Monday, April 7, 2014

အဲဗာတန်ကို ဂိုးပြတ်ရှုံးလို့ အာဆင်နယ်၏ ချန်ပီယံလိဂ် မျှော်လင့်ချက် ဖိအားများလာခဲ့

Photo: အဲဗာတန်ကို ဂိုးပြတ်ရှုံးလို့ အာဆင်နယ်၏ ချန်ပီယံလိဂ် မျှော်လင့်ချက် ဖိအားများလာခဲ့
Monday, April 7, 2014

ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေတဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ ပွဲစဉ်ကို အာစင်ဝင်းဂါးက ခြောက်မှတ်တန် ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ ပွဲမကစားမီ ကင်ပွန်းတပ်ခဲ့ပါတယ်။ အခုပွဲမှာ အဲဗာတန်က ကစားကွက် အချိတ်အဆက် မိခဲ့သလို တိုက်စစ်ထိုးဖောက်မှုတွေကလည်း ထိရောက်ခဲ့ပါတယ်။

အထူးသဖြင့် ပထမပိုင်း မိနစ်(၃၀)အတွင်း လေတန်ဘိန်းစ်ရဲ့ ဘယ်တောင်ပံ တိုက်စစ်ပံ့ပိုးမှုက အာဆင်နယ်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီး ပွဲချိန် ၁၄မိနစ်မှာ လေတန်ဘိန်းစ်ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် လူကာကူ ကန်သွင်းရာမှာ ရှက်ဇီနီရဲ့ ခြေထောက်နဲ့ထိပြီး ပြန်ထွက်လာခဲ့ပေမယ့် အသင့်ရှိနေတဲ့ နေးလ်စမစ်က အသာအယာ ပိတ်သွင်းပြီး အဲဗာတန်အတွက် အဖွင့်ဂိုး ရယူပေးခဲ့တာပါ။

ဒါ့အပြင် ပွဲချိန် (၃၄)မိနစ်မှာလည်း လူကာကူက တစ်ကိုယ်တော် အစွမ်းနဲ့ အာဆင်နယ် ခံစစ်ကြောင်းကို ထိုးဖောက်ပြီး ကန်သွင်းရာမှာ ရှက်ဇီနီ မကာကွယ်နိုင်ခဲ့လို့ အဲဗာတန် ဒုတိယဂိုး ရခဲ့ပါတယ်။ ပွဲချိန် (၆၁)မိနစ်မှာ မီယာလက်စ်ကို အာတီတာ လျှောထိုးဖျက်ရာကနေ ထိပြီး ဂိုးဝင်သွားခဲ့လို့ ဂွတ်ဒီဆင်ပါ့ခ်မှာ အာဆင်နယ် (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

အဲဗာတန်ဟာ ပွဲကျန်တစ်ပွဲ ကစားဖို့ ကျန်နေချိန်မှာ အာဆင်နယ်ထက် တစ်မှတ်ပဲ လျော့နည်းနေလို့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ဖိအားများလာခဲ့ရပါတယ်။ အဲဗာတန်ဟာ (၁၉၈၇)ခုနှစ် ဇန်န၀ါရီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲစဉ်(၄)ပွဲဆက် (၃)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။

@z (ရိုးရာလေး)
ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေတဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ ပွဲစဉ်ကို အာစင်ဝင်းဂါးက ခြောက်မှတ်တန် ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ ပွဲမကစားမီ ကင်ပွန်းတပ်ခဲ့ပါတယ်။ အခုပွဲမှာ အဲဗာတန်က ကစားကွက် အချိတ်အဆက် မိခဲ့သလို တိုက်စစ်ထိုးဖောက်မှုတွေကလည်း ထိရောက်ခဲ့ ပါတယ်။

အထူးသဖြင့် ပထမပိုင်း မိနစ်(၃၀)အတွင်း လေတန်ဘိန်းစ်ရဲ့ ဘယ်တောင်ပံ တိုက်စစ်ပံ့ပိုးမှုက အာဆင်နယ်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီး ပွဲချိန် ၁၄မိနစ်မှာ လေတန်ဘိန်းစ်ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် လူကာကူ ကန်သွင်းရာမှာ ရှက်ဇီနီရဲ့ ခြေထောက်နဲ့ထိပြီး ပြန်ထွက်လာခဲ့ပေမယ့် အသင့်ရှိနေတဲ့ နေးလ်စမစ်က အသာအယာ ပိတ်သွင်းပြီး အဲဗာတန်အတွက် အဖွင့်ဂိုး ရယူပေးခဲ့တာပါ။

ဒါ့အပြင် ပွဲချိန် (၃၄)မိနစ်မှာလည်း လူကာကူက တစ်ကိုယ်တော် အစွမ်းနဲ့ အာဆင်နယ် ခံစစ်ကြောင်းကို ထိုးဖောက်ပြီး ကန်သွင်းရာမှာ ရှက်ဇီနီ မကာကွယ်နိုင်ခဲ့လို့ အဲဗာတန် ဒုတိယဂိုး ရခဲ့ပါတယ်။ ပွဲချိန် (၆၁)မိနစ်မှာ မီယာလက်စ်ကို အာတီတာ လျှောထိုးဖျက်ရာကနေ ထိပြီး ဂိုးဝင်သွားခဲ့လို့ ဂွတ်ဒီဆင်ပါ့ခ်မှာ အာဆင်နယ် (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

အဲဗာတန်ဟာ ပွဲကျန်တစ်ပွဲ ကစားဖို့ ကျန်နေချိန်မှာ အာဆင်နယ်ထက် တစ်မှတ်ပဲ လျော့နည်းနေလို့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ဖိအားများလာခဲ့ရပါတယ်။ အဲဗာတန်ဟာ (၁၉၈၇)ခုနှစ် ဇန်န၀ါရီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲစဉ်(၄)ပွဲဆက် (၃)ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။

@z (ရိုးရာလေး)

No comments:

Post a Comment