Wednesday, April 9, 2014

၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူ အိမ်ထောင်စု ကိုးသန်းခွဲကျော် ကောက်ယူ ပြီးစီးခဲ့ပြီဖြစ်

မတ် ၃ဝ ရက်မှ စတင်၍ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်အထိ အိမ်ထောင်စု ၉၅၆၂၂၆၅ စုကို ကောက်ယူပြီးစီးခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကောက်ယူပြီးစီးမှုမှာ ကချင်ပြည်နယ်တွင် အိမ်ထောင်စု ၂၁၇၃၄၂ စု၊ ကယားပြည်နယ်တွင် ၄၇၁၆၃ စု၊ ကရင်ပြည်နယ်တွင် ၂၆၈၈၉ဝ စု၊ ချင်းပြည်နယ်တွင် ၇၁၂၁၁ စု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၉၉၆၅၉၉ စု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ၂၅၂၅၆၄ စု၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)တွင် ၅၈၆၄၂၆ စု၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် ၄၆ဝ၂၆၃ စု၊
မကွေးတိုင်း ဒေသကြီးတွင် ၈ဝ၉၁ဝ၄ စု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၁၇၁၆၄၇ စု၊ မွန်ပြည်နယ်တွင် ၃၇၉၉၆ဝ စု၊ ရခိုင်ပြည်နယ်တွင် ၄၂ဝ၅၇၇ စု၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၄၆၉၁၈၁ စု၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)တွင် ၁ဝ၃၅၂၄ စု၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၄၄၈၂၈၈ စု၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)တွင် ၃၃၉၆၈၃စု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၂၈၅၄၆၄ စု၊ နေပြည်တော်ကောင်စီတွင် ၂၃၄၃၇၉ စုတို့ ဖြစ်ကြသည်။
ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း မကောက် ယူနိုင်ခဲ့သော ကချင်ပြည်နယ်ရှိ ကျေးရွာ ၂၃၁ ရွာအနက် ဧပြီ ၂ ရက်မှ ၈ ရက်အထိ တပ်မတော်လုံခြုံရေး အစောင့်အရှောက်ဖြင့် ကျေးရွာ ၆၃ ရွာတွင် သန်းခေါင်စာရင်းကောက် ယူပြီးစီးခဲ့သည်။ ရွာပျက်ကျေးရွာ ၃ဝ အား စာရင်းမှ ပြန်လည်ပယ်ဖျက်ခဲ့သဖြင့် စာရင်း ကောက်ယူရန် ကျန် ၁၃၈ ရွာအား ဆက်လက် ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်တွင် ကေအိုင်အေ တပ်ဖွဲ့ဝင် များ၏ တားမြစ်မှုကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ သည့် ကျေးရွာ ၅၄ ရွာ၌ တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် ဧပြီ ၂ ရက်မှ ၈ ရက်အထိ ကျေးရွာ ၄၁ ရွာတွင် ကောက်ယူပြီးစီးခဲ့သဖြင့် ကျန် ၁၃ ရွာအား ဆက်လက် ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment