Monday, April 28, 2014

မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်

Monday, April 28, 2014
Photo: မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်
Monday, April 28, 2014

ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ရက်တွင် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းမြို့နယ် ကန် တော့ခံရွာမှ ရခိုင်အမျိုးသမီးတစ် ဦးနှင့် အမျိုးသားသုံးဦးတို့အား လုပ်ခလစာကောင်းရရှိမည်ဟု ဆိုကာ ရခိုင်ပွဲစားအမျိုးသမီးက ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခဲ့ပြီး မြန်မာပွဲစားအမျိုးသမီးတစ်ဦးနှင့် ပူးပေါင်းကာ အမျိုးသားသုံးဦးကိုထိုင်းငါးဖမ်းလှေသို့ ရောင်းချခဲ့သည်။

ထို့နောက် အသက်(၂၀)အ ရွယ် ရခိုင်အမျိုးသမီးတစ်ဦးကိုလေးရက်ကြာအခန်းပိတ်လှောင် ထားပြီး ၎င်း၏အစ်ကိုဖြစ်သူအား ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေး ယူရန်၊ မရွေးယူပါက ပြည့်တန် ဆာအဖြစ်ရောင်းချမည်ဟု ခြိမ်း ခြောက်ခဲ့သည်။

ထို့နောက်အမျိုးသမီးငယ်၏ အစ်ကိုအား ထိုင်းဘတ်ငွေရှစ်ထောင်အား လွှဲပို့ပေးရန်နှင့် ကျန်ဘတ်ငွေလေးထောင်အား ရခိုင်ပွဲစားတစ်ဦး၏ ဘဏ်စာအုပ်တွင် ထည့်သွင်းပေးရန် မြန်မာပွဲစားအမျိုးသမီးက တောင်းခံခဲ့သည်။ ထိုသို့ တောင်းခံသောကြောင့် အမျိုးသမီးငယ်၏အစ်ကိုသည် ထိုင်းဘတ်ငွေ ရှစ်ထောင်ကို တောင်းခံသည့် မြန်မာပွဲစားအမျိုးသမီးထံ လွှဲပို့ခဲ့၍ လေးရက်ကြာပိတ် လှောင်ခံထားရသည့် အမျိုးသမီးငယ်အား ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ စင်ထရယ်ကုန်တိုက်အနီးသို့ အငှားယာဉ်ဖြင့် ပို့ဆောင်ပေးလိုက်ကြောင်း ထိုအမျိုးသမီးငယ်လွတ်ရေး ၀ိုင်းဝန်းကူညီခဲ့သော ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းကပြောသည်။

‘‘ရခိုင်ပွဲစားနဲ့ ဗမာပွဲစားမနဲ့ ပေါင်းပြီး လူရောင်းစားကြတာ ဖြစ်မယ်။ အရပ်လေးမျက်နှာကို တောင်မသိတတ်ကြတဲ့ လူတွေ ဖြစ်တယ်။ ထိုင်းပုလိပ်တွေက မ ကြာမကြာပြောတာတော့ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ မြန်မာပွဲစား တွေလုံးဝမရှိစေရတော့ဘူး။ အခု ကတည်းက စတင်ပြီးနှိမ်နင်းနေ ပြီလို့ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ လူကုန်ကူးခံရတာတွေက ရှိနေတုန်းပါပဲ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။ 

အဆိုပါ ရခိုင်အမျိုးသမီးအားထိုင်းနိုင်ငံရှိ ၎င်း၏အစ်ကိုဖြစ်သူ ထံပို့ဆောင်ပေးခဲ့ပြီး ပိတ်လှောင် ခံထားရသည့်နေရာကို ၎င်းအမျိုးသမီးက မမှတ်မိတော့သဖြင့် လူကုန်ကူးခဲ့သောမြန်မာပွဲစား အမျိုးသမီးနှစ်ဦးအားဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဦးကျော်သောင်းကပြောသည်။

Author: ငြိမ်းချမ်း

7Day Daily

ငွေညှစ်ခံရသည့် အမျိုးသမီးငယ်နှင့် အစ်ကိုဖြစ်သူတို့ကို မီဒီယာများ မေးမြန်းနေစဉ် (ဓာတ်ပုံ - ရွှေလုပ်သား)

No comments:

Post a Comment