ်။

ပထမနံပါတ် ၁ နေရာ ရရှိသွားသူကတော့ ၁၉၉၈ ခုနှစ်က စီးပွားရေး နိုဘယ်လ်ဆုရရှိခဲ့တဲ့ လက်ရှိ အမေရိကန်နိုင်ငံ ဟားဗက်ဒ် တက္ကသိုလ်က ပါမောက္ခ ဖြစ်သူ အိန္ဒိယ စီးပွားရေး နဲ့ အတွေးအခေါ်ပညာရှင် Amartya Sen ဖြစ်ပါတယ်။

ABC
ဗြိတိန်နိုင်ငံထုတ် Prospect မဂ္ဂဇင်းရဲ့ ၂၀၁၄ ခု ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ World Thinker 2014 အယောက် ၅၀ မှာ မြန်မာနိုင်ငံက ဒေါက်တာ သန့်မြင့်ဦးကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်

လက်ရှိ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ အခက်အခဲတွေ ဖြေ ရှင်းတဲ့ နေရာမှာ ပါဝင်ကူညီနေတဲ့ တွေးခေါ်သူ အယောက် ၅၀ ကို နှစ်စဉ်ရွေးချယ်တဲ့ နေရာမှာ ဒေါက်တာ သန့်မြင့်ဦးဟာ နံပါတ် ၁၅ နေရာမှာ ရွေးချယ် ဖော်ပြ ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က သူရေးသားတဲ့ Where China Meets India: Burma and the New Crossroads of Asia စာအုပ်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အာရှ မဟာအင်အားကြီး၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကြား ရောက်နေချိန် ဆိုတဲ့ သူရဲ့တွေးခေါ်ရေးသားမှုတွေ ဟာ မြန်မာလူ့အဖွဲ့ အစည်းအတွက် အကျိုးရှိစေခဲ့တယ်လို့ ဆိုပါတယ်။

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးဟာ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အစိုးရရဲ့ အထူး အကြံပေးတဦးဖြစ်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန်းရဲ့ မြေးလည်း ဖြစ်ပါတယ်။

ပထမနံပါတ် ၁ နေရာ ရရှိသွားသူကတော့ ၁၉၉၈ ခုနှစ်က စီးပွားရေး နိုဘယ်လ်ဆုရရှိခဲ့တဲ့ လက်ရှိ အမေရိကန်နိုင်ငံ ဟားဗက်ဒ် တက္ကသိုလ်က ပါမောက္ခ ဖြစ်သူ အိန္ဒိယ စီးပွားရေး နဲ့ အတွေးအခေါ်ပညာရှင် Amartya Sen ဖြစ်ပါတယ်။

ABC

No comments:

Post a Comment