Thursday, April 24, 2014

စတုတ္ထမြောက် နျူစမ်းသပ်ဖောက်ခွဲမှု မြောက်ကိုရီးယား ပြုလုပ်နိုင်ဖွယ်ရှိ

အမေရိကန်သမ္မတ အိုဘားမား၏ တောင်ကိုရီးယားခရီးစဉ်မတိုင်မီ မြောက်ကိုရီးယား နျူ စမ်းသပ် နယ်မြေအတွင်းလှုပ်ရှားမှုများ ထောက်လှမ်းတွေ့ရှိထားရာ စတုတ္ထအကြိမ် နျူ ကလီးယားဖောက်
ခွဲစမ်းသပ်မှုပြုလုပ်ရန်အတွက် မြောက်ကိုရီးယားအစိုးရက ပြင်ဆင်နေ ခြင်းဖြစ်နိုင်ကြောင်း ဧပြီ ၂၂ ရက် သတင်းများ၌ ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ၏ ပန်ကျေးရီ နျူ ကလီးယား စမ်းသပ်ဇုန်အတွင်းနှင့် ဇုန်ပြင်ပလုပ်ရှားမှု များကို ထောက် လှမ်းတွေ့ရှိထားကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့သော်လည်း မည်သည့်လှုပ်ရှား မှုမျိုးဖြစ်ကြောင်းအသေးစိတ် သတင်းထုတ်ပြန်မှုမရှိခဲ့ပေ။

မြောက်ကိုရီးယားနိုင်ငံ၏ နျူ ကလီးယားအစီအစဉ်များအရ လက်ရှိအနေ အထားသည် ခေါင်းဆောင် ကင်ဂျုံအန်းကသာ အမိန့်ပေးခဲ့ပါက နျူ ကလီးယား စမ်းသပ်ဖောက်ခွဲမှုတစ်ရပ် အချိန်မရွေး ထလုပ်နိုင်သည့်အနေအထား မျိုးဖြစ်ကြောင်းတောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်
ရှိသူက ပြောကြားသည်။

သို့ရာတွင် လက်ရှိအချိန်တွင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူ ကလီးယား စမ်းသပ်ဖောက်ခွဲမှုတစ်ရပ် အမှန်တစ်ကယ်ပြုလုပ်နိုင်ခြေရှိမရှိ သုံးသပ်နေ ဆဲဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။မြောက်ကိုရီးယားနိုင်ငံသည် ပန်ကျေးရီ နျူ ကလီးယား စမ်းသပ် နယ်မြေ၌ ၂၀၀၆ ခုနှစ်၊၂၀၀၉ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် နျူ ကလီးယား ဖောက်ခွဲစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment